ကျူးကျော်နေတာတွေကို ၀န်ထမ်းတွေက ခွင့်ပြုပေးနေရင် အရေးယူ သွားမယ်လို့ ပြည်ထဲရေး သတိပေး

ကျူးကျော်နေတာတွေကို ၀န်ထမ်းတွေက ခွင့်ပြုပေးနေရင် အရေးယူ သွားမယ်လို့ ပြည်ထဲရေး သတိပေး
November 15, 2017 Asian Fame

4:44 pm
ကျူးကျော်နေတာတွေကို ၀န်ထမ်းတွေက ခွင့်ပြုပေးနေရင် အရေးယူ သွားမယ်လို့ ပြည်ထဲရေး သတိပေး

Untitled-1(ရန်ကုန် ၊နိုဝင်ဘာ၁၅ )

ရန်ကုန်တိုင်း အတွင်းက မြေကွက်တွေပေါ်မှာ တရားဝင် ခွင့်ပြုချက် မရှိဘဲ ကျူးကျော်ဆောက်လုပ်တာတွေ၊ ခြံစည်းရိုး ခတ်နေတာတွေမှာဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ရပ်ကွက် ဒါမှဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ ပါဝင်ပတ်သက်ခဲ့မယ် ဆိုရင်၊ ပါဝင် ပတ်သတ်နေမယ်ဆိုရင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း များနဲ့အညီ အရေးယူဆောင်ရွက် သွားမယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ပြောဆို သတိပေးလိုက်ပါတယ်။

ကျူးကျော်နေ အိမ်ဆောက်လုပ်မှုကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခွင့်ပြုနေတယ် ဆိုရင် စုံစမ်းစစ်ဆေးရေး အဖွဲ့ နဲ့ စစ်ဆေးပြီး မှန်ကန်ပါက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို တာဝန်မှရပ်စဲခြင်း၊ မြို့နယ်စည်ပင် သာယာရေး ဝန်ထမ်းက ကျူးကျော်တွေကိုခွင့်ပြုနေပါက အဲဒီ့ဝန်ထမ်းကို သက်ဆိုင်ရာဌာနမှနေ၍ အရေးယူခြင်း ဒါတွေလုပ်ဖို့ ရှိတယ် ဆိုတာကို ဒုဝန်ကြီးက ပြောဆိုခဲ့တာပါ။

ရန်ကုန်တိုင်းအတွင်း မှာ ကျူးကျော်တာတွေ မရှိစေဖို့ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးအပါအဝင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းဆောင်ရွက်နေကြပြီး၊ တစ်တဲကျူး တစ်တဲရှင်းစနစ်ဖြင့် စီစဉ် ဆောင်ရွက်နေတယ်လို့လည်း ဒုတိယ၀န်ကြီးက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်က ဌာနဆိုင်ရာမြေပေါ်မှာ ကျူးကျော်နေကြသူတွေ ပြီးတော့ ပုဂ္ဂလိကပိုင်မြေပေါ်တွေမှာ ကျူးကျော်နေကြသူတွေကို ရန်ကုန်တိုင်းအစိုးရက အပိုင်း၂ပိုင်းခွဲပြီး စာရင်း ကောက်ယူနေကာ ကျူးကျော်သက်သေခံလက်မှတ်(Smart Card)များကို မြို့နယ်အလိုက် ထုတ်ပေးနေလျှက်ရှိနေတာကိုတွေ့နေရပါတယ်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*