ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးကို ရာထူးအား တာဝန် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော် အတည်ပြု

ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးကို ရာထူးအား တာဝန် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော် အတည်ပြု
January 2, 2018 Fame Asian

12:08 pm
ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးကို ရာထူးအား တာဝန် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော် အတည်ပြု

1

စစ်တွေ ၊ ဇန်န၀ါရီ ၂

တာဝန်မကျေပွန်ဟု စွပ်စွဲပြစ်တင်ခံထားရသော ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီ ကို ရာထူးအားတာဝန်ဆက်လက်ထမ်းရွက်စေရန်မသင့်ကြောင်း ယနေ့ ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်တွင် အတည်ပြုလိုက်ပြီဖြစ်သည်။

အဆိုပါကိစ္စှနှင့်ပတ်သတ်၍ မဲခွဲဆုံးဖြတ်ကြရာ ကိုယ်စားလှယ် အားလုံး၏ ၃ ပုံ ၂ ပုံ ကျော် ၃၇ ဦးက စွပ်စွဲမှု မှန်ကန်ကြောင်း ထောက်ခံမဲပေးခဲ့ပြီး စည်ပင်ဝန်ကြီးဘက်မှ ကိုယ်စားလှယ် ၈ ဦးက ထောက်ခံခဲ့သည်။

ယင်းသို့ စွပ်စွဲပြစ်တင်ကြောင်းထောက်ခံသည့် မဲ အရေအတွက်များပြားသောကြောင့်ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီးကို ရာထူးတွင် ဆက်လက်တာဝန်ထမ်းဆောင်ရန်မသင့်ဟု ဆုံးဖြတ်ကြောင်း လွှတ်တော်ဥက္ကဌကကြေညာခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီးအနေဖြင့် ဥပဒေအရပေး အပ်သည့်တာဝန်များကို ကျေပွန်ခြင်းမရှိဆိုကာ ရာထူးမှရပ်စဲရန် လွှတ်တော်အမတ် ၁၇ ဦးက လက်မှတ်ရေးထိုးကာ လွှတ်တော် ဥက္ကဋ္ဌထံ ပြီးခဲ့သည့်နိုဝင်ဘာ ၂၉ ရက်က ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စကို စုံစမ်းစစ်ဆေး ရန် လွှတ်တော်ဥက္ကဋ္ဌက အဖွဲ့ဝင် ငါးဦးပါဝင်သည့်အဖွဲ့ကို ဒီဇင် ဘာ ၅ ရက်တွင်ဖွဲ့စည်းခဲ့သည်။

စုံစမ်းရေးအဖွဲ့က အတိုင်ကြားခံရသူ စည်ပင်ဝန်ကြီးအပါအ၀င် အ စိုးရအဖွဲ့ဝင်များ၊ ပြည်သူများ၊ တိုင်ကြားသည့်လွှတ်တော်ကိုယ် စားလှယ်များကို စစ်ဆေးမေးမြန်းကာ လေ့လာတွေ့ရှိချက်များကို ဒီဇင်ဘာ ၁၉ ရက်ကနေ့က လွှတ်တော်ဥက္ကဋ္ဌထံ ပြန်လည်ပေးပို့ခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သတ်၍ ယနေ့ ရခိုင်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးကိုခေါ်ယူ၍ ဆုံးဖြတ်ချက်ရယူလည်းဖြစ်သည်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*