တစ်နိုင်ငံလုံးမှာကျင်းပနေတဲ့ NLD ပါတီ မြို့ နယ်အဆင့်လူငယ်ညီလာခံများပြီးစီး

တစ်နိုင်ငံလုံးမှာကျင်းပနေတဲ့ NLD ပါတီ မြို့ နယ်အဆင့်လူငယ်ညီလာခံများပြီးစီး
January 26, 2018 Fame Asian

12:44 pm
တစ်နိုင်ငံလုံးမှာကျင်းပနေတဲ့ NLD ပါတီ မြို့ နယ်အဆင့်လူငယ်ညီလာခံများပြီးစီး

1

ရန်ကုန် ၊ ဇန်န၀ါရီ ၊ ၂၆

NLDပါတီရဲ့ တစ်နိုင်ငံလုံးအတိုင်အတာနဲ့ ကျင်းပပြုလုပ်လျက်ရှိနေတဲ့ ဒုတိယအကြိမ်မြောက်လူငယ်ညီလာခံတွေဟာ လာမယ့် ဇန်န၀ါရီလ ၂၈ ရက်နေ့ မှာ ပြီးစီးပြီဖြစ်တာကြောင့် ခရိုင်အဆင့်လူငယ်ညီလာခံများကို ပြည်ထောင်စုနေ့ အပြီိးမှာ ဆက်လက်လုပ်ဆောာင်သွားမှာဖြစ်တယ်လို့ NLD ပါတီမှ ဒုတိယအကြိမ်လူငယ်ညီလာခံကျင်းပရေးဗဟိုကော်မရှင်ဥက္ကဌဦိးမောင်မောင်ဦိးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။ တစ်နိုင်ငံလုံးမှ မြို့ နယ် (၃၁၈) မြို့ နယ်မှာ ပြုလုပ်လျက်ရှိနေတဲ့ လူငယ်ညီလာခံတွေဟာ ယခုလာမယ့် ဇန်န၀ါရီလ ၂၇ ရက်နေ့ (စနေနေ့ ) နဲ့ ၂၈ ရက်နေ့ (တနင်္ဂနွေနေ့ )တို့ မှာ ကျင်းပပြုလုပ်နေမှုတွေအပြီိးသတ်ပြီိဖြစ်ပြီိး ယခင်စာရင်းပိတ်ထားတဲ့ ပါဝင်အသစ်လူဦးရေထက် ထပ်မံဝင်ရောက်လာမှုတွေလည်းရှိခဲ့တယ်လို့ သူကဆိုပါတယ်။

” အသစ်ဝင်လာတဲ့လူငယ်ဦးရေကို ကျွန်တော်တို့ က ၇ သောင်းကျော်လို့ပဲသတ်မှတ်ထားပါတယ်။ အသစ်ထပ်ဝင်လာတာတွေရှိသေးတယ်။ အခု မြို့ နယ်အဆင့်တွေပြီိးပြီဆိုတော့ ခရိုင်အဆင့်တွေဆက်လုပ်မယ်။ ဒါပေမယ့် ပြည်ထောင်စုနေ့ ကို ကျွန်တော်တို့ ကော်မရှင်က ဦိးဆောင်ပြီးကျင်းပသွားဖို့ ရှိနေလို့ ကျွန်တော်တို့ ကြားထဲမှာနားထားမယ်။ ပြည်ထောင်စုနေ့  အပြီးမှာ ခရိုင်အဆင့်တွေဆက်လုပ်သွားမယ်” လို့ ဦးမောင်မောင်ဦးကပြောပါတယ်။

ဒုတိယအကြိမ်ပြုလုပ်တဲ့ ယခုလူငယ်ညီလာခံမှာ နိုင်ငံရေးအရည်အချင်းရှိတဲ့ ပညာတက်လူငယ်အများအပြား ပါတီိသို့ ဝင်ရောက်လာကြပြီး အမျိုးသမီးငယ်အများအပြားလည်းပါတီိဝင်အဖြစ် ၀င်ရောက်လာကြတယ်လို့ သူကဆက်ပြောပါတယ်။ ” သူတို့ က တစ်ဦးချင်းအရည်အချင်းတွေတော့ ကောင်းတယ်။ ဒါပေမယ့် အဖွဲ့  ချုပ်ကို ၀င်ရောက်လာပြီ၊ တာဝန်ထမ်းရတော့မယ်ဆိုရင် သူတို့ကို တာာဝန်ခံမှု ၊ တာဝန်ယူမှုအပိုင်းနဲ့ ပတ်သတ်ပြီိးဆက်လုပ်ပေးဖို့တော့ကျန်ပါသေးတယ်” လို့ လူငယ်ညီလာခံကျင်းပရေးဗဟိုကော်မရှင်ဥက္ကဌဦိးမောင်မောင်ဦိးကဆိုပါတယ်။

NLD ပါတီရဲ့ ပထမအကြိမ်လူငယ်ညီလာခံကို ပြီးခဲ့တဲ့၂၀၁၄ ခုနှစ်က ကျင်းပခဲ့ပါတယ်။ အဲဒီတုန်းက လူငယ်ပါတီဝင် အင်အား တစ်သိန်းကျော်အသစ်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*