၂၂ ရက်အတွင်း တပ်မတော်နဲ့ AA ကြား တိုက်ပွဲ ၈၀ ကျော်ရှိခဲ့ဟု ဆို

၂၂ ရက်အတွင်း တပ်မတော်နဲ့ AA ကြား တိုက်ပွဲ ၈၀ ကျော်ရှိခဲ့ဟု ဆို
November 23, 2017 Asian Fame

4:35 pm
၂၂ ရက်အတွင်း တပ်မတော်နဲ့ AA ကြား တိုက်ပွဲ ၈၀ ကျော်ရှိခဲ့ဟု ဆို
aa

ရှင်းလက်ဝ ရှိ စစ်ရှောင်အချို့

ပလက်ဝ ၊ နိုဝင်ဘာ ၂၃

၂၂ ရက်တာကာလအတွင်း တပ်မတော်နဲ့ AA ကြားထိတွေ့တိုက်ပွဲဖြစ်မှု အကြိမ်ရေ ၈၀ ကျော်ခဲ့ပြီလို့ AA က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်ထဲမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်AA တို့ကြား နိုဝင်ဘာ ၁ ရက်နေ့ကစပြီးတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်နေ့ မှာလည်း ပလက်ဝမြို့နယ်ထဲက နေရာ ၃ ခုမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ AA က ဆိုထားပါတယ်။ ဒီကနေ့ထိဆိုရင် တိုက်ပွဲကြီး/ငယ် ထိတွေ့မှု အကြိမ်ရေ ၈၀ ကျော်ရှိတယ်လို့လည်း ပြောထားပါတယ်။

ချင်းပြည်နယ်အစိုးရအဖွဲ့စည်ပင်လျှပ်စစ် စက်မှု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က “ဒီနေ့လည်းတိုက်ပွဲဖြစ်နေတယ်။ ဒုက္ခသည်စာရင်းကတော့အပြောင်းအလဲမရှိဘူး။ ထပ်ပြီးထွက်ပြေးတာတွေဘာတွေမရှိသေးပါဘူး” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

နိုဝင်ဘာ လဆန်းပိုင်းကတည်းက ဒီကနေ့ထိဖြစ်ပွားခဲ့တဲ့ ချင်းပြည်နယ်အထဲက တပ်မတော်နဲ့ AA ရဲ့တိုက်ပွဲတွေကြောင့် ရှင်းလက်ဝ ကျေးရွာမှ စစ်ရှောင် အိမ်ထောင်စု ၅၉ စု (လူဦးရေ-၃၀၆ ဦး) ၊ အောက်ဘလိုင်ကျေးရွာမှ စစ်ရှောင်အိမ်ထောင်စု ၂ စု (လူဦးရေ ၈ ဦး) ၊ ဘဲဒင်ဝကျေးရွာမှ စစ်ရှောင်အိမ်ထောင်စု ၂စု (လူဦးရေ-၈ ဦး) ၊ ကာရာမိတ်ကျေးရွာမှ စစ်ရှောင်အိမ်ထောင်စု ၂စု (လူဦးရေ ၁၀ ဦး) ၊ ဒိုးချောင်းဝကျေးရွာမှ စစ်ရှောင်အိမ်ထောင်စု ၂စု (လူဦးရေ – ၂ဦး) စုစုပေါင်း ၃၃၄ ဦးဟာ စစ်ဘေးဒုက္ခခံစားနေရပါတယ်။ အလားတူ AA ကမှားပစ်လို့ ရှင်းလက်ဝကျေးရွာနေ ကျောက်ဖြူ စက်မှုလက်မှုသိပ္ဗံ ကျောင်းသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

လောလောဆယ် ဒီစစ်ဘေးရှောင်ဒုက္ခသည်တွေကို လိုအပ်တဲ့ စားနပ်ရိက္ခာတွေထောက်ပံ့ထားတယ်လို့ လူကယ်ပြန်ဝန်ကြီးဌာနက ဆိုပါတယ်။ တိုက်ပွဲတွေ ရပ်သွားမယ့်အနေအထားမှာမရှိသေးတဲ့အတွက် ဒုက္ခသည်တွေအနေနဲ့ အချိန်ကြာ တိုက်ပွဲရှောင်နေရဦးမယ့်အနေအထားမှာရှိတယ်လို့ အားလုံးကမှတ်ချက်ပြုထားကြပါတယ်။

ရဲလွင်
Photo Crd- Kyawaung Khumi

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*