မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ကုန်ရထားဘီးချော်မှုကြောင့် အမြန်ရထားခရီးသည်များကို ရထားချင်းလွှဲပြောင်းပေးနေရ

မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ကုန်ရထားဘီးချော်မှုကြောင့် အမြန်ရထားခရီးသည်များကို ရထားချင်းလွှဲပြောင်းပေးနေရ
October 30, 2017 Fame Asian

12:23 pm
မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ကုန်ရထားဘီးချော်မှုကြောင့် အမြန်ရထားခရီးသည်များကို ရထားချင်းလွှဲပြောင်းပေးနေရ

 

22885867_1587334547977171_3883149112701996927_n

မန္တလေး ၊ အောက်တိုဘာ ၃၀

အောက်တိုဘာ ၂၉ ရက်နေ့ညက မန္တလေး – မြစ်ကြီးနား ရထားလမ်းပိုင်း ထန်းကုန်းဘူတာနဲ့ ကန့်ဘလူဘူတာကြား မှာဖြစ်ပွားခဲ့တဲ့ ကုန်ရထားတစ်စီး ဘီးချော်မှုမှာ ဒီကနေ့မနက်ပိုင်းအထိ ပြန်လည်ပြင်ဆင်မှု မပြီးစီးသေးတာကြောင့် အခြား အဆုန် အဆန် ရထားအသီးသီးက ခရီးသည်တွေကို ကန့်ဘလူနဲ့ ထန်းကုန်းဘူတာကြားမှာ ဟိုဘက်ဒီဘက်ရထားချင်း ပြောင်းပေးနေရတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကုန်ရထားဘီးချော်မှုကို ပြန်လည်ပြင်ဆင်ရာမှာ အောက်တိုဘာ ၃၀ ရက်နေ့ မနက်မှာပြီးစီးမယ်လို့ ခန့်မှန်းခဲ့ပေမယ့် လုပ်ငန်းအခက်အခဲ / ရာသီဥတု ကြောင့် မပြီးစီးနိုင်ခဲ့တဲ့အတွက် အခုလို အဆုန်ရထားမှာပါတဲ့ခရီးသည်နဲ့ အဆန် ရထားမှာ ပါတဲ့ ခရီးတွေကို ရထားအလိုက်ပြောင်းပေးနေတာဖြစ်ပါတယ်။

ကန့်ဘလူဘူတာရုံပိုင်ချုပ် ရုံးက တာဝန်ရှိသူတစ်ဦးက “မနက်က ၅၆ နဲ့ ၅၇ ချိန်းသွားတယ်။ ပြီးတော့ ၃၇ နဲ့ ၃၈ နဲ့ချိန်းသွားတယ်။ အခုတော့ ဒီကို မန္တလာရောက်နေတယ်။ ဟိုဘက်က ချိန်းမယ့်ရထားဘယ်လိုလုပ်မလဲမသိသေးဘူး” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒီလို ဖြစ်စဉ်တွေကြောင့် မြစ်ကြီးနားဘက်ကို ခရီးသည်တွေပြောင်းပြီးတက်လာမယ့် အမှတ် ၅၇ အဆန်ရထားဟာ ကြားဘူတာတွေကို သတ်မှတ်ချိန်ထက် ၁၉ နာရီလောက် နောက်ကျပြီးမှ ဖြတ်သန်းမယ်လို့ ကန့်ဘလူဘူတာရုံကနေသိရပါတယ်။

ပျက်စီးသွားတဲ့လမ်းပိုင်းကိုလည်း ဒီကနေ့ ညနေပိုင်းလောက်မှာပြင်ဆင်မှု ပြီးစီးနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

YL
Photo – U Mar Ga

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*