မရမ်းကုန်းမှာ ငွေစက္ကူအတု သိန်း ၂၀ ကျော် သိမ်းဆည်းရမိ

မရမ်းကုန်းမှာ ငွေစက္ကူအတု သိန်း ၂၀ ကျော် သိမ်းဆည်းရမိ
October 26, 2017 Asian Fame

12:11 pm
မရမ်းကုန်းမှာ ငွေစက္ကူအတု သိန်း ၂၀ ကျော် သိမ်းဆည်းရမိ

money2(ရန်ကုန် ၊ အောက်တိုဘာ ၂၆)

တစ်သောင်းတန် ၊ ငါးထောင်တန် ၊ တစ်ထောင်တန် ငွေစက္ကူအတု သိန်း ၂၀ ကျော်ဖိုး ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်မှာ မနေ့က သိမ်းဆည်းရမိခဲ့ပါတယ်။

မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက် KBZ ဘဏ်ခွဲကို ကိုစိုးမိုးနိုင်(၂၈)နှစ် လာရောက်အပ်နှံတဲ့ငွေကျပ် ၃၅ သိန်းထဲကနေ တစ်သောင်းတန် ငွေစက္ကူ အတု ၉၈ရွက် (ကျပ် ၉၈၀၀၀၀) ၊ ငါးထောင်တန်ငွေစက္ကူအတု ၁၈၂ ရွက် ( ကျပ် ၉၁၀၀၀၀) ၊ တစ်ထောင်တန်ငွေစက္ကူအတု ၁၂၉ ရွက် (၁၂၉၀၀၀) တို့ ကို တွေ့ရှိ ပြီး အခုလိုသိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။

ကိုစိုးမိုးနိုင် ဟာ ကန်တော်လေး တောင်ရပ်ကွက် မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ နေထိုင်သူဖြစ်ပြီး သူ့ကို မရမ်းကုန်းမြို့မရဲစခန်းမှာ (ပ)၉၃၀/၂၀၁၇ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့အမှုဖွင့်စစ်ဆေးနေတယ်လို့ လည်းသိရပါတယ်။

money1

မှုခင်းရဲတပ်ဖွဲ့က ငွေစက္ကူ အတုတွေကို ပဏာမစိစစ်ခဲ့ရာ နိုင်ငံခြား စက္ကူအမျိုးအစားဖြစ်ပြီး စက္ကူသား ချောနေမှု ၊ အတုဟာအစစ်ထက် အလျားနဲ့ အနံ(၁) မီလီမီတာစီတိုမှု ၊ အက္ခရာ/ ဂဏာန်းတွေ အရောင်မှေးမှိန်မှု ၊ ရုပ်ပုံ/တန်ဖိုးရေစာ ပုံရိပ်သဏ္ဍာန် သာပါရှိမှု ၊ လုံခြုံရေး ကြိုးခရမ်း/ငွေမှင်ရောင်သာပါရှိပြီး အရောင်ပြောင်းလဲမှုမရှိမှု၊ ကာလာပရင်တာနည်းနဲ့ တုပထားပြီး လျှို့ဝှက်ချက်တွေ မပါရှိမှု စတာတွေကိုတွေ့ရှိရကြောင်းပြည်ထဲရေး ၀န်ကြီး ဌာနက ဆိုပါတယ်။

လက်ရှိ အဆိုပါ ငွေစက္ကူတွေ ၀င်ရောက် လာရာလမ်းကြောင်းကို စိစစ်နေကြောင်း ပြည်ထဲရေးက သတင်းထုတ်ပြန်ထားပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*