5:24 pm
(ရန်ကုန် ၊ နိုဝင်ဘာ ၇)
မီတာဖတ် ၀န်ထမ်းအချို့  မရိုးသားတဲ့ဆောင်ရွက်မှုတွေ မလုပ်နိုင်စေဖို့  ထိန်းချုပ်စင်တာကနေ မီတာဖတ်လို့ ရတဲ့ စနစ်ကို စတင်ဆောင်ရွက်ဖို့စီစဉ်နေပြီ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကပြောပါတယ်။
အခု ဒေါပုံမြို့ နယ်မှာ စမ်းသပ်ဆောင်ရွက်နေပြီလို့လည်း တိုင်းအစိုးရက ပြောပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ အင်းစိန်မြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်ရဲ့ ” ရန်ကုန်တိုင်းဒေသကြီးအတွင်း အချိန်မှန်၊ ယူနစ်မှန် ဖတ်ကြားပေးခြင်းအား စနစ်တကျ ပြုလုပ်ပေးနိုင်ရန်အစီအစဉ်ရှိမရှိ” မေးခွန်းမေးမြန်းမှုနဲ့ ပတ်သတ်ပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လျှပ်စစ် ၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဒေါ်နီလာကျော်က အခုလိုပြန်လည်ဖြေကြားခဲ့တာပါ။
မီတာဖတ်ဝန်ထမ်းအချို့ တို့ ရဲ့ မရိုးသားစွာ ဆောင်ရွက်ခြင်းတွေ ဒီလိုအချိန်မျိုးတွေမှာ ရှိတက်တဲ့အတွက် အခုနောက်ပိုင်းမှာ အဲဒီလိုဖြစ်စဉ်တွေမပေါ်ပေါက်စေရန်နဲ့ မီတာဖတ်ချက်အတိအကျ မှန်ကန်စေရေး ပြီးတော့ မီတာဖတ်ဝန်ထမ်းများနဲ့ သုံးစွဲသူများအကြားမှာဖြစ်
ပေါ်နိုင်တဲ့ပြသနာတွေမရှိစေဖို့ အတွက် ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းက အရင် မီတာများအစား ဒီဂျစ်တယ်ရီမုကွန်ထရိုးနဲ့ ပေတစ်ရာခန့် အကွာကနေ ဖတ်လို့ ရတဲ့ မီတာများကို လဲလှယ်တပ်ဆင်ခြင်းဆောင်ရွက်နေပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာထိ
န်းချုပ်စင်တာကနေပြီးတော့ပဲ မီတာဖတ်လို့ ရမယ့်စနစ်ကိုလည်း ဒေါပုံမြို့ နယ်မှာ အခုအခါ စမ်းသပ်စနစ်အနေနဲ့ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်” လို့ ဒေါ်နီလာကျော်ကပြောပါတယ်။
မေးခွန်းမေးမြန်းတဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးသာအောင်က မီတာဖတ်ဝန်ထမ်းများအနေနဲ့ လစဉ်သေချာစွာမကောက်ဘဲ မှန်းပြီးကောက်မှုတွေရှိနေတာကြောင့် နစ်နာမှုတွေရှိတယ်လို့ ဆိုပါတယ်။ ” ဥပမာ ယူနစ်ပုံမှန် ၂၀၀ခန့် သုံးစွဲနေတဲ့အိမ်ကိုလစဉ်သေချာစွာမေ
ကာက်ဘဲနဲ့ မှန်းပြီးတော့ ပထမလမှာ ၈၀ ယူနစ်ဖတ်ပြီး ဒုတိယလမှာ ၃၂၀ ယူနစ်လို့ ဖတ်ရင် စုစုပေါင်းယူနစ်တူညီပေမယ်လို့ ငွေပေးချေမှုနှန်းထားဟာ ပုံသေမဖြစ်တဲ့အတွက်ကြောင့် သုံးစွဲသူအတွက်ဟာတွက်ချက်မှုအရ နစ်နာမှုတွေရှိတာ စစ်ဆေးတွေ့ ရှိရပါတယ်။သေချာစွာဖတ်ပေးပါ ။ စုစုပေါင်းမှာ လာလာပေါင်းပြီးတော့ ခန့်မှန်းတာဟာ မဖြစ်သင့်တဲ့ကိစ္စပါ ။ လူမနေတဲ့အိမ် ၊ တိုက်ခန်းတို့ မှာ လျှပ်စစ်မီးက သုံးစွဲမှုမရှိဘဲနဲ့ မူလသုံးစွဲခဲ့တဲ့ယူနစ်အတိုင်း တောက်လျောက်၂ လ ၃လ အထိအောင်ဆက်ပြီးတော့ ကောက်နေတာတွေ့ ရပါတယ်။တစ်ချို့ အိမ်တွေဆို ယူနစ်တစ်ထောင်ဝန်းကျင်လောက်ထိအောင် ကျော်သွားမှာ သွားပြောတော့မှ ပြန်ပြီးတော့ မကောက်ဘဲနေတာမျိုးတွေ့ ရှိရပါတယ်။ဒီကိစ္စမှာ ပြည်သူများကလည်း ဝေဖန်သံတွေရှိပါတယ်” လို့ လွှတ်တော်မှာ ဝေဖန်ပြောကြားခဲ့ပါတယ်။ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဒေါ်နီလာကျော်ကတော့ မီတာဖတ်ဝန်ထမ်းများအနေနဲ့ သတ်မှတ်ရက်မှာ မီတာလာဖတ်တဲ့အခါ အိမ်တံခါး၊ခြံတံခါးပိတ်ထားခြင်းစတဲ့အချက်တွေကြောင့် မီတာဖတ်မရလို့ ခန်းမှန်းဖတ်ပြီး တွက်ချက်ရလို့ သုံးစွဲတဲ့ယူနစ်အမှန်မရရှိတာမျိုးရှိနိုင်ပါတယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မီတာပေါင်းတစ်သန်းကျော်ရှိတဲ့အနက် ငါးသိန်းလောက်ကို ရီမုကွန်ထရိုးနဲ့ ပေတစ်ရာခန့် အကွာက မီတာဖတ်လို့ ရတဲ့ မီတာတွေတပ်ဆင်လဲလှယ်ပြီးဖြစ်တယ်လို့ သိရပါတယ်။
ဖြိုးထက်အောင်