ထိုင်းနိုင်ငံအနိမ့်ဆုံးလုပ်ခ ခရိုင်အလိုက် ၅ ဘတ်မှ ၂၂ ဘတ်အထိ တိုးမည်

ထိုင်းနိုင်ငံအနိမ့်ဆုံးလုပ်ခ ခရိုင်အလိုက် ၅ ဘတ်မှ ၂၂ ဘတ်အထိ တိုးမည်
January 18, 2018 Fame Asian

11:19 am
ထိုင်းနိုင်ငံအနိမ့်ဆုံးလုပ်ခ ခရိုင်အလိုက် ၅ ဘတ်မှ ၂၂ ဘတ်အထိ တိုးမည်

26733704_1666528920057733_8519141626239359345_n

မဟာချိုင်၊ ဇန်န၀ါရီ ၁၈

ထိုင်းနိုင်ငံ ရဲ့ အနိမ့်ဆုံးလုပ်ခ ကို ခရိုင်အလိုက် ၅ ဘတ်ကနေ ၂၂ ဘတ်အထိ တိုးသွားမယ်လို့ ဆုံးဖြတ်လိုက်ကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့ ၁၇ ရက်နေ့ က ပြုလုပ်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ အနိမ့်ဆုံးလုပ်အားခကော်မတီအစည်းအဝေး မှာ အခုလိုဆုံးဖြတ်လိုက်တာဖြစ်ပြီး ဧပြီလ ၁ ရက်နေ့မှာ စတင် တိုးမြှင့်မှာဖြစ်တယ်လို့ ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN ကနေသိရပါတယ်။

ဧပြီ ၁ ရက်နေ့ မှ စတင်တိုးမြှင့်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး ထိုင်းအစိုးရဘက်က အကြောင်းပြချက်တစ်စုံတစ်ရာပေးထားခြင်းရှိမရှိ ပေါ်ပြူလာနယူးစ်က မေးမြန်းရာမှာ MWRN ဥက္ကဌ ဦးစိန်ဌေး က “အဲ့ဒါကို အကြောင်းပြချက်မပေးဘူး” လို့ ပြန်လည်ဖြေကြားပါတယ်။

အခုလို အနိမ့်ဆုံးလုပ်အားခကို ၅ဘတ် ကနေ ၂၂ဘတ်အထိ ခရိုင်အလိုက်တိုးမြှင့်မယ့်ကိစ္စကို အတည်ပြုနိုင်ဖို့ ထိုင်းအလုပ်သမားဝန်ကြီးကနေ တဆင့် အပတ်စဉ် အင်္ဂါနေ့တိုင်းပြုလုပ်တဲ့ ထိုင်းအစိုးရကက်ဘိနက်အစည်းအဝေးထံ ဆက်လက်တင်သွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုသတ်မှတ်ချက်အရ ဖူးကတ်၊ ချွန်ဘူရီ၊ လယောင်း ခရိုင်တို့မှာ တစ်နေ့၃၃၀ ဘတ် အမြင့်ဆုံးရရှိကြမှာဖြစ်ပြီး ဘန်ကောက်၊ နွန်ထဘူရီ၊ နခေါ်ပထုမ် ၊ ပထုမ်ထာနီ၊ စမွတ်ပရာကန်၊ စမွတ်စာခွန်နဲ့ ချချင်းဆောင် ခရိုင်တို့မှာ ၃၂၅ ဘတ်ထိရရှိကြမှာဖြစ်ကြောင်း၊ အခြားခရိုင်တွေမှာ ၃၂၀၊ ၃၁၈၊ ၃၁၅၊ ၃၁၀၊ ၃၀၈ ဘတ် စသဖြင့် ရရှိကြမှာဖြစ်တယ်လို့ MWRN က ဆိုထားပါတယ်။

အနိမ့်ဆုံးလုပ်အားခတိုးသလို အချိန်ပိုကြေးပါတက်သွားမှာဖြစ်တဲ့အတွက် (ခရိုင်အလိုက်လုပ်အားခ ÷ 8 × 1.5 = အိုတီကြေး)စတဲ့ ပုံစံနဲ့တွက်ချက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*