၁ နှစ်ကျော်ကြာTour ခရီးသွားခွင့် ပိတ်ထားတဲ့ တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းပိုင်းကိုPermission Tour များအတွက် ပြန်လည်ခွင့်ပြုတော့မည်

၁ နှစ်ကျော်ကြာTour ခရီးသွားခွင့် ပိတ်ထားတဲ့ တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းပိုင်းကိုPermission Tour များအတွက် ပြန်လည်ခွင့်ပြုတော့မည်
December 1, 2017 Asian Fame

11:36 am
၁ နှစ်ကျော်ကြာTour ခရီးသွားခွင့် ပိတ်ထားတဲ့ တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းပိုင်းကိုPermission Tour များအတွက် ပြန်လည်ခွင့်ပြုတော့မည်
 တောင်ကြီးမြို့အထွက်-ဟိုပုံးမြို့အ၀င် ထန်ဆမ်းဂူ၌တည်ထားသော စေတီတော်

တောင်ကြီးမြို့အထွက်-ဟိုပုံးမြို့အ၀င် ထန်ဆမ်းဂူ၌တည်ထားသော စေတီတော်

ရန်ကုန် ၊ ဒီဇင်ဘာ ၁

၁ နှစ်ကျော်ကြာ ကမ္ဘာလှည့်ခရီးသွားတွေ သွားလာခွင့်ပိတ်ထားတဲ့ တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းပိုင်းကို Permission Tour များအတွက် ပြန်လည်ခွင့်ပြုတော့မှာဖြစ်ပါတယ်။

တောင်ကြီး- ကျိုင်းတုံ – တာချီလိတ် လမ်းပိုင်းဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း နဲ့တောင်းပိုင်း ဒေသအတွင်းတည်ရှိတာဖြစ်ပြီး လမ်းအခြေအနေတည်ငြိမ်အေးချမ်းမှု စိတ်မချရတဲ့အတွက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ လကစပြီး ကမ္ဘာလှည့်ခရီးသွား (Permission Tour) တွေ သွာလာခွင့်ကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။

အခု ဒီလမ်းပိုင်းကိုပြန်ဖွင့်ပေးဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က တင်ပြလာတဲ့အတွက် “တောင်ကြီး- ကျိုင်းတုံ – တာချီလိတ် လမ်းကြောင်း ခရီးစဉ်တွင် Permission Tourများ သွားလာနိုင်ရေးကော်မတီ ” က ခွင့်ပြု လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရဲ့အကြီးတန်းအရာရှိကြီးတစ်ဦးက “ရှမ်းပြည်နယ်အစိုးရအနေနဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမှာပါ ။ ဦးစီးဌာနအနေနဲ့လည်းစာထုတ်ဖို့ လုပ်နေပါတယ်။ အဲ့ဒီအခါ ဦးစီးဌာနကနေ သူ့အောက်မှာရှိတဲ့ Tour ကုမ္ပဏီတွေကိုအကြောင်းကြားရင် သွားချင်တဲ့ သူတွေက စာလာတင်မှာပေါ့နော်။ အကယ်လို့ သွားမယ်ဆိုရင် ခရီးစဉ်ကို ကျွန်တော်တို့ဝန်ကြီးဌာနကိုလှမ်းတင် ၊ သွားမယ့် ဧည့်သည်တွေရဲ့ နိုင်ငံကူးလက်မှတ်နံပါတ်တွေရောပေါ့၊ ပြီးရင် ဘယ်လိုအစီအစဉ် ဘယ်ကုမ္ပဏီ ဘယ်Guide နဲ့ ၀င်လာမှာလဲ ဆိုတာတွေ ပြည့်ပြည့်စုံစုံနဲ့ တင်ရမှာ ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

အဆိုပါ တောင်ကြီး-ကျိုင်းတုံ- တာချီလိတ်လမ်းပိုင်းပြန်လည်ဖွင့်လှစ်နိုင်ရေးနဲ့ပတ်သတ်ပြီး လုံခြုံရေး၊ တည်ြ့ငိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေး ပြုလုပ်ရာ ပြည်ထဲရေး၊ ကာကွယ်ရေး ၊ ဟိုတယ်ခရီး စတဲ့ဝန်ကြီးဌာနတွေက ကန့်ကွက်မှုမရှိခဲ့ဘူးလို့လည်းသိရပါတယ်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌဟောင်း ဦးအောင်မြတ်ကျော်က “ပြန်ဖွင့်တယ်ဆိုတာကတော့ အေးချမ်းနေတယ်လို့ သတ်မှတ်ရမှာပေါ့နော်။ ဒီလမ်းပိုင်းမှာက သဘာဝရှူခင်းပေါင်းများစွာရှိတယ်။ မတူကွဲပြားတဲ့လူမျိုးစုတွေရှိတယ် ၊ ယဉ်ကျေးမှုတွေရှိတယ်ဒီတော့ အများကြီး အကျိုးရှိတယ်။ ပြီးတော့ဒီဒေသတွေကိုသွားလို့ရလာရင် ဒေသတိုးတက်လာမှာတော့ ပြောစရာမလိုတော့ဘူး။ စီးပွားရေးအကျိုးရစေတယ်။ကမ္ဘာလှည့်ခရီးသွားတွေကို ဒီလမ်းကြောင်းကိုပြောတဲ့အခါ ပြည်တွင်းခရီးသွားတွေကိုလည်း သွားလို့ရပြီလို့ အေးချမ်းနေပြီလို့ ပြောလိုက်တာပါပဲ ။ ဒါပေမဲ့ ဖွင့်လိုက်ပိတ်လိုက်တော့လုပ်လို့ အဆင်မပြေဘူးနော် ” လို့ ဆိုပါတယ်။

အဆိုပါ တောင်ကြီး -ကျိုင်းတုံ-တာချီလိတ် လမ်းပိုင်းဟာ ၂၀၁၆ ခုနှစ်အတွင်းက လည်း Permission အနေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို သွားခွင့်ပေးခဲ့ဖူးပါတယ်။

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ လမ်းပိုင်းကို ပြန်လည်ပိတ်ခဲ့တာဖြစ်ပါတယ်။

တောင်ကြီး- ကျိုင်းတုံ -တာချီလိတ်လမ်းပိုင်းဟာ စုစုပေါင်း မိုင် ၇၀၀ ကျော် ရှိတယ်လို့သိရပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*