အင်္ဂလိပ်စာ သင်ကြားနည်းစနစ်ပြောင်းရန် အစိုးရကို လွှတ်တော်ကိုယ်စားလှယ်တိုက်တွန်း

အင်္ဂလိပ်စာ သင်ကြားနည်းစနစ်ပြောင်းရန် အစိုးရကို လွှတ်တော်ကိုယ်စားလှယ်တိုက်တွန်း
November 14, 2017 Asian Fame

3:29 pm
အင်္ဂလိပ်စာ သင်ကြားနည်းစနစ်ပြောင်းရန် အစိုးရကို လွှတ်တော်ကိုယ်စားလှယ်တိုက်တွန်း

နေပြည်တော်၊နိုဝင်ဘာ၁၄

ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ က ” မြန်မာနိုင်ငံတွင် သူငယ်တန်းမှစ၍ တက္ကသိုလ်ဝင်တန်း (အထက်တန်း) အောင်မြင်ပြီးချိန်အထိ အင်္ဂလိပ်ဘာသာကို မသင်မနေရ ဘာသာရပ်တစ်ခုအဖြစ် ပြဋ္ဌာန်းသင်ကြားပေးနေသော်လည်း အထက်တန်းအဆင့် ပညာရေးပြီးဆုံးချိန်တွင် ကျောင်းသူ/ကျောင်းသားအများစု၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြောဆို ဆက်သွယ်နိုင်စွမ်းမှာ နိမ့်ကျနေဆဲဖြစ်၍ ဖြစ်ပါသည်။ ထို့ကြောင့် အထက်တန်းပညာရေး ပြီးဆုံးချိန်မှာ အင်္ဂလိပ်ဘာသာဖြင့် အတိုင်းအတာတစ်ခုအထိ ထိရောက်စွာ ရေးသားပြောဆို ဆက်သွယ်နိုင်ရန်အတွက် (Grade 9) အဋ္ဌမတန်းမှ စတင်၍ အင်္ဂလိပ်စာဘာသာ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားပုံနည်းစနစ်များ အကဲဖြတ်စနစ် (စာမေးပွဲ)ကို ခေတ်နှင့် လျော်ညီစွာ စွမ်းရည် ၄မျိုး (4skills-Reading, writing, speaking, Listening) ပါဝင်သော စနစ်သို့ ပြုပြင်ပြောင်းလဲသင်ကြားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆို ကို တင်သွင်းခဲ့သည်။

အဆိုတင်သွင်းရာတွင် အင်္ဂလိပ်စာကျွမ်းကျင်ပိုင်နိုင်မရှိသဖြင့် လူငယ်များ အလုပ်အကိုင်အခွင့်အလှမ်းကောင်းများဆုံးရှုံးနေကြရကြောင်း အဆိုရှင်က ထည့်သွင်းပြောဆိုခဲ့သည်။ အင်္ဂလိပ်စာ ကို ကျောင်းသားများ ၁၀နှစ်ကျော်ကြာသင်ကြားခဲ့ရသော်လည်း ကျောင်းသူ/ကျောင်းသားအများစု၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြောဆို ဆက်သွယ်နိုင်စွမ်းမှာ နိမ့်ကျနေသည့်အပေါ် အဆိုရှင်ကမေးခွန်းထုတ်ခဲ့သေးသည်။

ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရန် ထောက်ခံခဲ့ကြ၍ လွှတ်တော်က ဆွေးနွေးရန် သဘောတူခဲ့သည်။ ဆွေးနွေးကြမည့် ရက်ကို လွှတ်တော်က မပြောသေးပေ။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*