တစ်နေ့ လုပ်အားခကို ၅၆၀၀ ကျပ် ​ထက်​မနည်း​ အမြန်​ဆုံးသတ်​မှတ်​​ပေးဖို့ စာရွက်ဖြန့်ဝေ တောင်းဆိုကြမည်

တစ်နေ့ လုပ်အားခကို ၅၆၀၀ ကျပ် ​ထက်​မနည်း​ အမြန်​ဆုံးသတ်​မှတ်​​ပေးဖို့ စာရွက်ဖြန့်ဝေ တောင်းဆိုကြမည်
November 23, 2017 Asian Fame

3:00 pm
တစ်နေ့ လုပ်အားခကို ၅၆၀၀ ကျပ် ​ထက်​မနည်း​ အမြန်​ဆုံးသတ်​မှတ်​​ပေးဖို့ စာရွက်ဖြန့်ဝေ တောင်းဆိုကြမည်

1

2ရန်ကုန်၊နိုဝင်ဘာ၂၃

တစ်ရက်လုပ်အားခကို အနည်းဆုံး ၅၆၀၀ ကျပ် ထက်မနည်း အမြန်ဆုံးသတ်မှတ်ပေးဖို့ အလုပ်သမားတက်ကြွလှုပ်ရှားသူအချို့ က မနက်ဖြန်မှာ စာရွက်ဖြန့်ဝေ တောင်းဆိုကြဖို့ ရှိနေတယ်လို့ တက်ကြွလှုပ်ရှားသူထဲက ကိုဝဏ္ဏစိုးက Popular News ကို ပြောပါတယ်။ စက်ရုံ၊အလုပ်ရုံတွေ အများစုရှိတဲ့ စက်မှုဇုန်တွေရှိတဲ့ နေရာတွေမှာ လုပ်သွားမှာလို့ သူက ပြောပါတယ်။

”အခုလုပ်မှာက စာရွက်ဖြန့်ဝေခြင်းလှုပ်ရှားမှုပါ”လို့ ကိုဝဏ္ဏစိုးကပြောပြီး စာရွက်ဖြန့်ဝေသွားမယ့်နေရာတွေကရန်ကုန် လှိုင်သာယာက မှတ်တိုင်တွေနဲ့ ရွှေပြည်သာက မှတ်တိုင်တွေ အပါအ၀င် မင်္ဂလာဒုံမြို့နယ်၊တောင်ဒဂုံမြို့ နယ်၊ဒဂုံဆိပ်ကမ်းမြို့ နယ်၊မှော်ဘီမြို့ နယ်တွေ အပြင် နေပြည်တော်၊ပဲခူးမြို့နယ်၊သာယာဝတီမြို့နယ်၊မန္တလေးတိုင်းထဲက ပြည်ကြီးတံခွန်မြို့နယ် တို့မှာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

အခုလက်ရှိမှာ လုပ်သားတစ်ဦးရဲ့ တစ်နေ့အနည်းဆုံးလုပ်အားခက ကျပ် ၃၆၀၀ ဖြစ်ပါတယ်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*