ရန်ကုန်စည်ပင်ဥပဒေကြမ်းသစ်ကို တိုင်းအစိုးရမှ လွှတ်တော်ကိုယနေ့ ပေးပို့ 

ရန်ကုန်စည်ပင်ဥပဒေကြမ်းသစ်ကို တိုင်းအစိုးရမှ လွှတ်တော်ကိုယနေ့ ပေးပို့ 
January 30, 2018 Fame Asian

2:27 pm
ရန်ကုန်စည်ပင်ဥပဒေကြမ်းသစ်ကို တိုင်းအစိုးရမှ လွှတ်တော်ကိုယနေ့ ပေးပို့ 

27544920_1678682922175666_3333841827769196248_n

ရန်ကုန် ၊ ဇန်န၀ါရီ ၃၀

အသစ်ပြန်လည်ရေးဆွဲထားတဲ့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးဥပဒေမူကြမ်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက လွှတ်တော်ကို ဒီကနေ့ ပေးပို့ ခဲ့တယ်လို့ မင်္ဂလာတောင်ညွှန့်  မြို့ နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

အသစ်ပြန်လည်ရေးဆွဲတဲ့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးဥပဒေမူကြမ်းကို နိုင်ငံတကာပညာရှင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှ အရာရှိများနဲ့ ပူးပေါင်းပြီး စင်ကာပူနိုင်ငံနဲ့ အခြားတိုးတက်တဲ့နိုင်ငံနှစ်ခုလောက်က စည်ပင်သာယာရေးဥပဒေတွေကို လေ့လာပြီိးရေးဆွဲထားတာဖြစ်တယ်လို့ ဥပဒေမူကြမ်းရေးဆွဲရေးကော်မတီမှ အဖွဲ့  ၀င်ဦီးလှဌေးကပြောပါတယ်။ ဒါ့အပြင် ၁၉၂၂ ခုနှစ် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးဥပဒေကိုလည်း ပြန်လည်အခြေခံကာရေးဆွဲထားသေးတယ်လို့ သိရပါတယ်။

လက်ရှိရှိနှင့်ပြီးဥပဒေ ၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးဥပဒေဟာ ခေတ်စနစ်နဲ့ မကိုက်ညီတော့တဲ့အချက်တွေပါဝင်နေကြောင့် လွှတ်တော်ကိုယ်စားလှယ်များနဲ့ ပညာရှင်များပါဝင်တဲ့ မူကြမ်းရေးဆွဲရေးကော်မတီဖွဲ့ ပြီိး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နှစ်စပိုင်းကတည်းက ဥပဒေသစ်ကိုမူကြမ်းရေးဆွဲနေတာပါ။ မူကြမ်းရေးဆွဲရေးကော်မတီဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းလောက်က ရေးဆွဲထားပြီး ဥပဒေမူကြမ်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကို ပြင်ဆင်ဖြည့်စွက်ချက်များပြုလုပ်နိုင်ဖို့ ပေးပို့ခဲ့တာဖြစ်ပြီိး ယခုအခါ လွှတ်တော်ကိုမတင်ခင် လွှတ်တော်ရှိ ကိုယ်စားလှယ်များဆွေးနွေးအကြံပြုနိုင်အောင်အတွက် ကြိုတင်ပေးပို့ တာဖြစ်တယ်လို့ သူကဆိုပါတယ်။

”ကျွန်တော်တို့ ခန့် မှန်းတာတော့ တိုင်းအစိုးရက ဖေဖော်ဝါရီိလကုန်လောက် လွှတ်တော်ကိုတင်သွင်းသွားမယ်လို့ ယူဆပါတယ်။ အခုကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးအကြံပြုနိုင်အောင်လို့ ဒီနေ့ ပဲ လွှတ်တော်ကို ဥပဒေမူကြမ်းပြန်ပို့ လာပါတယ်။ ကျွန်တော်တို့ ရေးဆွဲပေးလိုက်တဲ့ မူကြမ်းနဲ့  အနည်းငယ်ကွဲလွဲနိုင်တယ်” လို့ ဦးလှဌေးကပြောပါတယ်။

နဂိုရှိထားပြီးဖြစ်တဲ့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ဥပဒေကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလအတွင်းက ရုတ်သိမ်းလိုက်ပြီး ယခုဥပဒေသစ်ပြဌာန်းပြီိးပါက သုံးလအကြာမှာ စည်ပင်ရွေးကောက်ပွဲပြုလုပ်သွားမှာဖြစ်တယ်လို့ မူကြမ်းရေးဆွဲရေးကော်မတီကပြောပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်က တာဝန်ယူခဲ့တဲ့ စည်ပင်သာယာရေးကော်မတီဝင်များကို အစိုးရသစ်စတင်တာဝန်ယူခဲ့တဲ့နှစ် မေလ ၁၆ ရက်နေ့ က တာဝန်မှရပ်ဆိုင်းခဲ့ပေမယ့် နောက်ထပ်စည်ပင်ရွေးကောက်ပွဲကတော့ အစိုးရသစ်တက်ပြီိး ၂ နှစ်ကျော်ကြာတဲ့အထိ ပြုလုပ်နိုင်ခြင်းမရှိသေးဘဲ ဥပဒေသစ်ထွက်ပြီးမှသာ စည်ပင်ရွေးကောက်ပွဲလုပ်ပေးမယ်လို့ တိုင်းအစိုးရက မီဒီယာများကို ဖြေကြားထားမှုတွေရှိပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*