မြန်မာပြည်သူလူထု ဘဏ်စနစ်နဲ့ နီးစပ်စေဖို့ YBS ယာဉ်လိုင်းအားလုံးကို ယခုနှစ်အတွင်း ကဒ်စနစ်ပြောင်းလဲရန် ရန်ကုန်တိုင်းအစိုးရ စီစဉ်နေဟုဆို

မြန်မာပြည်သူလူထု ဘဏ်စနစ်နဲ့ နီးစပ်စေဖို့ YBS ယာဉ်လိုင်းအားလုံးကို ယခုနှစ်အတွင်း ကဒ်စနစ်ပြောင်းလဲရန် ရန်ကုန်တိုင်းအစိုးရ စီစဉ်နေဟုဆို
January 16, 2018 Fame Asian

3:03 pm
မြန်မာပြည်သူလူထု ဘဏ်စနစ်နဲ့ နီးစပ်စေဖို့ YBS ယာဉ်လိုင်းအားလုံးကို ယခုနှစ်အတွင်း ကဒ်စနစ်ပြောင်းလဲရန် ရန်ကုန်တိုင်းအစိုးရ စီစဉ်နေဟုဆို

1

ရန်ကုန် ၊ ဇန်န၀ါရီိ ၊ ၁၆

မြန်မာနိုင်ငံပြည်သူလူထုတစ်ရပ်လုံး ဘဏ်စနစ်နဲ့ နီးစပ်သွားစေဖို့ အထိ မျှော်မှန်းပြီး၂၀၁၈ ခုနှစ်အတွင်း YBS ယာဉ်လိုင်းများကို ကဒ်နဲ့ ငွေပေးချေတဲ့စနစ်ကိုပြောင်းလဲဖို့ ဆောင်ရွက်နေပြီလို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီကနေ့ YBS တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီိးသယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့  (YRTA) တည်ထောင်ခြင်းနဲ့ ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု (YBS) စနစ်စတင်ပြောင်းလဲခဲ့တာဟာ ဒီိကနေ့  ဆိုရင် တစ်နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။

နှစ်ပတ်လည်အခမ်းအနားကို တာမွေမြို့ နယ်ရှိ Sky Star ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ရာမှာ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားခဲ့တာဖြစ်ပါတယ်။

” ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ နိုင်ငံသူနိုင်ငံသားတွေ အတော်များများဟာ ပိုက်ဆံကိုကိုင်ပြီိး သုံးစွဲတဲ့ ဓလေ့ယဉ်ကျေးမှုနဲ့ ကျင်လည်ခဲ့တာဖြစ်ပါတယ်။ ဘဏ်ကဒ်နဲ့ ဒါမှမဟုတ်ငွေပေးချေမှုစနစ်ကို ကဒ်စနစ်နဲ့  e စနစ်နဲ့ ကျင့်သုံးဆောင်ရွက်နိုင်ဖို့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ စတင်ဆောင်ရွက်မယ့်ကဒ်စနစ်ဟာ ပြည်သူလူထု လက်လှမ်းမီနိုင်မယ့် ကဒ်စနစ်မျိုးဖြစ်ဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကပြောပါတယ်။

လက်ရှိမှာ YBS ယာဉ်လိုင်းတွေကို ကဒ်စနစ်နဲ့ ပေးချေတဲ့စနစ်ပြောင်းလဲဖို့ တင်ဒါခေါ်ယူပြီးဖြစ်ကာ တင်ဒါအောင်မြင်ခဲ့တဲ့ကုမ္ပဏီတွေကိုလည်း ကြေညာထားပြီးဖြစ်တယ်လို့ တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။ ယင်းအသုံးရမယ့်ကဒ်ဟာ ဘတ်စ်ကားလည်းစီးနိုင်သလိုအခြားငွေပေးချေမှုများကိုပါ အသုံးပြုလို့ ရတဲ့အဆင့်အထိ တက်လှမ်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သူကဆိုပါတယ်။ ဒါ့အပြင် YBS ယာဉ်လိုင်းများကို water taxi ၊ ရထားများနဲ့  ပါသွားလာရ လွယ်ကူစေဖို့ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီိး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့  (YRTA) မှသိရပါတယ်။

ဒါ့အပြင် YBS ယာဉ်လိုင်းအားလုံးကို ကုမ္ပဏီပိုင်များဖြစ်ရေးနဲ့ ကားရပ်ကွက်များဖော်ထုတ်ရေးကို ယခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

သတင်း+ဓါတ်ပုံ- ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*