အာဟာရ ချို့တဲ့နေသည့် ပြည်တွင်းရှိ ကလေးငယ်များ အတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း (၁၀၀)ထုတ်ချေးမည်

အာဟာရ ချို့တဲ့နေသည့် ပြည်တွင်းရှိ ကလေးငယ်များ အတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း (၁၀၀)ထုတ်ချေးမည်
November 1, 2017 Asian Fame

10:42 am
အာဟာရ ချို့တဲ့နေသည့် ပြည်တွင်းရှိ ကလေးငယ်များ အတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း (၁၀၀)ထုတ်ချေးမည်

kid(နေပြည်တော်၊ နိုဝင်ဘာ (၁)

မြန်မာနိုင်ငံ၏ အဟာရဖွံ့ဖြိုးမှု သီးသန့်စီမံချက်အတွက် အမေရိကန်ဒေါ်လာသန်း(၁၀၀)ကို အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးသွားမည်ဟု ကမ္ဘာ့ဘဏ်မှသိရသည်။

“ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံမှာ အဟာရဖွံ့ ဖြိုးမှု သီးသန့် စီမံချက်ဆိုပြီး ပထမဆုံး အကြိမ် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပါတယ်။ စီမံချက်ကာလကို အခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ငါးနှစ်စီမံကိန်း အဖြစ်သတ်မှတ်ထားပါတယ်။

အခုလို မြန်မာနိုင်ငံကိုရင်းနှီးမြှုပ်နှံရတာဟာ မြန်မာအစိုးရက ရင်းနှီးမြှုပ်ဖို့ လိုလိုလားလား ဖိတ်ခေါ်ထားတာရယ် သက်ဆိုင်ရာ အဖွဲ့ အစည်းတွေက မြန်မာနိုင်ငံရဲ့ လိုအပ်နေတဲ့ ကဏ္ဍတွေ ကြည့်ပြီး ရင်းနှီးမြှုပ်နှံ ရတာဖြစ်တယ်”ဟု ကမ္ဘာ့ဘဏ် ပညာရေးနှင့် ကျန်းမာရေး ကာကွယ်ခြင်းကဏ္ဍမှ Lars Sondergaard ကဆိုသည်။

၂၀၁၅ခုနှစ်တွင် ထွက်ရှိထားသည့် DHS သုတေသန စာတမ်းအရ မြန်မာနိုင်ငံရှိ ကလေးငယ် (၁၀)ယောက်တွင် (၃)ယောက်မှာ အဟာရချို့တဲ့မှုဒါဏ်ကို ခံစားနေရပြီး ဦးနှောက်ဖွံ့ဖြိုးမှု အပိုင်းမှာ ထိခိုက်လာနိုင်တာကြောင့် ကမ္ဘာ့ဘဏ်မှ အတိုးနှုန်း သက်သာစွာဖြင့် ယခုစီမံချက်ကို စတင်ရခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်တာဝန်ရှိသူက ဆိုသည်။

ကမ္ဘာ့ဘဏ်၏ ချေးငွေဖြင့် ယခုစီမံချက်ကို အကောင်အထည်ဖော်ရာတွင် အမှန်တကယ်အဟာရချို့တဲ့နေသည့် ဒေသများကို ဦးစားပေးရွေးချယ် သွားရန်စီစဉ်ထားသည်။ အာဟာရဖွံ့ဖြိုးရေး စီမံချက်အပြင် အခြားကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီစွာ ရရှိရေး စီမံချက်ကိုလည်း ကန်ဒေါ်လာသန်း(၁၀၀) ထပ်မံ ရင်းနှီးမြုပ်နှံပြီး ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်သွားရန် စီစဉ်လျှက် ရှိနေသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*