2:59 pm
ရန်ကုန် နိုဝင်ဘာ (၂၂)
ရန်ကုန်မြို့တွင်းပြေးစွဲနေသည့် တက္ကစီများကို City Taxi အဖြစ်ယခုနှစ်ကုန်နောက်ဆုံးထားပြီးမှတ်ပုံတင်ပြုလုပ်ရန် YRTA မှကြေညာခဲ့ပြီးနောက် မှတ်ပုံတင်ပြုလုပ်သည့် တက္ကစီအစီးရေမှာနေ့စဉ်များပြားလျှက်ရှိနေသည်။
ယနေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်နှင့်မြောက်ပိုင်းခရိုင်မှ တက္ကစီများကိုအနောက်ပိုင်းခရိုင် YRTAရုံးတွင် နေရာထပ်တိုး၍ စတင်မှတ်ပုံတင်ခွင့်ပြုခဲ့သည်။ အင်းစိန်မြို့နယ်ရှိ ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)ရုံးတွင် နေရာအသစ်ထပ်တိုး၍ City Taxi အဖြစ်မှတ်ပုံတင်ခွင့်ပြုခဲ့သော်လည်း လာရောက်မှတ်ပုံတင်ဆောင်ရွက်သူဦးရေ များပြားလျှက်ရှိနေသည်။
ရန်ကုန်တိုင်းအတွင်းရှိ တက္ကစီများကို ယခင်က YRTAရုံးချုပ်တွင်သာ မှတ်ပုံတင်ခွင့်ပြုခဲ့သော်လည်း ယနေ့မှစ၍ အနောက်ပိုင်းနှင့်မြောက်ပိုင်းခရိုင်ရှိ တက္ကစီများကို အင်းစိန်YRTAရုံးတွင်လည်း City Taxi အဖြစ်မှတ်ပုံတင်နိုင်ပြီဖြစ်သည်။
အောင်ပြည့်စုံ
ဓာတ်ပုံ – အောင်နိုင်စိုး (ကစ ၦပ)