City Taxi မှတ်ပုံတင်ခြင်းကို ယခုနှစ်ကုန်နောက်ဆုံးထားပြုလုပ်ရန် သတ်မှတ်ထားသော်လည်း ယာဉ်အစီးရေ များလွန်းသောကြောင့် ရက်ထပ်တိုး ပေးရန်စီစဉ်နေ

City Taxi မှတ်ပုံတင်ခြင်းကို ယခုနှစ်ကုန်နောက်ဆုံးထားပြုလုပ်ရန် သတ်မှတ်ထားသော်လည်း ယာဉ်အစီးရေ များလွန်းသောကြောင့် ရက်ထပ်တိုး ပေးရန်စီစဉ်နေ
December 11, 2017 Asian Fame

5:08 pm
City Taxi မှတ်ပုံတင်ခြင်းကို ယခုနှစ်ကုန်နောက်ဆုံးထားပြုလုပ်ရန် သတ်မှတ်ထားသော်လည်း ယာဉ်အစီးရေ များလွန်းသောကြောင့် ရက်ထပ်တိုး ပေးရန်စီစဉ်နေ

CityTaxi(နေပြည်တော်၊ ဒီဇင်ဘာ ၁၁)

City Taxi မှတ်ပုံတင်ခြင်းကို ယခုနှစ်ဒီဇင်ဘာလ၃၁ရက်နေ့နောက်ဆုံးထားကာမှတ်ပုံတင်ရန်သတ်မှတ်ထားသော်လည်းယာဉ်အစီးရေများပြားသည့်အတွက်ရက် ထပ်တိုးပေးရန်စီစဉ်လျက်ရှိကြောင်းYRTAမှသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိအဌား ယာဉ်အဖြစ် မှတ်ပုံတင်ထားသည့် Taxi ယာဉ်အားလုံးကို ဒီဇင်ဘာလ၃၁ရက်နောက်ဆုံးထားကာCity Taxi အဖြစ် မှတ်ပုံတင်ရန် သတ်မှတ်ထားသော်လည်း မှတ်ပုံတင်ပြုလုပ်သည့်ယာဉ်အစီးရေ များပြားလွန်းနေပြီးအချိန်မလုံလောက်သည့် အတွက် ရက်ထပ်တိုးပေးရန်ရန်ကုန်တိုင်းဒေသကြီးအများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ထံတင်ပြထားကြောင်း YRTA City Taxi မှတ်ပုံတင်ဌာနမှသိရသည်။

အဌားယာဉ်များကို City Taxiအဖြစ်မှတ်ပုံတင်ရန် နိုဝင်ဘာလ(၁၂)ရက်တွင်စတင်ကြေညာခဲ့ပြီး လာရောက်မှတ်ပုံတင်မှုများပြားခဲ့သည့်အတွက် မှတ်ပုံတင်သည့်နေရာ ထပ်တိုးဖွင့်လှစ်ပေးခဲ့သည်။ ယခုအခါ မှတ်ပုံတင်ပြုလုပ်သည့် ယာဉ်အစီးရေ မှာနေ့စဉ် သုံးရာဝန်းကျင်ခန့်ရှိနေပြီး သတ်မှတ်ရက် အတွင်း ယာဉ်အားလုံးမှတ်ပုံတင်ပြုလုပ်နိုင်မည် မဟုတ်သည့်အတွက် တစ်လခန့် ရက်ထပ်တိုးခွင့်ပြုနိုင် ရန် မှတ်ပုံတင်ဌာမှ YRTAသို့ တင်ပြထားခြင်းဖြစ် သည်။

“တစ်ရက်ကိုအစီး သုံးရာဝန်းကျင်လောက်အထိလာပြီး မှတ်ပုံတင်နေကြတယ်။ဒီလထဲမှာပိတ်ရက်တွေကလည်း များနေတော့ နောက်တစ်လလောက်ထပ်တိုးပေးဖို့ YRTA ကိုတင်ပြထားပါတယ်။တိုးပေးမှာပါ”ဟု အင်းစိန်City Taxi မှတ်ပုံတင်ဌာနခွဲ မှတာဝန်ရှိသူတစ်ဦးကဆိုသည်။

လက်ရှိတွင်ရန်ကုန်တိုင်းဒေသကြီးအတွင်းအဌားယာဉ်အဖြစ်မှတ်ပုံတင်ထားသောTaxi အရေအတွက် ၆၇၀၀၀ ကျော်ရှိပြီး City Taxi အဖြစ် မှတ်ပုံတင်ရန်တစ်ရက်လျှင် တိုကင် (၂၀၀) မှ (၃၀၀)အကြားရှိနေပြီးယာဉ်အစီးရေများပြားခြင်း ကြောင့်ယာဉ်ကြောပိတ်ဆို့မှုများလည်းဖြစ်ပွားခဲ့သည်။

City taxi မှတ်ပုံတင်ရာတွင်လုပ်ငန်းဆောင်ရွက်မှုမြန်ဆန်စေရန်ဝန်ထမ်းအင်အားထပ်တိုးပြီးခရိုင်နှစ်ခုစီခွဲ၍လုပ်ဆောင်ခဲ့သော်လည်းtaxiအရေအတွက်များပြားသည့်အတွက်သတ်မှတ်ရက် ကိုထပ်တိုးပေးရန်တင်ပြထားကြောင်း YRTA City Taxi မှတ်ပုံတင်ဌာနမှသိရသည်။

အောင်ပြည့်စုံ
ဓာတ်ပုံ – အောင်နိုင်စိုး(ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*