ရန်ကုန်မြို့ပတ်ရထားဟာ အရင်ကထက် မြန်ဆန်လာမှာဖြစ်ပြီး၊နေ့စဉ်စီးနင်းကြမယ့်သူ ၂သိန်းခွဲကျော်အထိရှိလာမယ်

ရန်ကုန်မြို့ပတ်ရထားဟာ အရင်ကထက် မြန်ဆန်လာမှာဖြစ်ပြီး၊နေ့စဉ်စီးနင်းကြမယ့်သူ ၂သိန်းခွဲကျော်အထိရှိလာမယ်
December 27, 2017 AsianFame MediaGroup

4:27 pm
ရန်ကုန်မြို့ပတ်ရထားဟာ အရင်ကထက် မြန်ဆန်လာမှာဖြစ်ပြီး၊နေ့စဉ်စီးနင်းကြမယ့်သူ ၂သိန်းခွဲကျော်အထိရှိလာမယ်

25994939_1665867220142220_8734054587469422462_n

ရန်ကုန်၊ဒီဇင်ဘာ ၂၇

မကြာမှီ ရောက်လာတော့မယ့် အနာဂါတ်မှာ ရန်ကုန်မြို့ပတ်ရထားဟာ အားလုံးအသစ်ပြောင်းလဲတော့မှာဖြစ်တယ်လို့ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအင်ဂျင်စီ( JICA) က ယနေ့နေ့လည်ပိုင်းက ကြေညာပါတယ်။

နိုင်ငံတကာဖွံ့ဖြိုးရေးဂျာနယ် စာတည်းမှူး မစ္စ မိဆုအေး တာမဂခေး (Ms. Mitsue Tamagake) ရဲ့ ရေးသားမှုကို ကိုးကားပြီး အေဂျင်စီက အခုလို ကြေညာတာပါ။

ဂျပန်အစိုးရရဲ့ ကူညီထောက်ပံ့မှုနဲ့ ဒီနှစ်အောက်တိုဘာလကစပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေကို မြန်မာ့မီးရထားက လုပ်ဆောင်နေတဲ့အကြောင်း စတင်ပြောဆိုထားပြီး၊ကုန်ကျစရိတ်ဟာ ငွေကျပ် ဘီလီယံ (၃၀၀) တောင်ရှိတဲ့ စီမံကိန်းကြီးဖြစ်တဲ့အကြောင်း ကြေညာမှုထဲ ဖော်ပြထားတာတွေ့ရပါတယ်။

ဒီဆောက်လုပ်ရေးလုပ်ငန်းပြီးစီးခဲ့ရင် ရထားခရီးစဉ် တစ်ပတ် ပြည့်ဖို့ အချိန် (၁၇၀) မိနစ်ကြာတာကနေ (၁၁၀) မိနစ် လောက်ပဲ ကြာတော့မယ့်အကြောင်း၊
(၁၅) မိနစ်ကနေ မိနစ် (၄၀) ကြာမှ တစ်စီးလာတဲ့ရထားဟာ (၁၀) မိနစ်ကနေ မိနစ် (၁၂) မိနစ်ခြားရောက်လာတော့မယ့်အကြောင်း၊အရင်က အမြန်နှုန်း (၁၅) ကီလိုမီတာနှုန်းနဲ့ နှေးနှေးလေး ပြေးဆွဲနေခဲ့တဲ့ ရထားက အမြန်နှုန်းအမြင့်ဆုံး (၆၀) ကီလိုမီတာအထိ မြန်လာတော့မယ့်အကြောင်းတွေနဲ့တစ်ရက်မှာ ပြေး ဆွဲတဲ့ရထားစီးရေဟာ (၁၂၂) စီးကနေ (၁၇၅) စီးအထိ များပြားလာတော့မယ့်အကြောင်းစတာတွေ ပြောဆိုထားပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြီးစီးပြီဆိုရင် တစ်ရက် ပျမ်းမျှ ရထားစီး ခရီးသည်ဦးရေ ၇ သောင်းကနေ ၂ သိန်း ၆ သောင်းအထိ တိုးတက်လာဖို့ရှိတယ်လို့ လို့လည်း ဂျိုက်ကာက ခန့်မှန်းပြောဆိုထားပါတယ်။

အရင်က အမြန်နှုန်း (၁၅) ကီလိုမီတာနှုန်းနဲ့ နှေးနှေးလေး ပြေးဆွဲနေခဲ့တဲ့ ရထားက အမြန်နှုန်းအမြင့်ဆုံး (၆၀) ကီလိုမီတာအထိ မြန်လာရင် အခုအချိန်နဲ့ မတူတဲ့အန္တရာယ်တွေဖြစ်လာမယ်လို့ သတိပေးလိုက်ပြီး၊အဲဒါတွေကတော့ အကွာ အဝေးတော်တော်လှမ်းလှမ်းမှာ ရှိတယ်လို့ထင်ထားတဲ့ရထားက ချက်ချင်း ဘေးနားကို ရောက်လာတော့မယ်၊ ဒါ့ကြောင့် အရင်ကလို ရထားမြင်တော့မှသံလမ်းကို ဖြတ်ကူးတာတို့၊ လမ်းပေါ်မှာ လမ်းလျှောက် သလိုမျိုး ရထားသံလမ်းပေါ်မှာ လမ်းလျှောက်ပြီး အိမ်ပြန်တာတို့၊ ရထား လမ်းဘေးမှာ အ၀တ်လှမ်းထားတာတို့၊ ပူပြင်းပြီး အိပ်မရတဲ့ညတွေမှာ အေးတဲ့သံလမ်းပေါ်မှာ အိပ်စက်တာတို့၊ စတာတွေမလုပ်ကြဖို့ ဂျိုက်ကာက ကြေညာမှုထဲ ဖော်ပြထားပါတယ်။

ကိုးကား+ဓါတ်ပုံ- ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအင်ဂျင်စီ၊

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*