လူငယ်ညီလာခံကျင်းပမည့်နေ့ရက်ကိစ္စ တိုင်းအဆင့်နဲ့ညှိမရလို့ ညီလာခံကျင်းပရေးကော်မရှင်ဇလွန်မြို့နယ်ဥက္ကဌအပါအ၀င်အဖွဲ့ဝင်စုစုပေါင်း ၁၂ ဦး နှုတ်ထွက်

လူငယ်ညီလာခံကျင်းပမည့်နေ့ရက်ကိစ္စ တိုင်းအဆင့်နဲ့ညှိမရလို့ ညီလာခံကျင်းပရေးကော်မရှင်ဇလွန်မြို့နယ်ဥက္ကဌအပါအ၀င်အဖွဲ့ဝင်စုစုပေါင်း ၁၂ ဦး နှုတ်ထွက်
January 23, 2018 Fame Asian

3:51 pm
လူငယ်ညီလာခံကျင်းပမည့်နေ့ရက်ကိစ္စ တိုင်းအဆင့်နဲ့ညှိမရလို့ ညီလာခံကျင်းပရေးကော်မရှင်ဇလွန်မြို့နယ်ဥက္ကဌအပါအ၀င်အဖွဲ့ဝင်စုစုပေါင်း ၁၂ ဦး နှုတ်ထွက်

19642601_1671792602864698_3931629740787717722_n

ဇလွန်၊ ဇန်န၀ါရီ ၂၃

ဒုတိယအကြိမ်လူငယ်ညီလာခံ ကျင်းပမယ့် နေ့ရက်ကိစ္စကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ်လူငယ်ညီလာခံကျင်းပရေးကော်မရှင် ဇလွန်မြို့နယ်ဥက္ကဌ အပါအ၀င် ကော်မရှင်အဖွဲ့ဝင်စုစုပေါင်း ၁၂ ဦးဟာ ကော်မရှင်ကနေ နှုတ်ထွက်လိုက်ကြပါတယ်။

သူတို့ ၁၂ ဦးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ်ညီလာခံကျင်းပရေးကော်မရှင် ဇလွန်မြို့နယ်ဥက္ကဌ ကိုငြိမ်းချမ်းကျော် ၊ ဖွံ့ဖြိုးရေးကော်မတီတာဝန်ခံ ကိုစန်းကို ၊ သတင်းပြန်ကြားရေး ဦးအောင်ကိုလတ် ၊ စည်းရုံးရေးကော်မတီ ဦးအုန်းသိန်း၊ သတင်းပြန်ကြားရေးဆပ်ကော်မတီ ဦးထိုက်ထိုက် ၊ဖွံ့ဖြိုးရေးဆပ်ကော်မတီ ဦးနေပိုင်ထွန်း ၊ အတွင်းရေးမှူး ဦးကျော်စိုးမင်း ၊ အုပ်ချုပ်ရေးကော်မတီ ဦးစိန်လှိုင်ဝင်း နဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးခင်စိုးထွန်း ၊ ဦးစိုးတင့် ၊ မယုယုမော် ၊ ဦးပြည့်ဖြိုးမင်း တို့ ဖြစ်ကြပါတယ်။

ဒီ ၁၂ ဦးထဲမှာ ကိုငြိမ်းချမ်းကျော်နဲ့ ကိုစန်းကို တို့ ၂ ဦးကတော့ NLD ပါတီဝင်အဖြစ်ကပါ နှုတ်ထွက်တယ်လို့ သူတို့ ၂ ဦးရဲ့ နှုတ်ထွက်စာမှာဖော်ပြထားပြီး ကျန် ၁၀ ဦးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုတိယအကြိမ်လူငယ်ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင်များအနေဖြင့် ၂၁ .၁. ၂၀၁၈ ရက်နေ့တွင် မြို့နယ်ညီလာခံ ကျင်းပခွင့်မရရှိသည့်အတွက် မြို့နယ်ကော်မရှင်မှ နှုတ်ထွက်စာအားလက်မှတ်ရေးထိုးနှုတ်ထွက်ကြောင်းတင်ပြအပ်ပါသည်” ဆိုပြီး နှုတ်ထွက်စာမှာ ထည့်သွင်းရေးသားပြီးပါဝင်လက်မှတ်ရေးထိုးထားပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး နှုတ်ထွက်သွားတဲ့ညီလာခံ ကျင်းပရေးကော်မရှင် ဇလွန်မြို့နယ် ဥက္ကဌ ကိုငြိမ်းချမ်းကျော်က ” ခွင့်မပြုတာက ကျွန်တော်တို့ကိုပြောတာတော့ ဒီဗဟိုကော်မရှင်က ခွင့်မပြုတာ ဆိုပြီးတိုင်းကော်မရှင်ကတော့ပြောတယ်။ တိုင်းကော်မရှင်က ၂၈ ရက်နေ့ကိုပဲ ခွင့်ပြုတယ်ဆိုပြီး ကျွန်တော်တို့ကို ပြန်ပြောတာပေါ့နော်။ အဓိကကတော့ ကျွန်တော်တို့က ဒီအစည်းအဝေးဆုံးဖြတ်ချက်တွေနဲ့ တင်ပေးတယ် ကျွန်တော်တို့လုပ်ရမယ့် လုပ်ငန်းစဉ်တွေအတိုင်းပဲတောက်လျှောက်လုပ်တယ်။ ဒါပေမဲ့သူတို့ဆီက ပြန်လာတာတွေက နှုတ်မိန့်တွေနဲ့ပေါ့နော်။ ဒါကိုကျွန်တော်တို့က တရားဝင်တင်ပေးပါ ။ တရားဝင်စားနဲ့အကြောင်းပြန်ပေးပါပြောတယ်။ ဒါပေမဲ့ တောက်လျှောက်နှုတ်မိန့်တွေနဲ့ချည်းပဲဖြစ်နေတယ်” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဇလွန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူငယ်တွေ့ဆုံပွဲကို ဇန်န၀ါရီ ၁၅ ရက်နေ့ မှာကျင်းပပြီး မြို့နယ်လူငယ်ညီလာခံကို ဇန်န၀ါရီ ၂၁ ရက်နေ့ မှာကျင်းပပြုလုပ်မယ်လို့ ဒုတိယအကြိမ်လူငယ်ညီလာခံကျင်းပရေးကော်မရှင် ဇလွန်မြို့နယ်ဥက္ကဌ ကိုငြိမ်းချမ်းကျော် လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ စာကို ဇန်န၀ါရီ ၁၂ ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားဖူးပါတယ်။

ဇန်န၀ါရီ ၂၁ ရက်နေ့မှာ ကျင်းပဖို့ အားလုံးစီစဉ်ထားပြီးချိန်မှ အခုလို ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်းလည်း ဇလွန်မြို့နယ် NLD ကနေသိရပါတယ်။

ဇလွန်မြို့နယ် မဲဆန္ဒနယ် ၁ တိုင်းဒေသကြီး NLD လွှတ်တော်ကိုယ်စားလှယ် ဦးလင်းနိုင်ထွန်းက “လူငယ်ညီလာခံကျင်းပရေးကော်မရှင်က သူ့မူဝါဒနဲ့ သူသွားတာပါ ။ မြို့နယ်အမှုဆောင်တွေက လိုအပ်တာကူညီဖို့ပဲရှိတာ။ ဘာကြောင့်နှုတ်ထွက်သွားလဲဆိုတာကိုတော့ ကျွန်တော် အသေးစိတ်မသိဘူး။ ကိုငြိမ်းချမ်းကျော်က တော့ ဇန်န၀ါရီ၂၁ ရက်နေ့က သူတို့လုပ်ချင်တာတစ်ခုကို လုပ်ခွင့်မရလို့ ဆိုပြီး သူ့ဖေ့ဘွတ်မှာ ရေးထားတာကိုတော့တွေ့တယ်”လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဇလွန်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးကျော်ငြိမ်းကတော့ အခုဖြစ်တဲ့ကိစ္စတွေဟာ မြို့နယ်အလုပ်မှုဆောင်တွေနဲ့မဆိုင်ကြောင်း ၊ ပထမ ဟင်္သာမြို့မှာ သွားရောက်ကျင်းပမယ့် ကော်မရှင်ရဲ့တာဝန်တစ်ခုကို ရပ်နားလိုက်တဲ့ကိစ္စ ၊ နောက်တစ်ခုကတော့ ၂၁ ရက်နေ့မှာကျင်းပဖို့ စီစဉ်ထားတဲ့ လူငယ်ညီလာခံကို တိုင်းအဆင့် ညီလာခံကျင်းပရေးကော်မရှင်က ခွင့်မပြုဘဲ ၂၈ ရက်နေ့ ပြောင်းလဲလိုက်တဲ့ကိစ္စကြောင့်ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

YL
Photo- ဇလွန် NLD

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*