နိုင်ငံတော်အစိုးရကို ဆန့်ကျင်ပြီးပြောလို့ မကောင်းဘူးလို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီပြော

နိုင်ငံတော်အစိုးရကို ဆန့်ကျင်ပြီးပြောလို့ မကောင်းဘူးလို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီပြော
January 11, 2018 AsianFame MediaGroup

5:22 pm
နိုင်ငံတော်အစိုးရကို ဆန့်ကျင်ပြီးပြောလို့ မကောင်းဘူးလို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီပြော

26240055_935822289898088_2629812044631445959_o

ရန်ကုန် ၊ ဇန်န၀ါရီ ၁၁

နိုင်ငံတော်အစိုးရလျှောက်လှမ်းနေတဲ့ခရီိးမှာ ဆန့်ကျင်ပြီးပြောလို့ မကောင်းဘူးလို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) မှ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပြဿနာတွေဖြစ်ပွားထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဟာ ဒေသတွင်းသတင်းထောက် ၂၀ ကျော်နဲ့ အတူ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၆ ရက်နေ့ မှစတင်ပြီး လေးရက်ကြာကွင်းဆင်းလေ့လာရေးခရီးသွားခဲ့ပါတယ်။

အဲဒီိခရီးစဉ်ကပြန်အရောက်မှာ ရန်ကုန်မြို့ ရှိ အော့ခစ်ဟိုတယ်မှာ ခရီးစဉ်နဲ့ ပတ်သတ်ပြီိး သတင်းစာရှင်လင်းပွဲတစ်ရပ်ကိုပြုလုပ်ပြောကြားပါတယ်။ ပြောကြားရာမှာ MPC ရဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တွေ့ ရှိခဲ့တာတွေနဲ့ ပတ်သတ်ပြီးပြောကြားမှုတွေဟာ တပ်မတော်နဲ့ အစိုးရကို ကာကွယ်ပြောဆိုနေတယ်လို့ မြင်တယ်လို့ သတင်းထောက်တစ်ဦးက ဝေဖန်ပြောကြားခဲ့မှုအပေါ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဟံသာဝတီိဦးအုန်းကြိုင်က ပြန်လည်ပြောကြားခဲ့တာဖြစ်ပါတယ်။

”ကျွန်တော်စပြောကတည်းက နိုင်ငံတော်ရဲ့ ဒီနေရာ(ရခိုင်ပြည်နယ်) အတွက်ဦးတည်ချက်ပါပါတယ်။ တည်ငြိမ်ရေးနဲ့ ဖွံ့ ဖြိုးတိုးတက်ရေးဆိုတာ ။ တည်ငြိမ်ရေးအပိုင်းမှာ ဥပဒေအရ စိုးမိုးရေးပါတယ် ငြိမ်းချမ်းရေးပါတယ်။ တည်ငြိမ်ရေးအတွက်ကို ရည်ရွယ်တဲ့ခါမှာ ကျွန်တော်တို့ က မြင်တဲအတိုင်းပြောလို့ မရပါဘူး။ ဒါတော့ ကျွန်တော်ဝန်ခံတယ်။နောက်တစ်ခုက ငါ့ညီပြောတဲ့အခြေအနေတွေကို အငြင်းမပွားလိုပါဘူး။ ငါ့ညီပြောတာထက်တောင် ပိုဆိုးကောင်းဆိုးနိုင်တယ်။ သို့ သော် အဘတို့အနေနဲ့နိုင်ငံတော်သားတစ်ယောက်အနေနဲ့ ဒီနေ့ နိုင်ငံတော်အစိုးရလျှောက်လှမ်းတဲ့ခရီးမှာဆန့် ကျင်ပြီးပြောလို့ မကောင်းဘူး ဆန့့်ကျင်ပြီးပြောလို့ လည်းမရပါဘူး။ အဘတို့ က ပိုပြီိးထိန်းသိမ်းရတယ်။ အဘတို့ ရဲ့ သတင်းမီဒီိယာကျင့်ဝတ်မှာကိုက နိုင်ငံတော်အတွက်ကိုထိန်းထိန်းသိမ်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိပါတယ် ” လို့သူကဆိုပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့ သတင်းထောက်များဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၆ ရက်နေ့ မှ ၁၀ ရက်နေ့  အထိ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားရောက်လေ့လာခဲ့တာဖြစ်ပါတယ်။ အဲဒီလိုလေ့လာရေးခရီးစဉ်သွားရောက်ခဲ့ရာမှာ နိုင်ငံတကာသတင်းဌာနများမှ ရေးသားထားမှုတွေဟာ သူတို့ တွေ့ ရှိခဲ့တာတွေနဲ့ ကွဲလွဲမှုတွေရှိနေတယ်လို့ ကောင်စီကဆိုပါတယ်။ ဒါ့အပြင် နိုင်ငံတကာမှ သတင်းမှားများကို ပြန်လည်တုံ့ ပြန်ဖို့ အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအတွင်းမှ အဖွဲ့ ဝင်အချို့ နဲ့ အဖွဲ့ ငယ်တစ်ဖွဲ့  ဖွဲ့ ထားတယ်လို့ လည်းသိရပါတယ်။

ကောင်စီဟာ ခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နဲ့ လည်းတွေ့ ဆုံခဲ့သလို အလိုတော်ပြည့်ဆရာတော်နဲ့ လည်းတွေ့ ဆုံခဲ့တယ်လို့ ဆိုပါတယ်။ ” အလိုတော်ပြည့်ဆရာတော်မိန့် တဲ့အထဲမှာ ဘာသွားတွေ့ ရလဲဆိုတော့ ခြံစည်းရိုးခတ်ပြီးမှ လက်ခံရလိ့မ်မယ်။ ခြံစည်းရိုးကာရုံတင်မဟုတ်ဘူး ကင်းစောင့်တွေလည်းရှိဖို့ ကောင်းတယ် ကင်းရုံတွေလည်းရှိဖို့ ကောင်းတယ်။ ဒီထက်ပိုပြောရရင် စနစ်တကျနဲ့ ပြောရရင် ရေဒါတွေတပ်ဆင်ထားဖို့ လိုတယ်။ အနီအောက်ရောင်ခြည်တွေတပ်ထားဖို့ လိုတယ် ။ ဘာဖြစ်လို့ လဲဆိုတော့ ဘင်္ဂလီတွေဟာမပြတ်ခိုးဝင်နေတာအများကြီးဖြစ်လို့ ဖြစ်ပါတယ်” လို့ ဟံသာဝတီဦးအုန်းကြိုင်က ဘင်္ဂလီများကို ပြန်လည်လက်ခံမယ့်ကိစ္စနဲ့ ပတ်သတ်ပြီိး ပြောပါတယ်။

ယခုခရီးစဉ်အပြီိးမှာရလာတဲ့ ရလဒ်တွေကိုသုံးသပ်ပြီး နောက်ထပ်ခရီးစဉ်တွေကို ပြည်ပသတင်းထောက်များကိုခေါ်ကာသွားရောက်ဖို့ လည်း အစီအစဉ်ရှိနေတယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဒုတိယဥက္ကဌ ၁ ဦးအောင်လှထွန်းကပြောပါတယ်။

သတင်း + ဓာတ်ပုံ – ဖြိုးထက်အောင်

26240013_935821959898121_7271157880537311830_o

26240468_935822199898097_5657252674214278626_o

26678296_935822223231428_4746801482947518490_o

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*