မန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြရန် မြန်မာဝန်ကြီးချုပ်နှစ်ဦးက နိုင်ငံတကာမှ လုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့

မန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြရန် မြန်မာဝန်ကြီးချုပ်နှစ်ဦးက နိုင်ငံတကာမှ လုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့
December 4, 2017 Asian Fame

7:37 pm
မန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြရန် မြန်မာဝန်ကြီးချုပ်နှစ်ဦးက နိုင်ငံတကာမှ လုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့

ရန်ကုန်၊ ဒီဇင်ဘာ ၎

ကိုးလ်ကတ္တားမြို့၌ ကျင်းပခဲ့သည့် Horasis Asia Meeting သို့တက်ရောက်ခဲ့ကြသော မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့က ထိုသို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၌ ကျင်းပခဲ့သော Horasis Asia Meeting ကို အနောက်ဘင်္ဂလားပြည်နယ်နှင့် အိန္ဒိယကုန်သည်ကြီးများအသင်း(ICC)တို့မှ ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံပေါင်း၆၅ နိုင်ငံမှ ဦးဆောင်လုပ်ငန်းရှင်ပေါင်း ၃၅၀ ကျော်တို့တက်ရောက်ခဲ့ကြသည်။

24296339_1622727081104584_8936457100023997482_n

ထိုဆွေးနွေးပွဲတွင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မန္တလေးတိုင်း၏ တည်နေရာ အချက်အခြာကျမှု၊ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံတို့ ရေရှည်ဆက်ဆံရေးတည်မြဲမှု၊ နှစ်နိုင်ငံ၏ ခိုင်မာသော ယဉ်ကျေးမှု ယုံကြည်ချက်များနှင့် အခြားသော တူညီမှုများကို အဓိကထား၍ တင်ပြဆွေးနွေးခဲ့သည်။

ဒေါက်တာဇော်မြင့်မောင်က မန္တလေးဒေသသည် ပဲမျိုးစုံ၊ သစ်သီးဝလံနှင့် အသီးအရွက်များ၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းတို့၏ ဆုံမှတ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးဖြစ်ပြီး လူဦးရေ ၆သန်းကျော်ရှိကာ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် နေရာကောင်းဖြစ်ကြောင်း၊ အထူးသဖြင့် အာနန္ဒာဘုရားကို ပြန်လည်ပြင်ဆင်မွမ်းမံရန် အိန္ဒယနိုင်ငံမှ ရည်မှန်းထားသည့် အချက်တို့ကို ထည့်သွင်းပြောကြားခဲ့ပြီး ဒေသတွင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ရင်းနှီးမြှုပ်နှံသူတို့ ပါဝင်ကြရန်ဖိတ်ခေါ်ခဲ့ကာ အိန္ဒိယ၀န်ကြီးချုပ် မစ္စတာ နာရန်ဒရာ မိုဒီ၏ Look East ပေါ်လစီကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အဖွဲ့ကလည်း အိန္ဒိယနိုင်ငံရှိ ပြည်နယ်များနှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကျိုးအမြတ် ရရှိနိုင်သည့် ရင်းနှီးမြုပ်နှံမှုများနှင့် စပ်လျဉ်းသော ထင်မြင် ယူဆချက်များအား အခမ်းအနားသို့ တက်ရောက်လာသူများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ကျောက်မီးသွေး ပေါကြွယ်ဝမှုကြောင့် စွမ်းအင်ကဏ္ဍ၊ ရေအားလျှပ်စစ် စီမံကိန်းများနှင့် အခြားသော ဆက်စပ်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံသူများအတွက် အထူး သင့်လျော်ကြောင်း ကိုလည်း ဒေါက်တာမြင့်နိုင်က ထောက်ပြပြောဆိုခဲ့သည်။

လူဦးရေ ၅ ဒသမ ၃ သန်းခန့်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးသည် သဘာဝ သယံဇာတများ ပေါကြွယ်ဝသည့်အပြင် သစ်တောဧက ၉ သန်း၊ စိုက်ပျိုးမြေဧက ၅ သန်းကျော်နှင့် မြေလွတ်မြေရိုင်း ဧကပေါင်း ၄ သန်းကျော်အားလည်း ပိုင်ဆိုင်ထားကြောင်း၊ အထက်မြန်မာပြည်၏ စပါးကျီ ဖြစ်ကြောင်းတို့ကိုလည်း ထပ်ဆောင်းပြောကြားခဲ့သည်။

ထို့အပြင် စစ်တွေဆိပ်ကမ်းသည် ကိုးလ်ကတ္တား ဆိပ်ကမ်းနှင့် ရေမိုင်ပေါင်း ၄၂၀ ခန့်သာ ကွာဝေးသည့်အတွက် အဆိုပါ ဆိပ်ကမ်းအား ပြည့်စုံစွာအဆင့်မြှင့်တင်ပေးပါက ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် ကြာမြင့်ချိန်နှင့် ကုန်ကျငွေများ ပိုမိုလျော့နည်းသွားမည်ဖြစ်ကြောင်းကိုလည်းပြောကြားခဲ့သည်။

အာဆီယံဒေသအတွင်း အလားအလာရှိ ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေး အခွင့်အလမ်းများအား စူးစမ်း ရှာဖွေနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့သည့် အဆိုပါ Horasis Asia Meeting သို့ တက်ရောက်လာကြသည့် နိုင်ငံတကာမှ အမှုဆောင် အရာရှိချုပ်များနှင့် ရင်းနှီးမြှုပ်နှံသူများက ဒေါက်တာ ဇော်မြင့်မောင်နှင့် ဒေါက်တာ မြင့်နိုင်တို့၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ပတ်သက်သည့် ဆွေးနွေး ပြောဆိုမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့ကြသည်။

မြန်မာဝန်ကြီးချုပ်များက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအား တိုးတက်ဖွံ့ဖြိုးစေမည့် နည်းပညာများ အစရှိသည့် နိုင်ငံတိုးတက် ဖွံ့ဖြိုးမှုအပေါ် ပိုမိုအထောက်အကူဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံသို့ လာရောက်ကြရန် ဖိတ်ခေါ်ခဲ့ကြသေးသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ စီးပွားရေး နယ်ပယ် အသီးသီးမှ ထိပ်တန်း လုပ်ငန်းရှင် အချို့လည်း တက်ရောက် ခဲ့ကြပြီး၊ တက်ရောက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ ထဲတွင် Sandanila Investments ၏ Managing Partner ဒေါ်သီရိသက်မွန်၊ မဇ္ဈိမ မီဒီယာဂရု၏ Editor-In-Chief နှင့် Managing Director ဦးစိုးမြင့်၊ Information Matrix ၏ Managing Director ဖြစ်သူ ဦးသောင်းစုငြိမ်း၊ Parami Energy ၏ Chief Executive Officer ဦးပြည့်ဝထွန်း၊ Mango Group ၏ Founder နှင့် Co-founder ဖြစ်သူ ဒေါ်အေးနှင်းဆွေ(Rose Swe)၊ Myanmar Innovative Life Sciences ၏ Chief Executive Officer ဦးကျော်ထက်သူနှင့် Maximax Solution ၏ Chief Executive Officer ဦးသန်းအောင်တို့ ပါဝင်ကြကြောင်းသိရသည်။

မြန်မာနှင့် အိန္ဒိယခေါင်းဆောင်များအနေဖြင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်များကို တိုးမြှင့်ဆောင်ရွက်လျှက်ရှိကြပြီး နှစ်နိုင်ငံအကြား ယဉ်ကျေးမှုပိုင်းဆိုင်ရာ နီးစပ်ကြသည့်အပြင် ကမ္ဘာ့ရှေ့ဖက်ခြမ်းဒေသများနှင့် ဆက်သွယ်နိုင်ရန်အတွက်လည်း မြန်မာနိုင်ငံသည် နည်းဗျူဟာအရ အချက်အခြာကျသည့် ဂိတ်ပေါက်တစ်ခုအဖြစ်တည်ရှိနေခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝန်းမှ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို မလွဲမသွေဆွဲဆောင်နိုင်မည်ဖြစ်သည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*