တနိုင်းမြို့ အတွက်ဆန်ခွဲတန်း အိတ် ၃၅၀၀ ကျော် ရောက်ရှိ

တနိုင်းမြို့ အတွက်ဆန်ခွဲတန်း အိတ် ၃၅၀၀ ကျော် ရောက်ရှိ
November 1, 2017 Asian Fame

11:32 am
တနိုင်းမြို့ အတွက်ဆန်ခွဲတန်း အိတ် ၃၅၀၀ ကျော် ရောက်ရှိ

rice(တနိုင်း ၊ နိုဝင်ဘာ ၁)

နိုဝင်ဘာလအတွင်း တနိုင်းမြို့ အတွက် ဆန်ခွဲတန်း အိတ် ၃၅၀၀ ကျော် ဟာ အောက်တိုဘာ ၃၁ ရက်နေ့ညမှာ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

“ဆန် အိတ် ၃၅၁၅ အိတ်လုံး မနေ့ညက ရောက်ပါတယ်။ ကျွန်တော်တို့ ဆီမှာ လာပြီး လျှောက်တဲ့ သူတွေ အားလုံးရဲ့ပမာဏ နဲ့ ရှိတဲ့ဆန်အိတ်ပမာဏကို စားပြီး ခွဲပေးပါတယ် ” လို့ တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင် က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ခွဲတန်းရရှိထားတဲ့ စက်သုံးဆီ ၂၅၂၀ ပီပါ ကတော့ သယ်ဆောင်တုန်း လမ်းခရီးမှာပဲ ရှိသေးတယ်လို့ သိရပါတယ်။

ဆန်တစ်အိတ်ကို ငွေကျပ် ၃၃၀၀၀ နှုန်းနဲ့ ဆိုင်အရောက်သယ်ဆောင်ချပေးခ ၃၅၀၀ ၊ စုစုပေါင်း ၃၆၅၀၀ လောက် ကုန်ကျတယ်လို့လည်း တနိုင်းမြို့ဒေသခံတစ်ဦးဖြစ်တဲ့ ကိုစိုးမင်းအောင်က ပြောပါတယ်။

“သူတို့အနေနဲ့ ပြန်ရောင်ရင်တော့ တစ်အိတ် ၄၀၀၀၀ လောက် ရောင်းမယ်ထင်တယ်။ ဒါက လူလတ်တန်းစားတွေ စားတဲ့ ငွေတိုးဆန် အမျိုးအစားပါ” လို့ သူက ဆိုပါတယ်။

အခုဆန်တွေဟာဆိုရင် မြစ်ကြီးနားက သယ်လာတဲ့ဆန်တွေဖြစ်တယ်လို့လည်းသိရပါတယ်။

လောလောဆယ် တော့ တနိင်းမြို့ထဲက ဆန်အရောင်းဆိုင်တွေ တစ်ဆိုင်ကို ဆန် အိတ် ၁၂၀ လောက်ရကြတယ်လို့လည်းသိရပါတယ်။

တနိုင်းမြို့အတွင်းကို ဆန်နဲ့ စက်သုံးဆီ ခွဲတန်းမပေးတော့ဘဲ သယ်ဆောင်ခွင့် ပိတ်ထားခဲ့တာ ၅ လလောက်ကြာခဲ့ပြီး နောက်မှာ အခုလို ပြန်လည်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

ဆန်ခွဲတန်းနဲ့ သယ်ဆောင်ခွင့်ပိတ်ထားတဲ့ကာလတုန်းက တနိုင်းမြို့မှာ ဆန်းကြမ်းဖြစ်တဲ့ ငွေတိုးဆန် နို့ဆီဗူးဆယ်လုံးကို ငွေကျပ် ၃၀၀၀ ထိပေးဝယ်ခဲ့ရပြီး လိုသလောက်လည်းဝယ်ယူလို့မရခဲ့ပါဘူး။

၂၀၁၆ နှစ်ကုန်ပိုင်းတုန်းကလည်း လုံခြုံရေးအခြေအနေအရဆိုပြီး တနိုင်းမြို့ကို ဆီနဲ့ဆန် ဖြတ်တောက်ခဲ့ပေမယ့် တစ်လလောက်အကြာမှာပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။

ရဲလွင်
Photo- Tanai Channel

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*