ပြည်ခိုင်ဖြိုးပါတီိဥက္ကဌဦးသန်းဌေးရဲ့ NLD ပါတီိအပေါ် ဝေဖန်ချက် NLD ပါတီိနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်အချို့ ဘာပြောသလဲ

ပြည်ခိုင်ဖြိုးပါတီိဥက္ကဌဦးသန်းဌေးရဲ့ NLD ပါတီိအပေါ် ဝေဖန်ချက် NLD ပါတီိနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်အချို့ ဘာပြောသလဲ
January 12, 2018 Fame Asian

2:47 pm
ပြည်ခိုင်ဖြိုးပါတီိဥက္ကဌဦးသန်းဌေးရဲ့ NLD ပါတီိအပေါ် ဝေဖန်ချက် NLD ပါတီိနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်အချို့ ဘာပြောသလဲ

26220170_1682592015136407_6659226532179237662_n

ရန်ကုန် ၊ ဇန်န၀ါရီ ၁၂

လက်ရှိအစိုးရလက်ထက်မှာ ကုန်ဈေးနှုန်း၊ ဒုစရိုက်မှုတွေ တိုးတက်လာတယ်ဆိုတာဟာ ပြီးခဲ့တဲ့အစိုးရလက်ထက်မှ အကျိုးဆက်ရိုက်ခတ်မှုတွေအများကြီးပါဝင်တယ်လို့ NLD ပါတီမှ ပြန်ကြားရေးတာဝန်ခံ ဦးမုံရွာအောင်ရှင်က ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးရဲ့ NLD ပါတီအပေါ် ဝေဖန်ချက်အပေါ် ပြန်လည်ပြောကြားပါတယ်။

အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်မှာ အရှိန်အဟုန်နဲ့ တိုးတက်လာတာဆိုလို့ ကုန်ဈေးနှုန်း ၊ ဒုစရိုက်မှု နဲ့ ရာဇဝတ်မှုတွေသာဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးက ဇန်နဝါရီလ ၈ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း အမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။အဲဒီိပြောကြားချက်အပေါ် ” သူတို့ တစ်လျှောက်လုံးအုပ်ချုပ်လာတာပဲ သူတို့ ပိုသိမှာပေါ့။ ဘာကြောင့် ကုန်ဈေးနှုန်းတွေတက်ရသလဲဆိုတာ။ ဘယ်သူကတော့ တက်စေချင်မှာလဲ။ကုန်ဈေးနှုန်းတက်အောင် NLD အစိုးရက ဘာမှလုပ်နေတာမဟုတ်ဘူး။ တက်ရတဲ့ အကြောင်းကြောင်းကြောင့်ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီရဲ့အစိုးရဟာ ပြည်သူတွေအတွက် ပြုပြင်ပြောင်းလဲရေးတွေ တိုးတက်အောင်ဆောင်ရွက်နေတာပါ။ အခုဖြစ်နေတဲ့ ကိစ္စတွေကလည်း ပြီးခဲ့တဲ့အစိုးရလက်ထက်ရဲ့ အကျိုးဆက်ရိုတ်ခတ်မှုတွေ အများကြီးပါပါတယ် သူတို့ က အခု အတိုက်အခံဖြစ်သွားတော့လည်း သူတို့ က အခုလိုလက်ညိုးထိုးတာာပေါ့ ” လို့ NLD ပါတီမှ ပြန်ကြားရေးတာဝန်ခံ ဦးမုံရွာအောင်ရှင်ကဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဘဏ္ဍာရေး စီိမံကိန်းနဲ့ စီိးပွားရေးကော်မတီိဝင် ၊ ဒဂုံမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦိးကျော်ဇေယျကတော့ ယခုလိုပြိုင်ဘက်ပါတီမှ ထောက်ပြဝေဖန်ခဲ့တဲ့ ဦးသန်းဌေးကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ” အခုလို ပြိုင်ဘက်ပါတီိက ထောက်ပြဝေဖန်ပေးတာ ကျေးဇူးတင်ပါတယ်။ မှန်သင့်သလောက်လဲမှန်ပါတယ် ။ ဒါပေမယ့် အခြေအနေတွေအပေါ်မူတည်တာပေါ့ ။သူက အရင်ကနဲ့ နှိုင်းယှဉ်ပြောရင်တော့လည်း ဘယ်တူနိုင်မလဲ ၊ ကုန်ဈေးနုန်းတွေတက်တာကိုပြောရင် အလုပ်သမားတွေရဲ့ အခြေခံလုပ်ခလစာတွေလည်း ဒီအစိုးရလက်ထက်မှာ တက်လာတာပဲလေ။ ပါတီစွဲနဲ့ တစ်ဖက်သက်ပြောတာဖြစ်မယ်လို့ မြင်ပါတယ်။ အခုလိုထောက်ပြတော့လည်း ပြင်ဆင်သင့်တာ ပြင်ဆင်လို့ ရတာပေါ့ ” လို့ သူကပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီိဥက္ကဌ ဦးသန်းဌေးဟာ “အရှိန်အဟုန်နဲ့ ကျဆင်းသွားတာကတော့ ပြည်သူ့ဘ၀လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒီမိုကရေစီ အခြေခံပိုင်ခွင့်တွေ၊ အရင်အစိုးရကာလစွမ်းဆောင်မှုတဲ့ ရှေ့မတိုးနိုင်သေးတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ၊ နောက်တစ်ခါမြန်မာပိုင်မှဟုတ်သေးရဲ့လားလို့ မေးခွန်းထုတ်ရမယ့် အချုပ်အခြာအာဏာဘယ်မှာရှိလည်းဆိုတဲ့ အချုပ်အခြာအာဏာရဲ့တည်နေရာတွေ ဖြစ်တယ်လို့”လို့ လည်းဆက်လက်ပြောကြားခဲ့ပါသေးတယ်။

ကလောမြို့ နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီခိုင်က အခုလို ဝေဖန်ချက်တွေနဲ့ အချင်းချင်းရန်ဖြစ်နေတာ အကျိုးဖြစ်ထွန်းဖို့ မမြင်ဘူးလို့ ပြောကြားပါတယ်။

” ဝေဖန်မှုတွေကိုလူတိုင်းလုပ်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်လောက်အကျိုးအကြောင်းခိုင်မာသလဲဆိုတာတော့ လိုအပ်တယ်” လို့ သူကဆိုပါတယ်။လက်ရှိမှာမြန်မာနိုင်ငံဟာ ချွတ်ခြုံကျနေတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်မှ ရုန်းထဆဲကာလမှာ ဆောင်ရွက်စရာရှိတာတွေအများကြီးရှိနေတယ်လို့ သူကဆက်ပြောပါတယ်။

AF -245

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*