အလုပ်ထုတ်နစ်နာကြေးကိစ္စ ညှိနှိုင်းမရ၍ Myanmar Evergreen Gurjan Wood Co.Ltd. အထပ်သားစက်ရုံအလုပ်သမားများ သပိတ်မှောက်ဆန္ဒပြနေ

အလုပ်ထုတ်နစ်နာကြေးကိစ္စ ညှိနှိုင်းမရ၍ Myanmar Evergreen Gurjan Wood Co.Ltd. အထပ်သားစက်ရုံအလုပ်သမားများ သပိတ်မှောက်ဆန္ဒပြနေ
December 29, 2017 AsianFame MediaGroup

3:40 pm
အလုပ်ထုတ်နစ်နာကြေးကိစ္စ ညှိနှိုင်းမရ၍ Myanmar Evergreen Gurjan Wood Co.Ltd. အထပ်သားစက်ရုံအလုပ်သမားများ သပိတ်မှောက်ဆန္ဒပြနေ

26165718_1646772208700071_8147283714050369806_n

ရန်ကုန် ၊ ဒီဇင်ဘာ ၂၉

အလုပ်ထုတ်နစ်နာကြေး ကိစ္စ ညှိနှိုင်းမရဖြစ်ပြီး ဒဂုံဆိပ်ကမ်း စက်မှုဇုန် (၁) ဦးထွန်းညိုလမ်းမှာရှိတဲ့ Myanmar Evergreen Gurjan Wood Co.Ltd. အထပ်သားစက်ရုံအလုပ်သမား ၇၀ ကျော် ဟာ စက်ရုံထဲမှာ သပိတ်မှောက်ဆန္ဒပြနေကြပါတယ်။

စက်ရုံပိုင်ရှင်ဘက်က စက်ရုံကို ပိတ်သိမ်းဖို့ နို့တစ်စာကပ်သတိပေးပြီး အလုပ်သမားတွေကို နစ်နာကြေးတစ်လစာ ပေးမယ်လို့ပြောပေမယ့် အလုပ်သမားတွေဘက်က ၃ လစာ တောင်းရာကနေ ညိနှိုင်းမရဖြစ်ပြီး သပိတ်မှောက်ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်သူ ကိုသူရလင်း ကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“စက်ရုံက နို့တစ်စာကပ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို အစည်းအဝေးမခေါ်ဘူး။ ဘာမှလည်းမပြောဘူး။ ကျွန်တော်တို့က အဲ့ဒါနဲ့ သူတို့ကို ပြောတယ်။ နောက်ဆုံး ၃ ခါလောက်ပြောတော့ ဒီဇင်ဘာ ၂၆ ရက်နေ့ အစည်းအဝေးခေါ်တယ်။ အစည်းအဝေးမှာ သူတို့ဘက်က
စက်ရုံပိတ်မယ်ပြောတယ် ။ ကျွန်တော်တို့ဘက်ကလည်း စက်ရုံကို အပြီးပိတ်မယ်ဆိုရင် ရသင့်ရထိုက်တာကို ပေးဖို့ တောင်းတာ။ သူတို့ဘက်ကလည်း အချိန်ကို အတိအကျမပြောဘူး။ ဒါပေမဲ့ ဥပဒေအရ နစ်နာကြေးတစ်လစာပေးမယ်ပြောတယ်။ ဒီဇင်ဘာ ၂၈ ရက်နေ့ မှာ ပြန်တွေ့ပြီး ထပ်ညှိတော့ တစ်လစာပေးပြီး လုပ်သက် ၁ နှစ်ကျော်တဲ့သူတွေကို ၂ သောင်း ၊ လုပ်သက်တစ်နှစ်အောက်တွေကို တစ်သောင်း ပေးမယ်ဆိုပြီးပြောမယ်။ အဲ့ဒါနဲ့ ညှိမရဘူး” လို့ သူက ဆိုပါတယ်။

အဲ့လို ညှိမရတဲ့နောက်ဆုံး စက်ရုံအလုပ်သမား ၇၂ ဦးဟာ ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေ ၄နာရီကစပြီး သပိတ်စခန်းဖွင့်လှစ် သပိတ်မှောက်ခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ စက်ရုံ ရဲ့တာဝန်ရှိသူ GM ဟာ နိုင်ငံခြားကို ခရီးထွက်သွားတဲ့အတွက် သူပြန်လာတဲ့အချိန်ထိတော့ သပိတ်စခန်းက ဒီအတိုင်းပဲ ရှိနေနိုင်တယ်လို့ ဆန္ဒပြအလုပ်သမားတွေက ဆိုကြပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး စက်ရုံပိုင်ရှင်ဘက်က အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက “ကျွန်မတို့က စက်ရုံကို အပြီးပိတ်တာမဟုတ်ပါဘူး။ အသေးစိတ်ကိုတော့ ကျွန်မတို့ GM က ဇန်န၀ါရီ ၃ ရက်နေ့မှာ မြန်မာနိုင်ငံပြန်ရောက်ပါမယ်။ အဲ့ဒီတော့ သိရမှာပါ။ ဒါပေမဲ့ ကျွန်မတို့ဘက်ကတော့ အားလုံးကို ဥပဒေအတိုင်းပဲဆောင်ရွက်သွားမှာပါ။ ပြီးတော့ ကျွန်မတို့စက်ရုံက ၁၀၀ ရာခိုင်နှုန်းနိုင်ငြံ့ခားရင်းနှီးမြုပ်နှံမှုကုမ္ပဏီဆိုတော့ ဥပဒေအတိုင်းသာဖြစ်စေရပါမယ် ” လို့ ပေါ်ပြူလာနယူးစ်ရဲ့မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားခဲ့ပါတယ်။

စက်ရုံဟာဆိုရင် လည်ပတ်နေတဲ့ သက်တမ်း ၂ နှစ်သာရှိသေးပြီး စက်ရုံမှာရှိတဲ့ လုပ်သက်အရင့်ဆုံး ၀န်ထမ်းဟာလည်း ၁နှစ်နဲ့ ၆လသာရှိကြောင်း အဆိုပါ အမည်မဖော်လိုသူ တာဝန်ရှိသူကထပ်လောင်းဆိုပါတယ်။

စက်ရုံပိတ်ဖို့ စီစဉ်ရတဲ့ကိစ္စကတော့ အစိုးရကနေ သစ်ဝယ်ယူခွင့်ပိတ်လိုက်တဲ့အတွက် ကုန်ကြမ်းမရတော့ဘဲ စက်ရုံပိတ်ဖို့ စီစဉ်ရတာဖြစ်တယ်လို့ သိရပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*