အိုဟောင်း လိုက်ထရပ်နှင့် ပစ်ကပ်ကားများကို လူစီး စလစ်ထုတ်ပေးရန် အစီစဉ်မရှိသေး

အိုဟောင်း လိုက်ထရပ်နှင့် ပစ်ကပ်ကားများကို လူစီး စလစ်ထုတ်ပေးရန် အစီစဉ်မရှိသေး
October 30, 2017 Asian Fame

11:39 am
အိုဟောင်း လိုက်ထရပ်နှင့် ပစ်ကပ်ကားများကို လူစီး စလစ်ထုတ်ပေးရန် အစီစဉ်မရှိသေး

carနေပြည်တော်၊ အောက်တိုဘာ (၃၀)

စက်မှုဇုန်ထုတ် လိုက်ထရပ်နှင့်အိုဟောင်းပစ်ကပ်ကားများကို အပ်နှံပါက လူစီးစလစ်ပြန်လည်ထုတ်ပေးရန် အစီစဉ်လတ်တလောတွင်မရှိသေးကြောင်း မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သော ကြီးကြပ်မှုကော်မတီမှ သိရသည်။

“ကားလုပ်ငန်းရှင်တွေအပါအဝင် တစ်ချို့က ဒီအိုဟောင်းဖျက်သိမ်းသင့်တဲ့ဇုန်ထရပ်တွေနဲ့ပစ်ကပ်တွေကိုအက်ရင်လူစီးစလစ်ပြန်ပေးဖို့ ပြောကြပေမယ့် လတ်တလောမှာတော့ လုပ်ငန်းသုံးယာဉ်တွေဖြစ်လို့ လုပ်ငန်းသုံးကားဘဲ ခွင့်ပြုပါမယ်၊လူစီးကားစလစ်မပေးသေးပါဘူး”ဟု မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ယခုနှစ်အတွက်ကားတင်သွင်းခွင့်ပါမစ် လျှောက်ရန်နောက်ဆုံးရက် ကိုကြေညာခဲ့ပြီးနောက် ဈေးကွက်အတွင်းလူစီးအပ်ကားစလစ်များရှားပါးလာသည့်အတွက် လမ်းမပေါ်တွင်အန္တရာယ်ရှိနိုင်သောဇုန်ထုတ်အိုဟောင်းလိုက်ထရပ်နှင့်ပစ်ကပ်များကို လူစီးစလစ်ပြန်လည်ခွင့်ပြုရန် ကားတင်သွင်းသူအများစုက လိုလားနေကြသည်။

“အဓိကကတော့ လူတွေအန္တရာယ်ဖြစ်မှာစိုးလို့မော်ဒယ်မြင့်တွေဘယ်မောင်တွေဘဲသီးသန့်ခွင့်ပြုတယ်ဆိုရင် လမ်းပေါ်မှာဂျုံးဂျုံးကျနေတဲ့ဒီအိုဟောင်းထရပ်ကားနဲ့ပစ်ကပ်တွေကိုလည်း အပ်ရင်လူစီးစလစ်ပြန်ပေးတာမျိုးလုပ်သင့်ပါတယ်၊ခုဟာက ဒီကားတွေအပ်ရင်လုပ်ငန်းသုံးဘဲပြန်သွင်းခွင့်ရမယ်ဆိုတော့ ဘယ်သူမှမအပ်ဘဲဒီအတိုင်းစီးနေကြတာဘဲ”ဟု ရန်ကုန်မြို့မှ ဝါရင့်ကားဝယ်ရောင်း ကိုစိုးလွင်ကသူ့အမြင်ကိုပြောသည်။

ယနေ့စလစ်ပေါက်ဈေးမှာ သိန်း(၁၃၀)ဝန်းကျင်ရှိနေပြီး ကားလောကအတွင်း ထွက်လာသည့် သတင်းများကိုလိုက်၍ စလစ်ဈေးက အတက်အကျဖြစ်ပေါ်နေသည်။

ယခုနှစ်အတွင်းလျှောက်ထားသည့်စလစ်ကပ်ပါမစ်များကို လာမည့်နှစ်တွင် သက်တမ်းတိုးခွင့်ပြုမည်ဖြစ်သောကြောင့် ဂျပန်ညာမောင်းစလစ်ကပ်ကားများ လျှောက်ထားမှုမှာလည်း မြင့်တက်နေကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*