၆ လ အတွင်း ကျပ်ငွေ ၈၀၇ ဘီလီယံကျော် သုံးစွဲသွားမယ့် ပညာရေးဝန်ကြီးဌာန

၆ လ အတွင်း ကျပ်ငွေ ၈၀၇ ဘီလီယံကျော် သုံးစွဲသွားမယ့် ပညာရေးဝန်ကြီးဌာန
January 18, 2018 Fame Asian

5:55 pm
၆ လ အတွင်း ကျပ်ငွေ ၈၀၇ ဘီလီယံကျော် သုံးစွဲသွားမယ့် ပညာရေးဝန်ကြီးဌာန

26992472_1688561284539480_5882153598046668388_n

ရန်ကုန် ၊ ဇန်န၀ါရီ ၊ ၁၈

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ အတွင်း ကျပ်ငွေ ၈၀၇ ဘီလီယံကျော် သုံးစွဲသွားမယ်လို့ ပညာရေးဝန်ကြီိးဌာန၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောပါတယ်။

မနေ့ က(ဇန်နဝါရီ ၁၇ ရက်) နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအ ဝေးမှာ၂၀၁၈ ဧပြီမှ စက်တင်ဘာ အထိ ခြောက်လအတွက် အမျိုး သားစီမံကိန်းဥပဒေကြမ်းပါ စီမံ ကိန်းလုပ်ငန်းများနဲ့  ပြည်ထောင် စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေ၊ သုံးငွေများ နှင့်ပတ်သက်ပြီးရှင်းလင်းရာမှာ ပညာရေးဝန်ကြီးက အထက်ပါအတိုင်းတင်ပြသွားခဲ့တာဖြစ်ပါတယ်။

ယခုငွေကြေးများကို ကျေးလက်နဲ့ ဝေးလံဒေသများမှာ အခြေခံပညာကျောင်းများ တိုးချဲ့ ဖွင့်လှစ်ဖို့ ၊ တက္ကသိုလ်ပညာများဆက်လက်သင်ယူနိုင်ရေး၊ လိုအပ်တဲ့ဆရာ ဆရာမများခန့် ထားရေးနဲ့ ရာထူးတိုးမြှင့်ပေးရေး၊ လိုအပ်တဲ့ကျောင်းဆောင်များတည်ဆောက်ရေး၊ သင်ထောက်ကူပစ္စည်းများဝယ်ယူရေးနဲ့ အခြားလိုအပ်တာတွေဖြည့်ဆည်းသွားဖို့ သုံးစွဲသွားမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောပါတယ်။

ယခုတင်ပြထားတဲ့ငွေကြေးထဲမှာ ပညာရေးဝန်ကြီးဌာနရဲ့ ပညာရေးနဲ့ လူမှုရေးအသုံးစရိတ်အတွက် ကျပ် ၃၂၁၂၀ ဒသမ၂၂၆ သန်း၊ ဧည့်ခံကျွေးမွေးစရိတ်အတွက် ကျပ် ၁၀၇ ဒသမ ၄၈၃ သန်း၊ ပြင်ဆင်ထိန်းသိမ်းစရိတ် ကျပ် ၁၃၆၃၉ ဒသမ ၆၂၅ သန်း၊ ခရီးစားရိတ်အတွက် ကျပ်၄၁၃၃ ဒသမ ၉၈၄ သန်းတို့ သုံးစွဲသွားမယ်လို့ သိရပါတယ်။ ငွေလုံးငွေရင်းအသုံးစရိတ်အနေနဲ့ တည်ဆောက်ဆဲလုပ်ငန်း ၁၃၉ ခုအတွက် ကျပ် ၁၃၁၀၂ ဒသမ ၄၄၆ သန်း၊ ဖြည့်စွက်လုပ်ငန်း ၇၄၂၅ ခုအတွက် ကျပ် ၁၀၇၆၀၅ ဒသမ ၉၆၇ သန်း၊ အသစ်တည်ဆောက်ဖို့ ရှိတဲ့လုပ်ငန်းသစ် ၅၁ ခုအတွက် ကျပ် ၃၁၁၆ ဒသမ ၄၁၂ သန်းတို့သုံးစွဲမှာပါ။ လစာစရိတ်ချီးမြှင့်ငွေအတွက်ကတော့ ကျပ် ၅၃၆၅၅၂ ဒသမ ၈၆၄ သန်းသုံးစွဲသွားမယ်လို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*