စစ်ကိုင်းကောင်းမှုတော်ဘုရားကြီးကို မူလအရောင်အတိုင်းပြန်လည်ထားရှိပူဇော်နိုင်ရေးမြို့လူထုဆန္ဒကောက်ယူမည်

စစ်ကိုင်းကောင်းမှုတော်ဘုရားကြီးကို မူလအရောင်အတိုင်းပြန်လည်ထားရှိပူဇော်နိုင်ရေးမြို့လူထုဆန္ဒကောက်ယူမည်
January 11, 2018 AsianFame MediaGroup

5:59 pm
စစ်ကိုင်းကောင်းမှုတော်ဘုရားကြီးကို မူလအရောင်အတိုင်းပြန်လည်ထားရှိပူဇော်နိုင်ရေးမြို့လူထုဆန္ဒကောက်ယူမည်

26230422_1660358797341412_2090576194422813200_n

မန္တလေး၊ ဇန်န၀ါရီ ၁၁

စစ်ကိုင်းကောင်းမှုတော်ဘုရားကြီးကို မူလအရောင်အတိုင်းပြန်လည်ထားရှိပူဇော်နိုင်ရေးအတွက် မြို့လူထုဆန္ဒပြုလက်မှတ်ကောက်ယူတဲ့အစီအစဉ်ကို မနက်ဖြန်(ဇန်န၀ါရီလ ၁၂ ရက်)ကစလို့ မြို့တွင်းလူစည်ကားတတ်တဲ့နေရာတွေမှာ လှုပ်ရှားဆောင်ရွက်တော့မယ်လို့ စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့အတွင်းရေး မှူးဦးဇော်ဝင်းက ပြောပါတယ်။

“မနက်ဖြန်မှာမြို့မဈေးအရှေ့မှာလုပ်မယ်ဗျ၊ ပုံမှန်လုပ်နေတာတွေကတော့ ၆ ရက်နေ့ကစခဲ့ကြတာပါ၊ မြို့လူထုကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာဖို့အတွက်က တော့ မနက်ဖြန်မနက် ၈ နာရီမှာ မြို့မဈေးကနေစပါမယ်၊ အဲဒီမှာ ဆန္ဒပြုလက်မှတ်တွေကောက်ယူသွားပါမယ်” လို့ ၄င်းကဆိုပါတယ်။

စစ်ကိုင်းမြို့ရဲ့အထင်ကရ သမိုင်းဝင်ရှေးဟောင်းကောင်းမှုတော်ဘုရားကြီး(ရာဇမဏိစူဠာကောင်းမှုတော်စေတီ)ကို တပ်မတ်ာအစိုးရလက်ထက်တုန်းက မူလထုံးသင်္ကန်းအရောင်မှ ရွှေဆေးကပ်လှူပူဇော်ခဲ့တာမှာ ရှေးဟောင်းလက်ရာနှစ်သက်သူတွေကြား မကျေနပ်မှုတွေပေါ်ပေါက်ခဲ့ပါတယ်။

ကောင်းမှုတော်ဘုရားကြီးကို မူလထုံးသင်္ကန်းအရောင်အတိုင်းရှိစေလိုတဲ့ စစ်ကိုင်းမြို့သူမြို့သားတွေဟာ အလျဉ်းသင့်တဲ့အခါတိုင်း မူလအတိုင်းပြန် လည်ထားရှိပူဇော်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။

အခုအစိုးရလက်ထက်မှာတော့ မြို့မိမြို့ဖအဖွဲ့ရဲ့ဦးဆောင်မှုနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေစုပေါင်းပြီး မြို့လူထုဆန္ဒပြုလက်မှတ်ကောက်ယူခြင်းအစီအစဉ် ကို ပြီးခဲ့တဲ့ဇန်န၀ါရီလ ၆ ရက်ကစပြီးဆောင်ရွက်နေတာမှာ ဒီနေ့မှာတော့ ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကျင်းပနိုင်တဲ့အထိလုပ်ဆောင်နိုင်ခဲ့ပါတယ်။

“မြို့မဈေးလည်းပါမယ်၊ ရွာထောင်ဘူတာလည်းပါမယ်၊ အဲဒီနေရာတွေပြီးရင်တောက်လျှောက်ဆက်လုပ်သွားပါမယ်၊ အခုထိလက်မှတ်ဘယ်လောက်ရ လဲဆိုတာတော့ ပြောလို့မရသေးပါဘူး၊ ဒီနေ့တက်တဲ့အဖွဲ့အစည်းတွေကလည်း သူတို့အဖွဲ့နဲ့သူတို့ဆက်ကောက်ယူသွားကြမယ်၊ ကျွန်တော်တို့ကမှန်း ထားတာကတော့ လက်မှတ်သုံးသောင်းကျော်လေးသောင်းလောက်မှန်းထားပါတယ်” လို့လည်း ဦးဇော်ဝင်းကပြောပါတယ်။

ရရှိလာတဲ့လက်မှတ်တွေကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်ဆီတင်ပြပြီး အစိုးရရဲ့ဆုံးဖြတ်ချက်အတိုင်းဆက်လက် ဆောင်ရွက်သွားမှာလို့လည်းသိရပါတယ်။

ထုံးသင်္ကန်းပြန်လည်ကပ်လှူပူဇော်နိုင်ရေးအတွက် စစ်ကိုင်းမြို့ပေါ်ရပ်ကွက်တွေကဘာသာရေးလူမှုရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းအစည်း အဝေးကို ဒီနေ့ဇန်န၀ါရီလ ၁၁ ရက်မနက်ပိုင်းက စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက် သုဓမ္မာဓမ္မာရုံမှာပြုလုပ်ခဲ့ပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*