မဲဆောက်ရှိ ဂျပန်တစ်ပတ်ရစ် ကားဝင်း ပိတ်သိမ်းရန် (၅)ရက် အလိုတွင် မြဝတီဖက်ခြမ်းသို့ လိုင်စင်မဲ့ ကားများ အလုံးအရင်း ဝင်ရောက်လာ

မဲဆောက်ရှိ ဂျပန်တစ်ပတ်ရစ် ကားဝင်း ပိတ်သိမ်းရန် (၅)ရက် အလိုတွင် မြဝတီဖက်ခြမ်းသို့ လိုင်စင်မဲ့ ကားများ အလုံးအရင်း ဝင်ရောက်လာ
November 7, 2017 Asian Fame

12:38 pm
မဲဆောက်ရှိ ဂျပန်တစ်ပတ်ရစ် ကားဝင်း ပိတ်သိမ်းရန် (၅)ရက် အလိုတွင် မြဝတီဖက်ခြမ်းသို့ လိုင်စင်မဲ့ ကားများ အလုံးအရင်း ဝင်ရောက်လာ
mesokနေပြည်တော်၊ နိုဝင်ဘာ (၇)

ထိုင်းနိုင်ငံ၏ အကောက်ခွန်ဥပဒေသစ် အရ တစ်ထောက်နား ကုန်စခန်းများကို ဖွင့်ခွင့်မပြုတော့သည့် အတွက် ယခုလ (၁၁)ရက်နေ့တွင် အပြီး ပိတ်သိမ်းရန်ညွှန်ကြားထားသည့် မဲဆောက် ကားဝင်းအတွင်းရှိ ဂျပန်တစ်ပတ်ရစ် ကားများ မြဝတီဖက် အခြမ်းသို့ အလုံး အရင်းနှင့်ဝင်ရောက်လျှက်ရှိနေသည်။

“အခုက (၁၃)ဂိတ်ထဲမှာကားက ကုန်သလောက်တောင် ရှိနေပါပြီ။ ကွန်တိန်နာအသစ်တွေ ထပ်မဝင်တော့ဘဲ လက်ကျန်တွေဘဲ နေ့တိုင်းကမ်းကူးနေကြတာ။ (၁၁)ရက်နေ့နောက်ပိုင်း ကျန်တဲ့ကားတွေကို ထိုင်းကသိမ်းမှာဖြစ်လို့ ဒီဖက်ကမ်းကို ကူးနေကြတာ၊ တစ်ရက်ကိုအစီး(၃၀၀)လောက် ရှိနေတယ်”ဟု (၁၃)ဂိတ်အသစ်တွင် ကမ်းကူးပေးနေသည့် ကိုတရုတ်က ဆိုသည်။
မဲဆောက်ရှိ ဂျပန် တစ်ပတ်ရစ်ကားဈေးကွက် မှာ အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်ပြီး မြန်မာနိုင်ငံ အတွင်းသို့ ဂျပန်တစ်ပတ်ရစ် လိုင်စင်မဲ့ ကားများ အဓိက ဝင်ရောက်သည့်နေရာ တစ်ခုဖြစ်သည်။ယခု ၎င်းကားဝင်းကို ပိတ်လိုက်သည့်အတွက် ပြည်တွင်းသို့ လိုင်စင်မဲ့ကား များ ဝင်ရောက်ရန် ခက်ခဲ သွားမည်ဟု ကားတင်သွင်း သူများက သုံးသပ်ကြသည်။
“ဂျပန်ကနေ သင်္ဘောနဲ့လာပြီး ထိုင်းဆိပ်ကမ်းကနေ မဲဆောက်ထိ လာပြီး ဒီမှာကားတွေကို ရောင်းကြတာပေါ့ ၊သောင်ရင်းမြစ် ကို ကူးတာနဲ့ ဒီဖက်မြန်မာပြည် ထဲရောက်လာတာ၊အဲဒီနေရာတွေက အဖွဲ့အစည်း တွေရှိနေတော့ ကိုင်တွယ်ဖို့ ခက်ခဲနေတာပါ”ဟု မြဝတီမြို့ ရှိဒေသခံ ကိုကျော်ကျော်ဦးက ဆိုသည်။
လိုင်စင်မဲ့ကား များ၏ဈေးနှုန်းမှာ သိန်း(၂၀)ဝန်းကျင်မှ စတင် ဝယ်ယူနိုင်ကြပြီး နယ်စပ်နှင့် ကျေးလက်ဒေသ များတွင် အများဆုံး အသုံးပြုနေကြသည် ။မြို့ပေါ်ဒေသများတွင် လိုင်စင်မဲ့ကားများ ကိုစီမံချက်များ ရေးဆွဲပြီး ဖမ်းဆီးလျှက်ရှိနေသော်လည်း အသုံးပြုစီးနင်းမှုများ ရှိနေသည်။
အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*