တရားမ၀င် သစ်မှောင်ခိုလုပ်သူနှင့် ပါဝင်ပတ်သက်သူ ၅၀၀၀နီးပါးကို သက်ဆိုင်ရာက အမှုဖွင့်တရားစွဲဆိုဖမ်းဆီးအရေးယူထား

တရားမ၀င် သစ်မှောင်ခိုလုပ်သူနှင့် ပါဝင်ပတ်သက်သူ ၅၀၀၀နီးပါးကို သက်ဆိုင်ရာက အမှုဖွင့်တရားစွဲဆိုဖမ်းဆီးအရေးယူထား
December 26, 2017 Fame Asian

1:52 pm
တရားမ၀င် သစ်မှောင်ခိုလုပ်သူနှင့် ပါဝင်ပတ်သက်သူ ၅၀၀၀နီးပါးကို သက်ဆိုင်ရာက အမှုဖွင့်တရားစွဲဆိုဖမ်းဆီးအရေးယူထား

26001082_1664901803572095_2056871681993715264_n

ရန်ကုန် ၊ ဒီဇင်ဘာ ၂၆

ယခုနှစ် ၈လ အတွင်း တရားမ၀င် သစ်မှောင်ခိုလုပ်သူနှင့် ပါဝင်ပတ်သက်သူ ၅၀၀၀နီးပါးကို သက်ဆိုင်ရာက အမှုဖွင့်တရားစွဲဆိုဖမ်းဆီးအရေးယူထားကြောင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွေးက Popular News ကို ပြောသည်။

ပိုင်ရှင်မဲ့အပါအ၀င် သစ်မှောင်ခိုလုပ်သူများထံမှ သစ်တန်ချိန် သုံးသောင်းနှစ်ထောင်ကျော် ကို သက်ဆိုင်ရာက သိမ်းဆည်းလိုက်ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုသို့ ဖမ်းဆီးရမိမှုတွင် ရှမ်းပြည်နယ်တောင်ပိုင်းက အများဆုံးဖြစ်ပြီး တရားမဝင်သစ်တန်ချိန် ၉ထောင်ကျော်အထိ ဖမ်းဆီးရမိခဲ့ကြောင်း ဦးကျော်မိုးထွေးက ရှင်းပြသည်။

သစ်မှောင်ခို ဖမ်းဆီးရမိမှု ဒုတိယအများဆုံး နေရာမှာ စစ်ကိုင်းတိုင်းဖြစ်သည်။

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က တရားမဝင် သစ်တန်ချိန်ပေါင်း ငါးသောင်းကျော်ဖမ်းမိခဲ့ပြီး၊ သစ်မှောင်ခိုလုပ်သူ နှင့် ပါဝင်ပတ်သက်သူ ၈၃၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့သည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*