၂၀၁၈ ခုနှစ်တွင် ရခိုင်ပြည်နယ် အတွင်း ဒီဇယ် ဓာတ်အားပေးစက် များအစား နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်မီး ရရှိစေရန်ဆောင်ရွက်မည်

၂၀၁၈ ခုနှစ်တွင် ရခိုင်ပြည်နယ် အတွင်း ဒီဇယ် ဓာတ်အားပေးစက် များအစား နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်မီး ရရှိစေရန်ဆောင်ရွက်မည်
November 9, 2017 Asian Fame

4:08 pm
၂၀၁၈ ခုနှစ်တွင် ရခိုင်ပြည်နယ် အတွင်း ဒီဇယ် ဓာတ်အားပေးစက် များအစား နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်မီး ရရှိစေရန်ဆောင်ရွက်မည်

Rakhineနေပြည်တော်၊ နိုဝင်ဘာ (၉)

ရခိုင်ပြည်နယ် အတွင်းရှိ အိမ်ထောင်စုများကို ၂၀၁၈ခုနှစ်အတွင်း၌ ဒီဇယ်ဓာတ်အားပေးစက်များအစား နိုင်ငံတော်ဓာတ်အားစနစ်မှလျှပ်စစ်မီးရရှိစေရန် ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှသိရသည်။

“ရခိုင်ပြည်နယ်အတွင်းမှာ အိမ်ထောင်စု လေးသိန်းကျော်လောက်ရှိနေပြီး ခုနှစ်သောင်းကျော်လောက်ကို လျှပ်စစ်မီးရအောင် ဆောင်ရွက်ပြီးပါပြီ။နိုင်ငံတော်ဓာတ်အားစနစ်ကနေ ၂၀၁၄ခုနှစ်ဒီဇင်ဘာလကစပြီး လျှပ်စစ်ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်”ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းရှိ သံတွဲ၊ငပလီ၊တောင်ကုတ်၊ကျောက်ဖြူ၊အမ်း၊ပုဏ္ဏားကျွန်း၊စစ်တွေ၊မြောက်ဦး၊ရမ်းဗြဲ၊ကျောက်တော်မြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများကို နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဖြန့်ဖြူးပေးလျှက်ရှိနေသည်။

လက်ရှိတွင်ဒီဇယ်ဓာတ်အားပေးစက်များဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် ရသေ့တောင်၊ဘူးသီးတောင်၊မောင်တောမြို့များကို ၂၀၁၈ခုနှစ်တွင် နိုင်ငံတော်ဓာတ်အားပေးစနစ်မှ လျှပ်စစ်ရရှိနိုင်ရန်စီစဉ်နေကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားမရရှိသည့်မြို့နယ်၊ကျေးရွာများကို လျှပ်စစ်မီးရရှိရန်ဆောင်ရွက်ရာတွင် ပြည်ပမှအတိုးမဲ့၊အတိုးနှုန်းသက်သာသောနှစ်ရှည်ချေးငွေများ၊ပြည်ထောင်စုဘက်ဂျက်၊တိုင်းဒေသကြီးပြည်နယ်ဘက်ဂျက်များဖြင့် စီမံချက်ရေးစွဲ ဆာင်ရွက်နေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် အတွင်းတွင်ကျေးရွာစုစုပေါင်း (၃၇၃၈)ရွာရှိပြီး နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၂၂)ရွာနှင့်အခြားနည်းလမ်းများဖြင့်(၁၄၇၄)ရွာစုစုပေါင်း(၁၆၉၆)ရွာကို မီးလင်းစေရန် ဆောင်ရွက်ထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*