ပဲစားပွဲတော်များကို ကန့်ကွက်သည့် စားသုံးသူကာကွယ်ရေးအသင်းကို ဥပဒေကြောင်းအရဖြေရှင်းရန် စားသုံးသူရေးရာဦးစီးဌာန ပြင်ဆင်မှုများ ပြုလုပ်နေ

ပဲစားပွဲတော်များကို ကန့်ကွက်သည့် စားသုံးသူကာကွယ်ရေးအသင်းကို ဥပဒေကြောင်းအရဖြေရှင်းရန် စားသုံးသူရေးရာဦးစီးဌာန ပြင်ဆင်မှုများ ပြုလုပ်နေ
January 3, 2018 Fame Asian

4:21 pm
ပဲစားပွဲတော်များကို ကန့်ကွက်သည့် စားသုံးသူကာကွယ်ရေးအသင်းကို ဥပဒေကြောင်းအရဖြေရှင်းရန် စားသုံးသူရေးရာဦးစီးဌာန ပြင်ဆင်မှုများ ပြုလုပ်နေ

26166171_1651691398208152_1247901972136057898_n

နေပြည်တော် ဇန်နဝါရီ ၃

ပဲစားပွဲတော်များကိုစားသုံးသူရေးရာဦးစီးဌာနမှဦး ဆောင်ကျင်းပနေခြင်းအားကန့်ကွက်ကြောင်းဒီဇင်ဘာလအတွင်းကကြေညာခဲ့သည့်စားသုံးသူကာကွယ်ရေးအသင်းကိုဥပဒေကြောင်းအရတရားစွဲနိုင်ရေးပြင်ဆင်မှု များပြုလုပ်နေကြောင်းစားသုံးသူရေးရာဦးစီးဌာနမှသိရသည်။

“ကျွန်တော်တို့ဌာနကိုပြည်သူတွေအနေနဲ့အထင်အမြင်လွဲမှားစေတဲ့အသုံးအနှုန်းတွေပါနေလို့လာပြီးရှင်းလင်းပါလို့ ပြောထားတယ်။ သူ့အနေနဲ့ဝန်ကြီးဆီစာပို့ထားတယ်လို့ ပြောပေမယ့်လည်းအခုထိတရားဝင်ရောက်လာတာမရှိသေးပါဘူး။ဒါကြောင့်ဌာနအနေနဲ့ဥပဒေကြောင်းအရဘဲဖြေရှင်းဖို့လုပ်မှာပါ။ လုပ်ဖို့ကိုလည်းလိုအပ်တဲ့ပြင်ဆင် မှုတွေလုပ်နေပါတယ်”ဟုစားသုံးသူရေးရာဦးစီးဌာနမှညွှန်ကြားရေးမှူးဦးဆွေတင့်ကြူကဆိုသည်။

စားသုံးသူရေးရာဦးစီးဌာန၏ပဲစားသုံးမှုပွဲတော်များပြုလုပ်နေခြင်းမှာပြည်သူများအတွက်ကျန်းမာရေးကိုများစွာအကျိုးရှိစေမည့်အဟာရဓာတ်များပါဝင်နေကြောင်းသိစေလို၍ပြုလုပ်ခြင်းဖြစ်ကာစားသုံးသူကာကွယ်ရေးအသင်းမှကြေညာခဲ့သလိုပိုးသတ်ဆေးဓာတ်ကြွင်းများပါဝင်နေသောကြောင့်ရောင်းချရန်ခက်ခဲသည့်ပဲများကို ပြည်သူများအားစားသုံးရန်တိုက်တွန်းနေခြင်းမဟုတ် ကြောင်း ယင်းဌာနမှ ရှင်းလင်းခဲ့ပြီးဖြစ်သည်။

“အခုကိစ္စမှာစာမထုတ်ခင်မကန့်ကွက်ခင်ဌာနနဲ့အရင်လာပြီး ‘ကျနော်တို့ဖက်ကဒီလိုမြင်ပါတယ်ဒီလိုမျိုးလုပ်နေတာကမသင့်ပါဘူး’ စသဖြင့်လူကိုယ်တိုင်ဖြစ်စေ၊ စာနဲ့ဖြစ်စေ ပြောသင့်ပါတယ်။ ဒါကိုမှဌာနက Don’t Careလုပ်နေရင်တော့တမျိုးပေါ့။ အခုဟာက ပြည်သူတွေအကျိုးအတွက်ကန့်ကွက်တာလား၊ ဌာနတစ်ခုကိုတိုက်ခိုက်ချင်တာလားဆိုတာ ကာယကံရှင်ဘဲသိနိုင်ပါမယ်။ ဌာနအနေနဲ့ကတော့အခုလိုကန့်ကွက်တာကိုဘာမှမတုန့်ပြန်ဘူးဆိုရင်ကန့်ကွက်တာကမှန်နေလို့ငြိမ်နေတယ်လို့လူတွေထင်သွားမှာပါ ဒါကြောင့်ဥပဒေကြောင်းအရဖြေရှင်းဖို့ပြင်ဆင်နေပါပြီ”ဟု ဦးဆွေတင့်ကြူကPopularNewsကိုပြောသည်။

ပဲစားသုံးမှုမြှင့်တက်ရေးနှင့်ပဲစားပွဲတော်များကိုစားသုံးသူရေးရာဦးစီးဌာနမှဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီးမမှန်မကန်စွပ်စွဲပြောဆိုမှုများရှိခဲ့ပါကလည်းဥပဒေကြောင်းအရသာဖြေရှင်းဆောင်ရွက်သွားမည်ဟုသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*