ဒီဇင်ဘာ ၈ ရက်နေ့ညကတနိုင်းမြို့အနီးနားမှာ သေနတ်သံတွေကြားလို့ ဒေသခံတွေထိတ်လန့်

ဒီဇင်ဘာ ၈ ရက်နေ့ညကတနိုင်းမြို့အနီးနားမှာ သေနတ်သံတွေကြားလို့ ဒေသခံတွေထိတ်လန့်
January 9, 2018 AsianFame MediaGroup

2:01 pm
ဒီဇင်ဘာ ၈ ရက်နေ့ညကတနိုင်းမြို့အနီးနားမှာ သေနတ်သံတွေကြားလို့ ဒေသခံတွေထိတ်လန့်

26231098_1658236010887024_8931550275498795800_n

တနိုင်း ၊ ဇန်န၀ါရီ ၉

တနိုင်းမြို့မှာ မနေ့ည က သေနတ်သံတွေကြား ဒေသခံတွေ အထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

ဇန်န၀ါရီ ၈ ရက်နေ့ ည ၉ နာရီခန့်မှာတစ်ကြိမ် ၊ ည ၁၁ နာရီခန့်မှာတစ်ကြိမ် ၂ ကြိမ်တိုင်ကြားခဲ့ရတာဖြစ်ပြီး တိုက်ပွဲဖြစ်တဲ့အရိပ်အယောင်လည်းမတွေ့ဘူးလို့ တနိုင်းမြို့ ဆမ်ဆော့ရပ်ကွက်နေဒေသခံတစ်ဦးကပြောပါတယ်။

“တိုက်ပွဲဖြစ်တာလည်းမဟုတ်ဘူး။ တနိုင်းချောင်းဘက်ကကြားတာ။ လက်နက်ကြီးအသံတော့မဟုတ်ဘူး။ သေနတ်သံပဲ ” လို့ အဆိုပါဒေသခံက ဆိုပါတယ်။

တနိုင်းဒေသမှာ လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် သေနတ်သံကြားရတာဆန်းကျယ်တဲ့ဖြစ်ရပ်မဟုတ်ပေမယ့် မနေ့ညကကြားရတဲ့သေနတ်သံတွေကတော့ မြို့နဲ့လွန်စွာနီးကပ်တဲ့အတွက် ဒေသခံတွေ အထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ တနိုင်းမြို့ ကင်ဆားရာ ရပ်ကွက်နေ ထိုင်သူ ယာဉ်မောင်းတစ်ဦးကပြောပါတယ်။

“ခါတိုင်းက မှော်တွေအထဲမှာတိုက်ပွဲဖြစ်ရင် ဒီကနေ လက်နက်ကြီးသံ ၊ လေယာဉ်ပျံသွားတာတွေ တွေ့ရကြားရတယ်။ ကြာတော့လည်းသိပ်မထူးဆန်းတော့ဘူး။ ဒါပေမဲ့ မနေ့ညက မြို့ထဲပစ်သလိုအသံဖြစ်နေတော့ လန့်တာပေါ့ဗျာ ” လို့ ၎င်းကဆိုပါတယ်။

မနေ့ညက သေနတ်သံကြားရပေမယ့် တိုက်ပွဲဖြစ်ပွားတာတော့မဟုတ်ဘူးလို့ တနိုင်းမြို့မရဲစခန်း တာဝန်ကျ တာဝန်မှူး ကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

တနိုင်းဒေသမှာဆိုရင် လက်ရှိ တပ်မတော်နဲ့ KIA ကြားတိုက်ပွဲဖြစ်ပွားနေပြီး ပြင်းထန်တဲ့အဆင့်မှာရှိနေပါတယ်။

ဒီတိုက်ပွဲကြားမှာ လက်နက်ကြီးကျည်ကျလို့ ၊ သေနတ်နဲ့ပစ်ခံရလို့ စတဲ့အကြောင်းအရာပေါင်းစုံကြောင့် ထိခိုက်ရတဲ့ဒေသခံတွေလည်းရှိနေပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*