ရခိုင်ပြည်နယ်ထွက် သယံဇာတကို ရခိုင်ပြည်နယ် အစိုးရက စီမံခန့်ခွဲခွင့် အကျိုးအမြတ်၏ တစ်ချို့တစ်ဝက်ကို ခွဲဝေ အသုံးပြုခွင့် အဆို အနိုင်ရရှိ

ရခိုင်ပြည်နယ်ထွက် သယံဇာတကို ရခိုင်ပြည်နယ် အစိုးရက စီမံခန့်ခွဲခွင့် အကျိုးအမြတ်၏ တစ်ချို့တစ်ဝက်ကို ခွဲဝေ အသုံးပြုခွင့် အဆို အနိုင်ရရှိ
November 30, 2017 Asian Fame

3:23 pm
ရခိုင်ပြည်နယ်ထွက် သယံဇာတကို ရခိုင်ပြည်နယ် အစိုးရက စီမံခန့်ခွဲခွင့် အကျိုးအမြတ်၏ တစ်ချို့တစ်ဝက်ကို ခွဲဝေ အသုံးပြုခွင့် အဆို အနိုင်ရရှိ

Rakhine(စစ်တွေ ၊ နိုဝင်ဘာ ၃၀)

“ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရခိုင်ပြည်နယ်ထဲမှထွက်ရှိသော သယံဇာတများအား သက်ဆိုင်ရာပြည်နယ်မှ စီမံခန့်ခွဲပိုင်ခွင့်နှင့် ၎င်းမှရရှိသည့် အကျိုးအမြတ်၏ တချို့တဝက်အား ခွဲဝေအသုံးပြုခွင့်ရရှိရေး ရခိုင်ပြည်နယ်အစိုးရမှတဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို”ကို ဒီကနေ့ ကျင်းပတဲ့ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့မှာအတည်ပြုလိုက်ပြီဖြစ်ပါတယ်။

ပေါက်တောမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီး(ရခိုင်အမျိုးသားပါတီ) နိုဝင်ဘာ ၂၈ ရက်က တင်သွင်းခဲ့တဲ့ ယင်းအဆိုနဲ့ ပတ်သတ်လို့ ဒီကနေ့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၂၆ မဲ ၊ ကန့်ကွက်မဲ ၁၁ မဲ ၊ ကြားနေ ၂ မဲရရှိခဲ့ပါတယ်။

အဆိုရှင်ဖြစ်သူ ဦးအောင်ကျော်ထွီးက “ကျွန်တော်အထောက်အထားနဲ့သေချာတင်ပြခဲ့ပါတယ်။ အစိုးရအဖွဲ့က ၀န်ကြီး ၂ ပါးလာတယ်ပေါ့နော်။ စိုက်ပျိုးရေးဝန်ကြီးရယ် ၊ နယ်လုံဝန်ကြီးရယ်လာကြတယ်။ နယ်လုံဝန်ကြီးကလဲ ကန့်ကွက်ခဲ့တယ်။ ကန့်ကွက်တဲ့ ၁၁ မဲစလုံးကတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်မဲတွေပါ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

အဆိုနဲ့ပတ်သတ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။ အဆိုနဲ့ပတ်သတ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့တဲ့အတွက် မတ်တပ်ရပ်မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

YL
Photo- ရခိုင်ပြည်နယ်လွှတ်တော်ရုံး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*