လွှတ်တော်ဘက်က အကြိမ်ကြိမ်ထောက်ပြမှုများကို ဌာနဆိုင်ရာများဘက်က လေးစားလိုက်နာမှုအားနည်းနေသေးဟု ဆို

လွှတ်တော်ဘက်က အကြိမ်ကြိမ်ထောက်ပြမှုများကို ဌာနဆိုင်ရာများဘက်က လေးစားလိုက်နာမှုအားနည်းနေသေးဟု ဆို
November 10, 2017 Asian Fame

4:05 pm
လွှတ်တော်ဘက်က အကြိမ်ကြိမ်ထောက်ပြမှုများကို ဌာနဆိုင်ရာများဘက်က လေးစားလိုက်နာမှုအားနည်းနေသေးဟု ဆို

abနေပြည်တော်၊နိုဝင်ဘာ၁၀

လွှတ်တော်ဘက်က ဌာနဆိုင်ရာများကို အကြိမ်ကြိမ်ထောက်ပြမှုများ ပြောဆိုပြုလုပ်နေသော်လည်း ဌာနဆိုင်ရာများဘက်က လေးစားလိုက်နာမှုအားနည်းနေသေးကြောင်း
NLD လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စမ်းလှိုင်က ဝေဖန်လိုက်သည်။

ပြီးခဲ့သည့် တစ်နှစ်ကျော်ကတည်းက ၀န်ကြီးဌာနအချို့သို့ ဘက်ဂျက်တောင်းခံခြင်းကိစ္စခြင်းနှင့်ပတ်သတ်၍ ပြောဆိုထောက်ပြမှုများပြုလုပ်ထားခဲ့ပြီးဖြစ်သော်လည်း
ယခုနှစ်အထိ အဆိုပါထောက်ပြမှုများကို ဌာနဆိုင်ရာများဘက်က လေးစားလိုက်နာမှုက အားမရဟု သူမက Popular News ကိုပြောသည်။

”ဒီအချိန်မှ လက်မတွဲရင် ဘယ်အချိန် လက်တွဲမလဲ။ဒီအချိန်မှ ပေါင်းမလုပ်ရင် ဘယ်အချိန်ပေါင်းလုပ်မလဲ”ဟု NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စမ်းလှိုင်က ဆက်ပြောသည်။

ပြောဆိုထောက်ပြမှုခံထားရသည့် ၀န်ကြီးဌာနအချို့က လွှတ်တော်၏ ထောက်ပြမှုကို ကြိုဆိုကာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းမည်ဟု ဆိုကြသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းကတိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် ဆောင်ရွက်သွားမည့်ကိစ္စများကို မဆောင်ရွက်မှီ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအား ရှင်းလင်းတင်ပြခြင်းများ
ပြုလုပ်ကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားထားကြောင်း ပြောသည်။

ညွှန်ကြားထားမှုတွင် မဆောင်ရွက်မှီ၊ဆောင်ရွက်ဆဲ အခြေအနေအားလုံး၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ ရှင်းလင်းတင်ပြရမည့် အချက်လည်း ပါရှိသည်ဟု သိရသည်။

ယင်းအပြင် ၀န်ထမ်းများ မသမာမှုပြုလုပ်ထားမှုကို လွှတ်တော်ကိုယ်စားလှယ်များက စစ်ဆေးတွေ့ရှိ၍ တိုင်ကြားလာပါက ပြင်းထန်ထိရောက်စွာအရေးယူမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြောသည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*