မန္တလေးက အစိုးရဆန့်ကျင်ရေးသပိတ်စခန်းခေါင်းဆောင်တွေရဲ့အမှု လာမယ့်ရုံးချိန်းမှာ အပြီးသတ် အမိန့်ချမယ်

မန္တလေးက အစိုးရဆန့်ကျင်ရေးသပိတ်စခန်းခေါင်းဆောင်တွေရဲ့အမှု လာမယ့်ရုံးချိန်းမှာ အပြီးသတ် အမိန့်ချမယ်
December 20, 2017 Fame Asian

2:58 pm
မန္တလေးက အစိုးရဆန့်ကျင်ရေးသပိတ်စခန်းခေါင်းဆောင်တွေရဲ့အမှု လာမယ့်ရုံးချိန်းမှာ အပြီးသတ် အမိန့်ချမယ်

news

မန္တလေး၊ ဒီဇင်ဘာ ၂၀

မန္တလေးက အစိုးရဆန့်ကျင်ရေးသပိတ်စခန်းခေါင်းဆောင်တွေရဲ့အမှုဟာ ဒီနေ့(ဒီဇင်ဘာလ ၂၀ ရက်)မှာပဲ နှစ်ဘက်လျှောက်လဲချက်တွေ အဆုံးသတ်ပြီးစီးသွားပြီဖြစ်တာကြောင့် လာမယ့်ရုံးချိန်းမှာ အပြီးသတ်အမိန့်ချသွားတော့မှာပါ။

“တရားရုံးဥပဒေပါအခွင့်အရေးတွေပေးပြီးဖြစ်လို့ ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမှာပဲဖြစ် ပါတယ်၊ နောက်တစ်ကြိမ်ရုံးချိန်းကို ဒီဇင်ဘာ ၂၇ ရက်ချိန်းဆိုထားပါတယ်” လို့ တရားရုံး တာဝန်ရှိသူကပြောပါတယ်။

ရုံးချိန်း ၁၆ ကြိမ်အတွင်း တရားလိုပြသက်သေတွေကို အဓိကစစ်ဆေးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရုံးချိန်း ၂ ကြိမ်မှာမှတော့ တရားစွဲခံရသူတွေအတွက်လဥပဒေပါအခွင့်အရေးဖြစ်တဲ့ ပြန်ခေါ်သက်သေ ၃ ဦး ပြန်လည်ခေါ်မေးခွင့်ပြုခဲ့ပါတယ်။

news1

ဒီနေ့ရုံးချိန်းမှာ သံဃာတော်တွေဘက်က ၄င်းတို့ အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးအတိုင်း လုပ်ဆောင်ခဲ့တာဖြစ်လို့ အပြစ်မရှိကြောင်း လျှောက်လဲခဲ့သလို တရားသူကြီးရဲ့ မေးခွန်းတစ်ချို့နဲ့ပတ်သက်လို့လည်း ဖြေစရာမရှိ ကြောင်းထွက်ဆိုသွားခဲ့ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးအတိုင်း ကြွေးကြော်ခဲ့တယ်၊ အပြစ်မရှိလို့ အပြစ်မရှိဘူးလို့ဘဲဖြေတာပါ၊ တရားဥပဒေစိုးမိုးမှုအတိုင်း ဆောင်ရွက်ပါလို့ပဲ ဘုန်းကြီးတို့ကပြောချင်တယ်” လို့ တရားစွဲခံဆရာတော်တစ်ပါးဖြစ်တဲ့ တောင်သာလေးဆရာတော် ဦးအဂ္ဂဓဇကမိန့်ပါတယ်။

တရားစွဲခံရတဲ့ ဆရာတော်တွေရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ အထက်တန်းရှေ့နေဦးအောင်ရဲစိုးကလည်း ဆန္ဒပြသူတွေဟာ ဥပဒေနဲ့အညီ ၄င်းတို့ရဲ့ ဆန္ဒကိုထုတ်ဖော်ကြတာဖြစ်ကြောင်း၊ အစိုးရ ရဲ့ အားနည်းချက်အပေါ် ကောင်းမွန်တဲ့အခြေအနေတစ်ခု ဖန်တီးပေးဖို့ မက်ဆေ့ခ်ျပေးလိုတာကြောင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတာပဲဖြစ် ကြောင်း၊ တရားလိုဘက်ကစွပ်စွဲထားသလိုဆူပူအုံကြွအောင် အစိုးရအကြည်ညိုပျက်အောင် လုပ်တာလို့မမြင်မိပါကြောင်း ဒါကြောင့်မို့လို့လည်း အပြစ်မရှိပါလို့တင်ပြလျှောက်ထားခဲ့ကြောင်း သတင်းထောက်တွေနဲ့တွေ့ဆုံပြောပါတယ်။နောက်တစ်ကြိမ်ရုံးချိန်းကို ဒီဇင်ဘာ ၂၇ ရက် ထပ်မံချိန်းဆိုထားပြီး အဲဒီနေ့မှာ အပြီးသတ်အမိန့်ချမှာလို့သိရပါတယ်။

သတင်း + ဓာတ်ပုံ – စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*