ကျွဲ/နွားများကိုပြည်ပတင်ပို့ခွင့်ပြုထားသော်လည်းလွတ်လပ် စွာသယ်ယူခွင့်မရ ရှိသေးဟု ဆို

ကျွဲ/နွားများကိုပြည်ပတင်ပို့ခွင့်ပြုထားသော်လည်းလွတ်လပ် စွာသယ်ယူခွင့်မရ ရှိသေးဟု ဆို
November 22, 2017 Asian Fame

2:13 pm
ကျွဲ/နွားများကိုပြည်ပတင်ပို့ခွင့်ပြုထားသော်လည်းလွတ်လပ် စွာသယ်ယူခွင့်မရ ရှိသေးဟု ဆို

cowsနေပြည်တော် နိုဝင်ဘာ ( ၂၂ )

ယခုဘဏ္ဍာနှစ်အတွင်းကျွဲနွားများကို
ပြည်ပသို့တရားဝင်တင်ပို့ခွင့်ပြုလိုက်ကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကကြေညာထားသော်လည်းပြည်ပသို့တင်ပို့ရန်အတွက်သယ်ယူရာတွင်အခက်အခဲများဖြစ်ပေါ်နေကြောင်းမြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံမှသိရသည်။

လယ်ယာလုပ်ငန်းများထိခိုက်မှုမရှိစေရန်ပြည်တွင်းမှကျွဲနွားများကို ပြည်ပသို့တင်ပို့ခွင့်နှင့်သယ်ယူခွင့်တို့ကို ၂၀၁၂ခုနှစ်အရေးကြီးကုန်စည်စာရင်းတွင်ထည့်သွင်းကာပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။

ယခုအခါကျွဲနွားများပြည်ပသို့တင်ပို့ခွင့်ကိုတရားဝင်ခွင့်ပြုပေးလိုက်ပြီဖြစ်သော်လည်းလွတ်လပ်စွာသယ်ယူခွင့်ကိုပိတ်ပင်ထားသောကြောင့်ကျွဲနွားမွေးတောင်သူများမှာ ဈေးနှိမ်ခံရခြင်းအပါအဝင် အရောင်းအဝယ်ပြုလုပ်ရန် သယ်ဆောင်မရခြင်းစသည့် အခက်အခဲများရှိနေသည်။

“တောင်သူတွေပေါ့ ကိုယ့်ကျွဲနွားကို ရောင်းချင်တာဘဲဖြစ်ဖြစ်၊ဝယ်ချင်တာဘဲဖြစ်ဖြစ် တစ်နေရာကတစ်နေရာကို သယ်ယူပြောင်းရွေ့ချင်တယ်ဆိုရင် ဒီ(၂၀၁၂)အရေးကြီးကုန်စည်ဆိုတဲ့ဟာနဲ့ငြိနေတော့ တောင်သူတွေအတွက် အခန့်မသင့်ရင်အချုပ်ထဲရောက်နိုင်တဲ့ အခြေအနေပေါ့၊ဒါကြောင့်ဒါကို ပြင်ပေးဖို့တောင်းဆိုနေတာပါ” ဟုမြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌဒေါက်တာကျော်ထင်က ဆိုသည်။

ကျွဲနွားများ ကိုလွတ်လပ်စွာသယ်ယူနိုင်မှသာလျှင်ပြည်ပတင်ပို့ခွင့်နှင့်ရောင်းချနိုင်မှုဈေးကွက်ဖြစ်လာနိုင်မည်ဟု မွေးမြူရေးလုပ်ငန်းရှင်များကဆိုသည်။

ကျွဲနွားများကို တရားဝင်ပြည်ပတင်ပို့ခွင့်ပြုလိုက်သော်လည်း လွတ်လပ်စွာသယ်ယူခွင့် မရသေးသည့် အခြေအနေကို မွေးမြူရေးလုပ်ငန်းရှင်များအသင်းမှ အစိုးရအဖွဲ့သက်ဆိုင်ရာ ဌာနအသီးသီးသို့ တင်ပြတောင်းဆိုထားကြောင်းသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*