မြန်မာအမျိုးသားဟုဆိုသူတစ်ဦးက ထိုင်းလူမျိုးဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့ကြောင်း ဖြောင့်ချက်ပေး

မြန်မာအမျိုးသားဟုဆိုသူတစ်ဦးက ထိုင်းလူမျိုးဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့ကြောင်း ဖြောင့်ချက်ပေး
November 10, 2017 Asian Fame

3:55 pm
မြန်မာအမျိုးသားဟုဆိုသူတစ်ဦးက ထိုင်းလူမျိုးဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့ကြောင်း ဖြောင့်ချက်ပေး

aထရန်(ထိုင်း)၊ နိုဝင်ဘာ ၁၀

ဇနီးဖြစ်သူအား ရာဘာတောထဲတွင် ရက်စက်စွာသတ်ဖြတ်ခဲ့သည့် မြန်မာအမျိုးသားဆိုသူတစ်ဦးကို ထိုင်းရဲက ဖမ်းဆီးအရေးယူလိုက်ကြောင်း Bangkok Post သတင်းတစ်ပုဒ်အရ သိရသည်။

ထိုသူ၏ အမည်ကို မစ္စတာ အို(Mr. O) ဟု ဖော်ပြထားပြီး သူနှင့်အတူ ပြစ်မှုကျူးလွန်ခဲ့သည့် “စော(Sor)” (သို့) “မင်းဦး(Min O)”ဆိုသူတို့ကို ယင်းတို့နေထိုင်ရာ အလုပ်သမားများတန်းလျားရှိ အခန်းတွင် ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းယင်းသတင်းတွင်ရေးသားထားသည်။

သူ၏ ဇနီးဖြစ်သူက သူနှင့် ကွာရှင်းပြတ်စဲပြီး ယခင် ခင်ပွန်းဟောင်းနှင့်သာ ပြန်လည်နေထိုင်တော့မည်ဟု ဆိုသဖြင့် ယခုကဲ့သို့ သတ်ဖြတ်ရခြင်းဖြစ်ကြောင်း ယင်းက ၀န်ခံသည်ဆို၏။

သူ့ဇနီးဖြစ်သူ အသက် ၃၃ နှစ်အရွယ် ထိုင်းအမျိုးသမီး Wiliintra Philapan ၏ ရုပ်အလောင်းကို ထိုင်းနိုင်ငံ ထရန်စီရင်စု ကန်တန်းဒိစတြိတ်ရှိ ရာဘာတောတစ်ခုထဲတွင် တွေ့ရှိခြင်းဖြစ်သည်။ ထိုသို့တွေ့ရှိချိန်တွင် သေဆုံးသည်မှာ ၂ ရက်ခန့်ကြာခဲ့ပြီဟု ရဲတို့ကဆိုကြသည်။
ဇနီးဖြစ်သူနှင့် အချင်းများရန်ဖြစ်ကြစဉ်တွင် ကြိုးတစ်ချောင်းဖြင့် လည်ပင်းကိုညှစ်၍ ခုတင်ပေါ်တွင် သတ်ဖြတ်ခဲ့ပြီး စောင်ဖြင့်အလောင်းထုတ်ထားခဲ့သည်။ ထို့နောက် မိတ်ဆွေဖြစ်သည့် မင်းဦးကို သူ့ထံလာ၍ အရက်သောက်ရန်ခေါ်ခဲ့သည်။ မင်းဦး ရောက်လာသည်တွင်မူ အလောင်းကို ဖျောက်ဖျက်ရန် အကူအညီတောင်းပြီး အမှိုက်ပုံးတစ်ခုတွင်းသို့ အလောင်းကိုထည့်ကာ ရာဘာတောအတွင်းသို့သယ်ယူစွန့်ပစ်ခဲ့ကြောင်း သူက ထွက်ဆိုသည်ဟု Bangkok Post သတင်းတွင်ရေးသားထားသည်။ သူ့အား အလုပ်သမားများနေထိုင်ရာ တန်းလျားရှိ အခန်းတွင် ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

PN002
ref: Myanmar man confesses to murder of Thai wife(Bangkok Post)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*