သရုပ်ဆောင်ရဲတိုက် ယခုနိုဝင်ဘာလလယ်တွင် လွတ်မည်ဟု တောင်ငူထောင်ပိုင်ကြီး အတည်ပြုပြောကြား

သရုပ်ဆောင်ရဲတိုက် ယခုနိုဝင်ဘာလလယ်တွင် လွတ်မည်ဟု တောင်ငူထောင်ပိုင်ကြီး အတည်ပြုပြောကြား
November 8, 2017 Fame Asian

5:51 pm
သရုပ်ဆောင်ရဲတိုက် ယခုနိုဝင်ဘာလလယ်တွင် လွတ်မည်ဟု တောင်ငူထောင်ပိုင်ကြီး အတည်ပြုပြောကြား

23316363_1540269519386784_3923766774234816558_n

တောင်ငူ၊နိုဝင်ဘာ၈

သရုပ်ဆောင်ရဲတိုက် ယခုနိုဝင်ဘာလလယ်တွင် တောင်ငူထောင်မှနေ၍ လွတ်မည်ဟု တောင်ငူအကျဉ်းထောင် ထောင်ပိုင်ကြီးက Popular News ကို ယနေ့ ညနေပိုင်းတွင် အတည်ပြုပြောသည်။

”ရက်အတိအကျကို မပြောပါဘူး၊လလယ်ပိုင်းမှာ လွတ်မှာလို့ပဲ ပြောနိုင်ပါတယ်။ဒီလလယ်မှာ လွတ်မှာကတော့ သေချာပါတယ်”ဟု တောင်ငူထောင်ပိုင်ကြီးက ပြောသည်။ သရုပ်ဆောင်ရဲတိုက်သည် လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်ခြင်းမဟုတ်ဘဲ တစ်နှစ်ပြစ်ဒဏ်လျှော့ခံထားရသလို၊သာမာန်လျှော့ရက်များအရ လွတ်ခြင်းဖြစ်သည်ဟု ထောင်ပိုင်ကြီးက ဆက်ပြောသည်။

သရုပ်ဆောင်ရဲတိုက်သည် ၂၀၁၃ ခုနှစ် ဇူလိုင်လက ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၌ ဆေးခြောက်တစ်ကျပ်သားခန့် လက်ဝယ်တွေ့ရှိမှုအပြင် သာသနာညှိုးနွမ်းစေမှုစသည့် ပုဒ်မများနှင့် ထောင်ဒဏ်ကျခံခဲ့ရသူ ဖြစ်သည်။

MTA

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*