ရန်ကုန်တိုင်းအစိုးရအဖွဲ့ မှ တိုင်းလွှတ်တော်တွင်ဖြေကြားမှု လူထုခေါင်းဆောင်စကားနဲ့ ဆန့် ကျင်နေဟု တိုက်ကြီးအမတ်ဝေဖန်

ရန်ကုန်တိုင်းအစိုးရအဖွဲ့ မှ တိုင်းလွှတ်တော်တွင်ဖြေကြားမှု လူထုခေါင်းဆောင်စကားနဲ့ ဆန့် ကျင်နေဟု တိုက်ကြီးအမတ်ဝေဖန်
December 8, 2017 Fame Asian

3:52 pm
ရန်ကုန်တိုင်းအစိုးရအဖွဲ့ မှ တိုင်းလွှတ်တော်တွင်ဖြေကြားမှု လူထုခေါင်းဆောင်စကားနဲ့ ဆန့် ကျင်နေဟု တိုက်ကြီးအမတ်ဝေဖန်

img2

ရန်ကုန် ၊ ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တိုင်းအစိုးရအဖွဲ့ မှ ပြန်လည်ဖြေကြားမှုတစ်ခုနဲ့ ပတ်သတ်ပြီး လူထုခေါင်းဆောင်ရဲ့စကားနဲ့ ဆန့် ကျင်နေတယ်လို့ တိုက်ကြီးမြို့ နယ်မှလွှတ်တော်ကိုယ်စားလှယ်က ဒီကနေ့ တိုင်းလွှတ်တော်မှာ ဝေဖန်ပြောကြားလိုက်ပါတယ်။

YBS ၅၅ ယာဉ်လိုင်းမှပြောင်းလဲပြေးဆွဲစေခဲ့တဲ့ YBS ၉၀ ယာဉ်လိုင်းဟာ တိုက်ကြီးမြို့ နယ်နဲ့  ရန်ကုန်မြို့ ထဲကို တိုက်ရိုက်မရောက်တာကြောင့် ပြေးဆွဲနိုင်ရန် စီစဉ်ပေးရန်ရှိမရှိ မေးခွန်းမေးမြန်းမှုကို လတ်တလောမရှိသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လျှပ်စစ် စက်မှု လက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဒေါ်နီလာကျော်ကပြန်လည်ဖြေကြားမှုအပေါ် တိုက်ကြီးမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးတင်ရှိန်က လူထုခေါင်းဆောင်ရဲ့ ပြည်သူနဲ့ အတူဆိုတာနဲ့ ဆန့် ကျင်နေတယ်လို့ ဝေဖန်ပြောကြားခဲ့တာပါ။

”အဓိကမေးချင်တာက ကျွန်တော်တို့ မဲဆန္ဒရှင်ပြည်သူများရဲ့ အခက်အခဲကိုပါ။ကျွန်တော်စောစောက တင်ပြခဲ့သလိုပါပဲ မြို့ ထဲကို တိုက်ရိုက်ရောက်အောင် တစ်ဆင့်တည်းစီးရအောင် ၀န်ကြီးအနေနဲ့ စီစဉ်မှုမရှိဘူးလို့ ဖြေကြားသွားတာ သတိထားမိပါတယ် ဒါမို့ လို့ ကျွန်တော်တို့ ခေါင်းဆောင်ကပြောတဲ့ ပြည်သူနဲ့ အတူဆိုတဲ့ဟာကို ဆန့် ကျင်နေပြီုဖစ်ပါတယ် တိုက်ကြီးတစ်မြို့ နယ်လုံးမှာရှိနေတဲ့ခရီးသွားပြည်သူများရဲ့ မြို့ ထဲကို တိုက်ရိုက်ရောက်ရှိရေးက ယာဉ်လိုင်း၉၀ သွားမှမဟုတ်ပါဘူး ဘယ်လိုင်းကိုပဲဆွဲဆွဲကျွန်တော်တို့ မပြောလိုပါဘူးဒီအစီအစဉ်ကို ၀န်ကြီးကနေ အစီအစဉ်မရှိသေးပါးဘူးဆိုတာကို လွှတ်တော်ကြီးကမှတ်ထားမှာပါ” လို့ ၎င်းကပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်းက တိုက်ကြီးအထိပြေးဆွဲတဲ့ YBS ၅၅ ယာဉ်လိုင်းနဲ့ YBS ၃၇ ယာဉ်လိုင်းတို့ ယာဉ်မတော်တဆဖြစ်ခဲ့ပြီး ၁၀ ဦးသေဆုံးခဲ့ကာ အတွင်းလူနာ ၂၄ ဦးနဲ့ အပြင်လူနာ ၃၃ ဦးတို့ ဆေးကုသမှုခံယူခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ယင်းဖြစ်စဉ်အပြီး ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွက်ကဲမှုအာဏာပိုင်အဖွဲ့ က YBS ၅၅ ယာဉ်လိုင်းကို ပိတ်သိမ်းလိုက်ကာ ယင်းယာဉ်လိုင်းမှ ယာဉ်များကို YBS ၉၀ ယာဉ်လိုင်းအဖြစ်ပြောင်းလဲပြေးဆွဲစေခဲ့တာဖြစ်ပါတယ်။ လျှပ်စစ် စက်မှု လက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဒေါ်နီလာကျော်ကတော့ ဝေဖန်မှုကိုပြန်လည်ငြင်းဆိုပါတယ်။

”တိုက်ကြီးကခရီးသည်တွေကို မြို့ တွင်းကို သွားလာခွင့်မပြုဘူးဆိုတာ ဒါတော့ကျွန်မတို့ အနေနဲ့ ငြင်းဆိုပါတယ်။ ကျွန်မတို့ ကလုံးဝအစီအစဉ်မရှိဘူးပြောတာမဟုတ်ပါဘူး။ ဒီမြို့ တွင်းအထိ သယ်ယူပို့ ဆောင်နိုင်မယ့် ကျွန်မတို့ ဘက်က အဆင့်သတ်မှတ်ထားတဲ့ ယာဉ်တွေရဲ့အဆင့်ကိုမီလာရင် ခွင့်ပြုမှာဖြစ်ပါတယ်” လို့ ၎င်းကပြောပါတယ်။

တိုက်ကြီးမှပြေးဆွဲနေတဲ့ YBS ၉၀ ယာဉ်များကိုပိုင်ဆိုင်တဲ့ ရန်ကုန်မြောက်ပိုင်းတိုက်ကြီးသားအများနဲ့ သက်ဆိုင်သောကုမဏီဟာ ဥက္ကံ-တိုက်ကြီးမှ ပြည်လမ်း-၈မိုင်လမ်းဆုံ-ကမာရွတ်-လှည်းတန်း-ကြည်မြင့်တိုင်-သခင်မြပန်းခြံ လမ်းကြောင်းကို YRTA ကိုတင်ပြခဲ့ပေမယ့် ယင်းလမ်းကြောင်းဟာ ယာဉ်ကြောကြပ်တည်းမှုလမ်းကြောင်းဖြစ်နေတဲ့အတွက် ယခုပြေးဆွဲနေတဲ့လမ်းကြောင်းကိုပြေးဆွဲစေခြင်းဖြစ်ကြောင်းနဲ့ လက်ရှိယာဉ်များကို အဆင့်မြင့်တင်ဖို့ တွန်းအားပေးဆောင်ရွက်နေတယ်လို့ ဒေါ်နီလာကျော်ကပြောပါတယ်။

မေးခွန်းမေးမြန်းခဲ့တဲ့ တိုက်ကြီးမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က ” လက်ရှိပြန်ကြည့်ရင် ကျွန်တော်တို့ မြို့ နယ်ကိုပြန်ကြည့်ရင် ထန်းတပင်မြို့ နယ် မြို့ ထဲကိုပြည်လမ်းအတိုင်းရောက်ပါတယ် လှည်းကူးမြို့ နယ် တိုက်ရိုက်ရောက်ပါတယ် မှော်ဘီမြို့ နယ် တိုက်ရိုက်ရောက်ပါတယ် လွှတ်တော်ကြီးကိုဖြတ်ပြီး သခင်မြပန်းခြံမှာရပ်တာရှိသလိုဗိုလ်တစ်ထောင်ကိုဆွဲတာလည်းရှိတယ် ကျွန်တော်တို့ တိုက်ကြီးတစ်မြို့ နယ်ထဲသာ ပြည်လမ်းကဆွဲခွင့်မရှိဘူးဆိုတဲ့ကိစ္စကတော့ မဲဆန္ဒရှင်ပြည်သူတွေကို ဘယ်လိုပြန်ဖြေရမှန်းမသိတဲ့မေးခွန်းဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*