သျှရီမဒ်ဘဂ၀တ်ဂီတာ ဇယန္တီပွဲတော် မန်းမှာစတင်ကျင်းပ

သျှရီမဒ်ဘဂ၀တ်ဂီတာ ဇယန္တီပွဲတော် မန်းမှာစတင်ကျင်းပ
November 28, 2017 Asian Fame

4:53 pm
သျှရီမဒ်ဘဂ၀တ်ဂီတာ ဇယန္တီပွဲတော် မန်းမှာစတင်ကျင်းပ

1မန္တလေး၊ နိုဝင်ဘာ ၂၈

ဟိန္ဒူဘာသာရေးအခမ်းအနားတစ်ခုဖြစ်တဲ့ သျှရီမဒ်ဘဂ၀တ်ဂီတာ ဇယန္တီပွဲတော်ကို ဒီနေ့မနက်ပိုင်းကစလို့ မန္တလေးမြို့မှာ ၈ ကြိမ်မြောက်အဖြစ်နဲ့ ကျင်းပပြုလုပ်နေပါတယ်။

နှစ်စဉ်ကျင်းပပြုလုပ်နေကျ ဘာသာရေးပွဲတော်အခမ်းအနားတစ်ခုဖြစ်တယ်လို့သိရပြီး အဲဒီဘာသာရေးပွဲတော်အခမ်းအနားကျင်းပဖို့အတွက် ဒီနေ့ မနက် ၉ နာရီက မန္တလေး အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ်ကွက် ၂၂ လမ်း သျှရီအမ်ဘီကာမယ်တော်ဘုရားကျောင်းမှာ ဘာသာပေါင်းစုံကဆရာတော်တွေအကြီးအကဲတွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ ဘာသာရေးနယ်ပယ်အသီးသီးကဖိတ်ကြားထားသူတွေ၊ လူမှုရေးအဖွဲ့အစည်းတာဝန်ရှိသူတွေပါဝင်တဲ့ ဖွင့်ပွဲအခမ်းအနားနဲ့ စတင်ကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါပွဲတော်ကို ဒီနေ့နိုဝင်ဘာ ၂၈ ရက် မှ ၃၀ ရက်အထိ နေ့စဉ်ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဘုရားနာမတော်ရွတ်ဆိုကာမြို့တွင်းလှည့်လည်ပူဇော် ခြင်း၊ ယဉ်ကျေးမှုအကတွေနဲ့ဖျော်ဖြေတင်ဆက်ခြင်းတို့နဲ့ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

သျှရီမဒ်ဘဂ၀တ်ဂီတာ ဇယန္တီပွဲတော်ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်းငါးထောင်ကျော်က ဟိန္ဒူဘာသာဝင်တို့ရဲ့ဘုရားတစ်ဆူဖြစ်တဲ့ သျှရီကရိသျှဏဘုရားက ၄င်းရဲ့တပည့်သာဝကတစ်ပါးဖြစ်သူ အရ်ဂျွန်မင်းသားအား ဟိန္ဒူဘာသာဝင်တို့ရဲ့အထွဋ်အမြတ် သျှရီမဒ်ဘဂ၀တ်ဂီတာကြမ်းမြတ်တရားတော်ကို ဟော ကြားချီးမြှင့်တဲ့အခါသမယကို သတ်မှတ်ခေါ်ဆိုကျင်းပပြုလုပ်တာဖြစ်တယ်လို့ မန္တလေးမြို့က ကရိသျှဏဘာဝနာအသင်း(မန္တလေး)ဥက္ကဌ ဆရာတော် ရာမချန်ဒရာဒါ့စ်ကမိန့်ပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် မန္တလေးမြို့တော်စည်ပင်သာယာရေးဝန်ကြီးဒေါက်တာရဲလွင် နဲ့ လျှပ်စစ်စက်မှုနဲ့ဆောက် လုပ်ရေးဝန်ကြီးဦးဇာနည်အောင်တို့တက်ရောက်ကြပြီး ဘာသာပေါင်းစုံမှဆရာတော်တွေနဲ့အကြီးအကဲခေါင်းဆောင်တွေက ဟိန္ဒူဘာသာရေးဦးဆောင် သံဃာတော်တွေနဲ့အတူ ဘာသာပေါင်းစုံကျမ်းဂန်လာငြိမ်းချမ်းရေးတရားတွေလည်း အသီးသီးဟောပြောခဲ့ကြပါတယ်။

သတင်း + ဓာတ်ပုံ – စောထွေး

3

5

4

2

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*