မှန်​​တွေမှာ စတစ်​ကာကပ်​ထားတဲ့ တက္ကစီတွေကို စတင်အရေးယူနေပြီ

မှန်​​တွေမှာ စတစ်​ကာကပ်​ထားတဲ့ တက္ကစီတွေကို စတင်အရေးယူနေပြီ
February 2, 2018 Fame Asian

3:28 pm
မှန်​​တွေမှာ စတစ်​ကာကပ်​ထားတဲ့ တက္ကစီတွေကို စတင်အရေးယူနေပြီ

27540078_1681608618549763_82876109453910638_n

ရန်ကုန်၊ဖေဖော်ဝါရီ ၂

ကားမှန်တွေမှာ စတစ်ကာကပ်ထားတဲ့ အဌားယာဉ်တက္ကစီတွေကို ဖေဖော်ဝါရီ၁ရက်နေ့ကစပြီး လိုက်လံစစ်ဆေးကာ ထိရောက်စွာအရေးယူဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးဆန်းလင်းကပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေတဲ့ တက္ကစီကားမှန်တွေမှာ စတေကာကပ်ခြင်း၊လေစုပ်ခွက်ကပ်ခြင်း၊ကြော်ငြာများတပ်ဆင်ခြင်းနဲ့လိုက်ကာများကာရံထားခြင်းတို့ကို ဖေဖော်ဝါရီ ၁ရက်နေ့နောက်ဆုံးထားဖယ်ရှားခြင်းပြုရန်နဲ့ မလိုက်နာပါက လုပ်ငန်းလိုင်စင်ဖျက်သိမ်းတဲ့အထိ ထိရောက်စွာလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီကကြေညာချက်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

“၁ရက်နေ့ကတည်းက စဖမ်းနေတာပါ။ သတိပေးကြေညာချက်ထုတ်ပြီးမှ လုပ်တာပါ “လို့ ဒုတိယရဲမှူး ဆန်းလင်းကပြောပါတယ်။

လက်ရှိတွင် ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာရှိတဲ့တက္ကစီတွေကို ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေက စစ်ဆေးဖမ်းဆီးမှုတွေလုပ်ဆောင်နေပြီး ယာဉ်မောင်းလိုင်စင်ပိတ်သိမ်းအရေးယူခြင်းခံရတဲ့ အဌားယာဉ်တက္ကစီတွေ ယခုထိမရှိသေးဘူးလို့လည်း ဒုတိယရဲမှူး ဆန်းလင်းကပြောပါတယ်။

“လိုင်စင်ပိတ်သိမ်းတာက ကညနရုံးကဆောင်ရွက်တာပါ။ ကျွန်တော်တို့က အထက်ကညွှန်ကြားချက်အတိုင်း စတစ်ကာကပ်တဲ့ တက္ကစီတွေကို ဖမ်းဆီးနေတာပါ။ “လို့ ၎င်းကပြောပါတယ်။

အဌားယာဉ်တက္ကစီကားမှန်တွေမှာ စတစ်ကာကပ်အကာအကွယ်ယူပြီး ဒုစရိုက်မှုကျူးလွန်တာတွေ ပြုလုပ်နေတာကြောင့် မှုခင်းကျဆင်းရေးနဲ့ပြည်သူလူထုလုံခြုံရေးအတွက် ဖမ်းဆီးမှုတွေ လုပ်ဆောင်တာဖြစ်ပါတယ်၊

အဆိုပါ ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး အဌားယာဉ် တက္ကစီမောင်းနှင်သူတစ်ဦးက”လုပ်တာတော့ကောင်းပါတယ်။ကျွန်တော်တို့ စတစ်ကာကပ်တယ်ဆိုတာကလဲ အဲယားကွန်းအအေးးစိမ့်မထွက်အောင်နဲ့နေပူဒဏ်ကာကွယ်အောင်ကပ်ထားတာပါ။အခုလို ဗြုန်းစားကြီးထလုပ်တော့ အကုန်ပြန်ခွာရတာပေါ့။ပိုက်ဆံလဲ ပိုကုန်ပြီး လူလဲ နေပူခံရပြီပေါ့ “လို့ ပြောပါတယ်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*