စိုက်ပျိုးရေးဘွဲ့ရ ဦးလှမိုးအောင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖြစ်ပြီ

စိုက်ပျိုးရေးဘွဲ့ရ ဦးလှမိုးအောင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖြစ်ပြီ
January 18, 2018 Fame Asian

11:11 am
စိုက်ပျိုးရေးဘွဲ့ရ ဦးလှမိုးအောင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖြစ်ပြီ

26733362_1688315697897372_1723680341605518012_n-(1)

ရန်ကုန် ၊ ဇန်န၀ါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နေရာအတွက် နိုင်ငံတော်သမ္မတက အဆိုပြုထားတဲ့ ဦိးလှမိုးအောင်ကို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က ကန့် ကွက်သူမရှိ ထောက်ခံခဲ့တဲ့အတွက် ဦးလှမိုးအောင်ဟာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။

မြန်အောင်မြို့ နယ် မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှမိုးအောင်ကို ၀န်ကြီးချုပ်အဖြစ်ခန့် အပ်ဖို့ သဘောတူသလား လို့ လွှတ်တော်ကိုယ်စားလှယ်များကို သုံးကြိမ်မေးခဲ့ရာမှာ သုံးကြိမ်လုံးသဘောတူခဲ့ကြတာဖြစ်ပါတယ်။

ဦးလှမိုးအောင်ဟာ လက်ရှိမှာ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးကော်မတီမှာ အတွင်းရေးမှူး၊ လူမှုရေး ၊ ပညာရေးကျန်းမာရေးနဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးကော်မတီအဖွဲ့ ဝင်အဖြစ်တာဝန်ယူထားသူဖြစ်ပါတယ်။

၎င်းဟာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကနေစိုက်ပျိုးရေးနဲ့ ဘွဲ့ ရထားသူဖြစ်ပြီးတော့အသက် ၅၃ နှစ်ရှိပြီဖြစ်ပါတယ်။

မြန်အောင်မြို့ နယ်မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာကို မဲအရေအတွက် ၃၇၁၂၄ နဲ့ အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။

သူဟာ မြို့ နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အလုပ်အမှုဆောင်အဖွဲ့ မှာ ဒုတိယဥက္ကဌတာဝန်ယူထားပြီး အရောင်းအ၀ယ်အလုပ်လုပ်ကိုင်သူဖြစ်ပါတယ်။

ပြစ်မှုပြစ်ဒဏ်ကျခံခဲ့ဖူးခြင်းမရှိပါဘူး။ ၁၉၉၀ ပြည့်နှစ် NLD ပါတီအောင်နိုင်ရေးလူငယ်အဖြစ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း အုပ်စုအောင်နိုင်ရေး ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ မြန်အောင်မြို့နယ် NLD ပါတီမှာ ဒုတိယဥက္ကဌအဖြစ် စတင်ဆောင်ရွက်ခဲ့တာပါ။

မြန်အောင်မြို့ နယ် ၊ သပြေကုန်းအုပ်စု၊ သပြေကုန်းကျေးရွာမှာ နေထိုင်နေပြီး သားသမီးမရှိပါဘူး။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*