နိုင်ငံပေါင်း (၁၉၃)နိုင်ငံ၌ မြန်မာနိုင်ငံ၏ e-Government ညွှန်းကိန်းအဆင့်မှာ (၁၆၉)တွင်ရှိနေ

နိုင်ငံပေါင်း (၁၉၃)နိုင်ငံ၌ မြန်မာနိုင်ငံ၏ e-Government ညွှန်းကိန်းအဆင့်မှာ (၁၆၉)တွင်ရှိနေ
November 7, 2017 Asian Fame

3:38 pm
နိုင်ငံပေါင်း (၁၉၃)နိုင်ငံ၌ မြန်မာနိုင်ငံ၏ e-Government ညွှန်းကိန်းအဆင့်မှာ (၁၆၉)တွင်ရှိနေ

23434860_1840940466166927_3474321990448338127_nနေပြည်တော် နိုဝင်ဘာ (၇)

နိုင်ငံပေါင်း (၁၉၃)နိုင်ငံပါဝင်သော e-Government ညွှန်းကိန်းအဆင့်တွင် မြန်မာနိုင်ငံက အဆင့်(၁၆၉)တွင်ရှိနေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှသိရသည်။ အဆိုပါညွှန်းကိန်းထုတ်ပြန်ချက်ကို (၂၀၁၆)ခုနှစ်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံ၏ e-Governmentခရီးစဉ်ကို (၂၀၀၄)ခုနှစ်မှစတင်ခဲ့ပြီးယခုအခါ(၁၃)နှစ်လောက်ကြာခဲ့ပြီဖြစ်ပါတယ်။အစိုးရဌာနတော်တော်များများမှာ Online Website များနဲ့ Online Application များရှိလာပြီးလုပ်ငန်းတွေဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ငန်းစဉ်အားလုံးကို Onlineက နေလုပ်ဆောင်ပေးနိုင်တဲ့ဌာနလုပ်ငန်းဘယ်နှခုရှိလဲဆိုရင်တော့ လက်ချိုးရေကြည့်လို့ရပါတယ်။အနည်းငယ်ဘဲရှိပါတယ်”ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကပြောသည်။ ယနေ့နေပြည်တော်တွင်ကျင်းပပြုလုပ်သည့် e- Government Conference and ICT Exhibition(2017) ဖွင့်ပွဲအခမ်းအနားမိန့်ခွန်း တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“e-Governmentလုပ်ငန်းများကိုဦးစီးဦးဆောင်တဲ့နေရာမှာ စနစ်ကျတဲ့စီမံခန့်ခွဲမှုလိုအပ်ပြီးလက်ရှိဆောင်ရွက်နေတဲ့လုပ်ငန်းပုံစံအချို့ကိုပြန်လည်သုံးသပ်ဖို့ပိုမိုကောင်းမွန်တဲ့ပိုမိုမြန်ဆန်တဲ့ပုံစံမျိုးကိုပြောင်းလည်းဖို့က နည်းပညာထက်အရေးကြီးတယ်လို့ပြောကြားချင်ပါတယ်။နည်းပညာတွေကောင်းပြီး လူတွေကမပြောင်းလည်းရင် တိုးတက်မှုရဖို့ဆိုတာဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး”ဟု ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။ နိုင်ငံတစ်နိုင်ငံ၏ e-Government ဖွံ့ဖြိုးတိုးတက်မှုကို (၁)Online Service (၂)Telecommunicationညွှန်းကိန်းနှင့်(၃)လူသားစွမ်းရည်ဖွံ့ဖြိုးတိုက်တက်မှုဆိုင်ရာညွှန်းကိန်းစသည့် အချက်(၃)ချက်ဖြင့်တိုင်းတာခြင်းဖြစ်သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*