တိုက်ပွဲဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်အတွင်းသို့ ဆန်သယ်ယူခွင့် ကန့်သတ်ထား

တိုက်ပွဲဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်အတွင်းသို့ ဆန်သယ်ယူခွင့် ကန့်သတ်ထား
December 27, 2017 AsianFame MediaGroup

1:59 pm
တိုက်ပွဲဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်အတွင်းသို့ ဆန်သယ်ယူခွင့် ကန့်သတ်ထား
y

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခု

ပလက်ဝ ၊ ဒီဇင်ဘာ ၂၇

AA နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်းကို ဆန်သယ်ယူခွင့် တပ်မတော်က ကန့်သတ်ထားတယ်လို့သိရပါတယ်။

ဒီဇင်ဘာလ လလယ်လောက်ကစပြီး ကန့်သတ်လိုက်တာဖြစ်ပြီး စစချင်းကန့်သတ်လိုက်တုန်းကဆိုရင် ဆန်ရှားပါးသွားတဲ့အတွက် ဆန်အရောင်းဆိုင်တစ်ချို့ပိတ်ထားခဲ့ရတယ်လို့ ပလက်ဝမြို့နေဒေသခံတွေထံကနေသိရပါတယ်။

လူတစ်ယောက်ကို ဆန်တစ်အိတ်သယ်ယူခွင့်ပြုထားပြီး အရောင်းဆိုင်တွေကိုလည်းကန့်သတ်ခဲ့တယ်လို့သိရပါတယ်။

“ကန့်သတ်ထားပါတယ်။ အဓိကက တိုက်ပွဲဖြစ်နေတော့ တစ်ခြားလက်နက်ကိုင်အဖွဲ့ထံကို ရိက္ခာရောက်မှာစိုးတဲ့အတွက်။ အဲ့ဒီသဘောပါပဲ” လို့ ချင်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေအိုးထီး က ပြောပါတယ်။

ခုရက်ပိုင်းအတွင်းမှာတော့ ဆန်အရောင်းဆိုင်တွေကို ဆန် ၁၅ အိတ် စီသယ်ဆောင်ခွင့်ပေးထားပြီး ၀ယ်ယူစားသောက်လို့ ရနေတယ်လို့ ပလက်ဝမြို့နယ်နေဒေသခံတစ်ဦးဖြစ်သူ မမိုင်းအောင်မဖြူက ဆိုပါတယ်။

“ြ့ပီးခဲ့တဲ့ရက်ပိုင်းကတော့ တော်တော်ရှားသွားတယ်။ အခုတော့ ပြန်အဆင်ပြေနေပါပြီ” လို့ သူက ဆိုပါတယ်။

ချင်းပြည်နယ်ပလက်ဝမြို့နယ်ထဲမှာဆိုရင် တောင်ယာစပါးစိုက်ပျိုးမှုရှိပေမယ့် ထွက်နှုန်းမမှန်တာ ၊ စီးပွားရေးအရသိပ်ပြီးစိုက်ပျိုးခြင်းမရှိတာတွေကြောင့်ဒေသထွက်စပါးနဲ့လောက်ငှမှုမရှိဘဲ တစ်ခြားဒေသတွေကနေ ၀ယ်ယူစားသုံးရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ပလက်ဝမြို့နယ်အထဲမှာ ဆန်အရောင်းဆိုင် ၁၀ ဆိုင်ကျော်ရှိပြီး အဓိက အနေနဲ့ ရခိုင်ပြည်နယ် ကျောက်တော်ဘက်ကနေ ကုလားတန်မြစ်ကြောင်းအတိုင်းဆန်ကိုသယ်ယူရပါတယ်။

အဆိုပါ ကုလားတန်မြစ်ကြောင်းမှာ တပ်မတော်ကနေ ဂိတ်သုံးဂိတ်ထားရှိပြီး လက်ရှိမှာစစ်ဆေးတယ်လို့သိရပါတယ်။

ပလက်ဝမြို့နယ်အထဲမှာဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ AA တို့ရဲ့တိုက်ပွဲတွေကြောင့် ရှင်းလက်ဝရွာနဲ့ ပတ်ဝန်းကျင်းအနီးနားမှာ စုစုပေါင်း စစ်ဘေးရှောင်ဒုက္ခသည် ၆၀၀ ကျော် ရှိတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆိုထားပြီး AA ကတော့ စစ်ဘေးရှောင် ၂၀၀၀ လောက် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆိုထားပါတယ်။

YL

Photo-Tayzar Aung

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*