စဉ့်ကူးမြို့နယ်ထဲက စက်သုံးဆီ အရောင်းဆိုင်ကို မျက်နှာဖုံးစွပ် လုယက်မှုလုပ်ခဲ့သည့် အမျိုးသား ၃ ဦးကို ရဲဖမ်းမိ

စဉ့်ကူးမြို့နယ်ထဲက စက်သုံးဆီ အရောင်းဆိုင်ကို မျက်နှာဖုံးစွပ် လုယက်မှုလုပ်ခဲ့သည့် အမျိုးသား ၃ ဦးကို ရဲဖမ်းမိ
December 11, 2017 Asian Fame

11:46 am
စဉ့်ကူးမြို့နယ်ထဲက စက်သုံးဆီ အရောင်းဆိုင်ကို မျက်နှာဖုံးစွပ် လုယက်မှုလုပ်ခဲ့သည့် အမျိုးသား ၃ ဦးကို ရဲဖမ်းမိ

(မန္တလေး၊ ဒီဇင်ဘာ ၁၁)

၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ မနက် ၃နာရီ အချိန်က စဥ့်ကူးမြို့နယ်၊ရွာတော်လေးကျေးရွာအတွင်း ဖွင့်လှစ်ထားသည့် “စိန်မြန်မာ” စက်သုံးဆီ အရောင်းဆိုင် ကို မျက်နှာဖုံးစွပ် အမျိုးသား ၃ဦးက ၀င်ရောက်လုယက်မှုပြုလုပ်ခဲ့ရာထိုသူ ၃ဦးကို ရဲက ယမန်နေ့က ဖမ်းမိပြီဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့တွင် ကြေညာသည်။

ယင်း မျက်နှာဖုံးစွပ် အမျိုးသား ၃ဦးသည် ဒီဇင်ဘာလ ၉ ရက်နေ့ မနက်အစောပိုင်းက ဆိုင်ကယ် ၁စီးဖြင့် စက်သုံးဆီဆိုင်ထဲသို့ ဓါးကိုင် ၀င်ရောက်လာကာ ”အော်လျှင်သတ်ပစ်မည်”ဟု ခြိမ်းခြောက်၍ ဖုန်း ၃ လုံး၊ စက်သုံးဆီ ရောင်းရငွေ များအပါအ၀င် ၀န်ထမ်းများ၏
ငွေကျပ် ၉သိန်းကျော် နှင့် ပုဆိုး ၈ထည် တို့ကို ယူဆောင်သွားကြသူတို့ဖြစ်သည်ဟု ၀န်ကြီးဌာနက ပြောဆိုထားသည်။

ယင်းအပြင် ဆိုင်အတွင်းထဲက ၀န်ထမ်းများကိုလည်း ထို၃ဦးက လက်ပြန်ကြိုးတုတ် ကာ ထားခဲ့ကြသေးသည်။

ထိုသူတို့ကို လက်ပန်လှရဲကင်းစခန်းက (ပ)၂၇၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၉၂ (လုယက်မှု)ဖြင့် အမှုဖွင့် စုံစမ်းခဲ့ရာ
ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် “စိန်မြန်မာ” စက်သုံးဆီ အရောင်း ဆိုင်တွင် လုယက်မှုကျူးလွန်ခဲ့သူထဲမှ ၂ဦးဖြစ်သည့် ထွန်းလင်းအောင်(၂၇)နှစ် ပါ ၂ ဦးကို ဖုန်း ၂ လုံး၊ ငွေ ၃၇၀,၀၀၀ ကျပ်၊ ဓါးချွန်း ၁ ချောင်းတို့နှင့်အတူ ကျည်တော်ပေါက်ကျေး ရွာ၊ (၈)ရပ်ကွက်ရှိ လူနေထိုင်ခြင်းမရှိသည့် တဲအတွင်းမှ ဖမ်းဆီးရမိခဲ့သည်။

ကျန် ၁ဦးဖြစ်သည့် တရားခံ လူမုန်း(ခ)သန်းထိုက်ကို မိုးကုတ်မြို့နယ် ရေပူရပ် ကွက်နှင့် ကတုတ်ကျေးရွာလမ်းမ၌ ဖမ်းဆီး ရမိခဲ့ကြောင်း ၀န်ကြီးဌာနက ထည့်သွင်းပြောဆိုထားသည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*