လက်နက်ကြီးဒဏ်ကြောက်လို့ ရွာ၎ ရွာက ရွာသူ/သားတွေ စစ်ဘေးရှောင်နေ

လက်နက်ကြီးဒဏ်ကြောက်လို့ ရွာ၎ ရွာက ရွာသူ/သားတွေ စစ်ဘေးရှောင်နေ
January 2, 2018 Fame Asian

4:08 pm
လက်နက်ကြီးဒဏ်ကြောက်လို့ ရွာ၎ ရွာက ရွာသူ/သားတွေ စစ်ဘေးရှောင်နေ

26165688_1650702968306995_872668010185460662_n

ကျောက်မဲ ၊ ဇန်န၀ါရီ ၂

တပ်မတော်နဲ့ TNLA တို့ရဲ့ တိုက်ပွဲကြား လက်နက်ကြီးဒဏ်ကြောက်လို့ ကျောက်မဲမြို့နယ်အတွင်း ရွာလေးရွာက ရွာသူ/သားတွေဟာ ကျောက်မဲမြို့ပေါ်ကိုထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

ကျောက်မဲမြို့နယ်နဲ့ မိုင် ၂၀ ဝေးပြီး မိုင်းမော့မြို့နယ်ခွဲနဲ့ ၁၀ မိုင်လောက်ဝေးတဲ့ အာပြောင်ရွာ ၊ ကျောက်ဖြူရွာ ၊ ဟင်ကြိုင်ရွာ ၊ နားလွေးရွာ စတဲ့ ရွာ ၄ ရွာက ဒေသခံရွာသား စုစုပေါင်း ၄၀၀ ကျော်ဟာ ကျောက်မဲမြို့နယ်ထဲကို ထွက်ပြေးတိမ်းရှောင်ကြပြီး ၊ ၂၀၀ ကျော်ဟာ မိုင်းမော့မြို့ထဲကို ထွက်ပြေးတိမ်းရှောင်ထွက်ပြေးကြတာဖြစ်တယ်လို့ ကျောက်မဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင် ကပြောပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးတစ်ဦးက ဒီကနေ့ အထိ စစ်ဘေးရှောင် အိမ်ထောင်စု ၂၀၇ စုနဲ့ လူဦးရေ ၇၇၃ ဦးရှိနေတယ်လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“သူတို့ ရွာအနားကို လက်နက်ကြီးကျတယ်။ ကျတော့ ရွာသူ/သားတွေက ကြောက်လန့်ပြီး ထွက်ပြေးလာကြတာ။ အများစုကတော့ ပလောင်လူမျိုးတွေဖြစ်ပါတယ် ” လို့ ဦးစိုင်းထွန်းအောင် ကဆိုပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့ကနေ မိုင်းမော့နားမှာစတင်ဖြစ်ပွားတဲ့ တပ်မတော်နဲ့ TNLA တို့ရဲ့ တိုက်ပွဲတွေကြောင့် ၅ ရက်တာကာလအတွင်း စစ်ဘေးရှောင် ၇၇၃ ရှိလာတာဖြစ်ပါတယ်။

စတင်တိုက်ပွဲဖြစ်ပွားတဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အာပြောင်ကျေးရွာက အိမ်ထောင်စု ၁၁စု (ကျား ၂၄/ မ ၂၆ ) ဦးတို့ဟာ ပထမဦးဆုံးအနေနဲ့ ကျောက်မဲမြို့ပေါ်ကို စတင်ထွက်ပြေးတိမ်းရှောင်လာတာကြောင်း လူကယ်ပြန်ဝန်ကြီးဌာနရဲ့ စာရင်းမှာဖော်ပြထားပါတယ်။

တိုက်ပွဲကတော့ အခုထိရပ်တံ့ခြင်းမရှိသေးဘူးလို့ ဦးစိုင်းထွန်းအောင်ကဆိုပါတယ်။

လောလောဆယ် ကျောက်မဲမြို့ပေါ်က စစ်ဘေးရှောင်တွေကို စစ်ဘေးရှောင်ကော်မတီနဲ့အတူ လူကယ်ပြန်ဝန်ကြီးဌာန ၊ သက်ဆိုင်ရာဌာနတွေက စောင့်ရှောက်ထားကြောင်းနဲ့ မိုင်းမော့မြို့နယ်ခွဲအထဲက စစ်ဘေးရှောင်တွေကိုလည်း ကျောက်မဲကတစ်ဆင့် ကူညီစောင့်ရှောက်မှုတွေပြုလုပ်ထားကြောင်း ဦးစိုင်းထွန်းအောင်ကဆိုပါတယ်။

စစ်ဘေးရှောင်လာတဲ့အထဲမှာ ကလေးတွေလည်းပါဝင်နေကြောင်း သိရပါတယ်။

YL

Photo- လူကယ်ပြန်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*