ရန်ကုန်စည်ပင် နယ်နမိတ်ထဲ ဆိုင်ကယ် စီးနေမှုများကို အရှိန်မြင့်ဖမ်းမည်

ရန်ကုန်စည်ပင် နယ်နမိတ်ထဲ ဆိုင်ကယ် စီးနေမှုများကို အရှိန်မြင့်ဖမ်းမည်
October 27, 2017 Asian Fame

4:53 pm
ရန်ကုန်စည်ပင် နယ်နမိတ်ထဲ ဆိုင်ကယ် စီးနေမှုများကို အရှိန်မြင့်ဖမ်းမည်

cycle(ရန်ကုန် ၊အောက်တိုဘာ ၂၈)

ဆိုင်ကယ်မစီးရန် တားမြစ်ထားသည့် မြို့နယ်များအတွင်း ဆိုင်ကယ်စီးနေမှုများကို တွေ့ရှိနေရသည့် အတွက် စီးနင်းမှု မရှိစေရေး ကြပ်မတ်ဖမ်းဆီးပေးရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ၎င်းတို့ကို ညွှန်ကြားထားသည်ဟု ရန်ကုန်အခြေစိုက် အမှတ်(၂) ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူးရုံးက ပြောခွင့်ရ အရာရှိက
ပြောသည်။

ပြီးခဲ့သည့်နှစ်က စပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့သစ်က ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ မြို့နယ် ၃၀ ကျော် တွင် ဆိုင်ကယ်စီးနင်းခွင့်မပြုကြောင်း ဒေသန္တရ အမိန့် ကို ယခင်အစိုးရအဖွဲ့ လက်ထက်က အတိုင်း ဆက်လက် ထုတ်ပြန်ထား၍ ယာဉ်ထိန်းရဲတပ်
ဖွဲ့က စစ်ဆေးဖမ်းဆီးပေးနေကြောင်း ၎င်းက ရှင်းပြသည်။

”ဖမ်းဆီးတာကတော့ လုပ်နေပါတယ်။သို့သော်လည်းပဲ စီးနေကြဆဲ ပဲဆိုတော့ မရှိအောင် ရန်ကုန်တိုင်းအစိုးရက ကြပ်မတ်ခိုင်းတဲ့ သဘောပါပဲ”ဟု အထက်ပါအရာရှိက ဆက်ပြောသည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*