ဖက်ဒရယ်စနစ်ကိုအခြေခံသော မူများအတွက် တင်ပြချက်များစာတမ်းမိတ်ဆက်

ဖက်ဒရယ်စနစ်ကိုအခြေခံသော မူများအတွက် တင်ပြချက်များစာတမ်းမိတ်ဆက်
January 18, 2018 Fame Asian

5:52 pm
ဖက်ဒရယ်စနစ်ကိုအခြေခံသော မူများအတွက် တင်ပြချက်များစာတမ်းမိတ်ဆက်

3

ရန်ကုန် ၊ ဇန်န၀ါရီ ၊ ၁၈

” ဒီိမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ဆောက်ရေးအတွက် အခြေခံမူများအပေါ် တင်ပြချက်များ” အမည်ရှိ သုတေသနစာတမ်းကို ရန်ကုန်မြို့ ရှိ အော့ခစ်ဟိုတယ်မှာ ဒီကနေ့ မိတ်ဆက်ခဲ့ပါတယ်။ ဒီိသုတေသနစာတမ်းကို ဒေါက်တာဆလိုင်းငွန်ကျုံးလျန် က ဦးဆောင်ပြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု( MIPS) မှသုတေသနအဖွဲ့ က ပြုစုတင်ပြထားတာဖြစ်ပါတယ်။

2
(၂၁) ရာစုပင်လုံအစည်းအဝေးများ ကျင်းပပြုလုပ်ရာမှာ ပြည်ထောင်စုသဘောတူစာချုပ်အတွက် သဘောတူညီချက်များ ရရှိနိုင်စေရန် စုစည်းချက်များကိုသုံးသပ်ခြင်း၊ နိုင်ငံတကာ အတွေ့ အကြုံများကို နှိုင်းယှဉ်ခြင်း၊ မြန်မာပြည်ခေတ်အဆက်ဆက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေများပါ အချက်များနဲ့ ချိန်ထိုးသုံးသပ်ခြင်းမျာ ပြုလုပ်ပြီး စဉ်းစားရွေးချယ်စရာများကို စုစည်းတင်ပြထားခြင်းဖြစ်တယ်လို့ MIPS မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦး ကပြောပါတယ်။

3
”ကျွန်တော်တို့ က ဘာဖြစ်သင့်တယ်ဆိုတဲ့ အကြံပြုချက်မျိုးမလုပ်ပါဘူး။ အားလုံးစဉ်းစားနိုင်အောင်ဆိုပြီိး အတွေးအမြင်တွေထုတ်ပေးပါတယ်။ ဒီအတွေးအမြင်တွေကိုထုတ်ပြီိးစဉ်းစားမယ်ဆိုရင် နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်မှုဖြစ်တဲ့ဟာတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်” လို့ သူကပြောပါတယ်။

6
ယခုစာတမ်းကို ဥရောပသမဂရဲ့ ရန်ပုံငွေအကူအညီိနဲ့ ရေးသားထုတ်ဝေခြင်းဖြစ်ပြီး နယ်သာလန်နိုင်ငံရဲ့အကူအညီနဲ့ စာအုပ်မိတ်ဆက်ပွဲပြုလုပ်တာဖြစ်ပါတယ်။

AF-245

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*