ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေပြုလုပ်နေခြင်းနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ ထောက်ပြပြောဆို

ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေပြုလုပ်နေခြင်းနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ ထောက်ပြပြောဆို
October 30, 2017 Fame Asian

4:01 pm
ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေပြုလုပ်နေခြင်းနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ ထောက်ပြပြောဆို

img1

ရန်ကုန်၊ အောက်တိုဘာ ၃၀

ဘာသာရေးအရ ဆုတောင်းကြတာကို မပြောလိုပေမယ့် ယင်းပုံရိပ်ကို အသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်တာမျိုးဆိုရင်တော့ မကောင်းဘူးလို့ ဘာသာပေါင်းစုံဆုတောင်းပွဲတွေ ပြုလုပ်နေခြင်းနဲ့ ပတ်သက် ပြီး ပြည်ခိုင်ဖြိုး ပါတီထောက်ပြပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့ ၊ သံလွင်လမ်းမှာ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ မီဒီယာများနဲ့ တွေ့ ဆုံပွဲမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ဦးလှသိန်းက သတင်းထောက်များရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားရမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

”ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄ မှာ ဘာဆိုထားလဲဆိုတော့ နိုင်ငံရေးကိစ္စအလို့ ဌာ ဘာသာ သာသနာကိုအလွဲသုံးစားမပြုရ။ ထို့ ပြင် လူမျိုးကြောင့်သော်လည်ကောင်း ဘာသာရေးကြောင့်သော်လည်းကောင်း တစ်ဖက်နဲ့ တစ်ဖက် ၊တစ်ဂိုဏ်းနဲ့ တစ်ဂိုဏ်းမုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းမျိုး တစ်မျိုးမျိုးပေါ်ပေါက်လာစေရန်ရည်ရွယ်သော သို့ မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ ဆန့် ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌာန်းနိုင်သည်လို့ ပါပါတယ်။ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ ငြိ မငြိဆိုတာကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူများက စဉ်းစားရမယ့်အလုပ်ဖြစ်ပါတယ် ကျွန်တော်တို့ တာဝန်ရှိသူများအနေနဲ့ ကတော့ သာမန်တိုင်းပြည်အေးချမ်းရေးအတွက် အားလုံးစုပေါင်းပြီးဆုတောင်းကြတာက ဘာမှမဖြစ်ပေမယ့် ကိုယ့်ရဲ့ပုံရိပ်ကိုမြှင့်တင်ချင်တဲ့ဆန္ဒနဲ့ လုပ်တာဆိုရင်တော့ နည်းနည်းလေးများလွဲမှားနေမလားလို့ တာဝန်သိသူတစ်ဦးအနေနဲ့ ပန်ကြားခြင်းသာဖြစ်ပါတယ်” လို့ ဦးလှသိန်းကပြောပါတယ်။

တပ်မတော်ထောက်ခံပွဲတွေမှာ ပြည်ခိုင်ဖြိုးပါတီဝင်များပါဝင်နေတာနဲ့ ပတ်သတ်ပြီးမေးမြန်းမှုကိုတော့ ဒါဟာ နိုင်ငံတကာမှာ တပ်မတော်နဲ့ ပတ်သတ်တဲ့ မဟုတ်မှန်တဲ့စွပ်စွဲချက်တွေကို မဟုတ်ဘူးဆိုတာကို သက်သေပြတဲ့အနေနဲ့ တိုင်းပြည်နဲ့ အချုပ်အခြာအာဏာကို ချစ်မြတ်နိုးသူများက ရင်ထဲမှလာတဲ့ဆန္ဒကို ဖော်ထုတ်တဲ့ပွဲမှာ ပြည်ခိုင်ဖြိုးပါတီဝင်များက ပါဝင်ခြင်းဖြစ်တယ်လို့ ဦးလှသိန်းကပြောပါတယ်။

ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေနဲ့ ပတ်သက်ပြီး NLD ပါတီမှပြောရေးဆိုခွင့်ဖြစ်သူ ဦးဝင်းထိန်က ပါတီဗဟိုအနေနဲ့ တိုင်းနဲ့ ပြည်နယ်အဆင့်တွေမှာသာ ပြုလုပ်ဖို့ ပြောထားပြီး လုပ်တဲ့အခါ မိန့် ခွန်းပြောစရာမလိုကြောင်း၊ သက်ဆိုင်ရာဘာသာအလိုက် ဆုတောင်းကြရန်သာပြေထားကြောင်း၊ သို့ရာတွင် တစ်ချို့ က တက်ကြွ့ပီး မိုက်ကိုင်တဲ့အခါ စိတ်ပြောင်းကာ ပေါက်ကရပြောသူတွေရှိကြောင်း မနေ့ က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ဒီချုပ်ဗဟို အလုပ်အမှုဆောင် အစည်းအဝေး အပြီးမှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို တိုင်းနဲ့ ပြည်နယ်အချို့ မှာ ပြုလုပ်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးမှာ အောက်တိုဘာလအတွင်း လေးကြိမ် ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*