ဘိန်းအစားထိုး စိုက်ပျိုးခဲ့သည့် တန်းမြင့်ကော်ဖီ များကို ပြင်သစ် အခြေစိုက် Malongo မှ (၅)နှစ် စာချုပ်ဖြင့် ဝယ်ယူရန် ပြည်တွင်း Green Gold သမဝါယမ အသင်းနှင့် လက်မှတ်ရေးထိုးနိုင်ခဲ့

ဘိန်းအစားထိုး စိုက်ပျိုးခဲ့သည့် တန်းမြင့်ကော်ဖီ များကို ပြင်သစ် အခြေစိုက် Malongo မှ (၅)နှစ် စာချုပ်ဖြင့် ဝယ်ယူရန် ပြည်တွင်း Green Gold သမဝါယမ အသင်းနှင့် လက်မှတ်ရေးထိုးနိုင်ခဲ့
December 7, 2017 Asian Fame

11:56 am
ဘိန်းအစားထိုး စိုက်ပျိုးခဲ့သည့် တန်းမြင့်ကော်ဖီ များကို ပြင်သစ် အခြေစိုက် Malongo မှ (၅)နှစ် စာချုပ်ဖြင့် ဝယ်ယူရန် ပြည်တွင်း Green Gold သမဝါယမ အသင်းနှင့် လက်မှတ်ရေးထိုးနိုင်ခဲ့

Green-Gold(နေပြည်တော် ၊ဒီဇင်ဘာ ၇)

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဘိန်းအစားထိုးစိုက်ပျိုးခဲ့သည့် တန်းမြင့်ကော်ဖီများကို ပြင်သစ်အခြေစိုက် Malongo ကုမ္မဏီမှ (၅)နှစ်ဆက်တိုက်ဝယ်ယူ ရန် Green Gold သမဝါယမအသင်းနှင့် သဘောတူစာချုပ် ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

စာချုပ်အရ Green Goldသမဝါယမအသင်း၏ ရှမ်းပြည်နယ်အတွင်းရှိ ဟိုပုန်း၊လွိုင်လင်နှင့်ရွာငံမြို့နယ်များရှိ ကျေးရွာပေါင်း (၆၀)ခန့် မှနှစ်စဉ်ထွက်ရှိလာမည့် တန်းမြင့်ကော်ဖီများကို Malogo ကုမ္မဏီသို့ ကမ္ဘာ့ကော်ဖီပေါက်ဈေးများအတိုင်း ရောင်းချနိုင်မည်ဖြစ်သည်။

“ကော်ဖီတွေစိုက်ပျိုးနိုင်ဖို့ နည်းပညာနဲ့မျိုးစေ့အပြင်အဓိကကျတဲ့ဆွတ်ခူးတဲ့အပိုင်း၊သိုလှောင်တဲ့အပိုင်းတွေကို ODC ကအကူအညီတွေပေးပါတယ်။Malogo နဲ့ချုပ်တဲ့စာချုပ်မှာက (၅)နှစ်ဆက်တိုက်ဝယ်မယ်ဆိုပေမယ့်တစ်နှစ်စာတစ်နှစ် စာချုပ်ချုပ်မှာပါ။ခုနှစ်မှာတန်ချိန်(၃၈)တန်စထွက်ပါတယ်။လာမယ့်နှစ်တွေမှာ အခုထက်အများကြီး ပိုထွက်လာဖို့ရှိနေပါတယ်။သူတို့ကလည်း ဝယ်ဖို့ရှိနေပါတယ်။စိုက်ပျိုးတောင်သူတွေအနေနဲ့တော့ အမှတ်(၈၀)နဲ့အထက်ရှိအောင်ထုတ်ဖို့တော့လိုပါတယ်”ဟု Green Goldသမဝါယမအသင်းဥက္ကဌ ဦးလှစိုးကဆိုသည်။

Green Goldသမဝါယမအသင်းတွင် ရွာပေါင်း (၆၀)ကျော်ရှိ တောင်သူ(၁၂၀၀)ကျော်ခန့် ပါဝင်ပြီးစိုက် ဧကအားလုံး တွင်တန်းမြင့်ကော်ဖီများစိုက်ပျိုးနိုင်ပါက တစ်နှစ်လျှင်တန်ချိန် တစ်ထောင်ကျော်အထိ ဈေးကွက်တင်ပို့နိုင်မည်ဖြစ်သည်။

မြန်မာ့ကော်ဖီများသည် ကမ္ဘာ့ဈေးကွက်တွင် တန်းဝင်အဆင့်ရှိနေပြီး ရှမ်းပြည်နယ်အတွင်းရှိ ဘိန်းစိုက်ဧရိယာများအစားတွင် ကော်ဖီများကို စနစ်တကျစိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်ရန် အစိုးရနှင့်INGOအဖွဲ့များအပြင် ဒေသအလိုက်သက်ဆိုင်ရာအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျှက်ရှိနေသည်။

ဟိုပုန်း၊လွိုင်လင်နှင့်ရွာငံမြို့နယ်များတွင် (၂၀၁၄)ခုနှစ်မှစတင်စိုက်ပျိုးခဲ့သော တန်းမြင့်ကော်ဖီများမှာယခုနှစ်တွင်ဥရောပဈေးကွက်သို့စတင် ထိုးဖောက်တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ယခုနှစ်တွင်(၃၈)တန်စတင်ရောင်းချနိုင်ခဲ့ပြီးတစ်ပိသာလျှင် ကျပ်(၈၅၀၀)ဝန်းကျင်အထိဈေးရခဲ့သည်။ဆက်လက်ပြီး လာမည့်နှစ်များတွင် နှစ်အလိုက်တန်ချိန်ပိုမိုထုတ်လုပ်နိုင်ရန် Green Gold သမဝါယမအသင်းက ရည်ရွယ်ထားပြီး (၅)နှစ်အတွင်းစုစုပေါင်း တန်ချိန်(၁၅၀၀)ခန့်အထိ ထုတ်လုပ်နိုင်မည်ဟု အသင်းဥက္ကဌ ဦးလှစိုးကဆိုသည်။

ဘိန်းအစားထိုး ကော်ဖီများကိုစိုက်ပျိုးရာတွင် တောင်သူများ၏လူနေမှုဘဝများကို UNODC မှစစ်တမ်းများကို ကောက်ယူခဲ့ပြီး ဘိန်းစိုက်ပျိုးစဉ်က တောင်သူများ၏တစ်နှစ်ဝင်ငွေသည်ဒေါ်လာနှစ်ထောင်ခန့်ရှိခဲ့ပြီး ယခုတန်းမြင့်ကော်ဖီများစိုက်ပျိုးရာတွင်လည်း ဒေါ်လာနှစ်ထောင်အောက်လျော့နည်းခြင်းမရှိသည့် အခြေအနေမျိုး ရရှိရန် စီစဉ်ထားကြောင်းUNODC မှ အရှေ့တောင်အာရှ ပစိဖိတ်ဆိုင်ရာကိုယ်စားလှယ် Mr.Jeremy Douglas ကဆိုသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*