မြစ်ချောင်းကမ်းပါး အနီးနားက ကျောင်းတွေမှာ အသက်ကယ် အကျီများ ထားရှိပေးဖို့ အစီအစဉ် မရှိဟု ပဲခူးတိုင်း အစိုးရ ပြော

မြစ်ချောင်းကမ်းပါး အနီးနားက ကျောင်းတွေမှာ အသက်ကယ် အကျီများ ထားရှိပေးဖို့ အစီအစဉ် မရှိဟု ပဲခူးတိုင်း အစိုးရ ပြော
October 25, 2017 Asian Fame

5:56 pm
မြစ်ချောင်းကမ်းပါး အနီးနားက ကျောင်းတွေမှာ အသက်ကယ် အကျီများ ထားရှိပေးဖို့ အစီအစဉ် မရှိဟု ပဲခူးတိုင်း အစိုးရ ပြော

UAggyi(ရန်ကုန် ၊ အောက်တိုဘာ ၂၅)

မြစ်ချောင်းကမ်းပါး အနီးတွေမှာ စာသင်နေကြရတဲ့ ကျောင်းသားတွေနဲ့ ဆရာတွေ ဘေးကင်းလုံခြုံရေးအတွက် ကျောင်းတွေမှာ အသက်ကယ်အကျီများထားရှိပေးဖို့ တိုင်းအစိုးရကို တင်ပြတောင်းဆိုခဲ့ပေမယ့် လက်မခံဘဲ ပယ်ချလိုက်တယ်လို့ လက်ပံတန်းမြို့ နယ် မဲဆန္ဒနယ်အမှတ်(၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်က ပြောပါတယ်။

လက်ပံတန်းမြို့ နယ် အနောက်ဖက်ခြမ်းကျေးရွာအချို့ က စာသင်ကျောင်းတွေအတွက် သူက တောင်းဆိုခဲ့တာလို့ ပြောပါတယ်။

မနေ့ က ပြုလုပ်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှာ အဲဒီ ထားပေးဖို့ ရှိ/မရှိ မေးခွန်းမေးမြန်းခဲ့တာဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန
ဝန်ကြီး ဦးမောင်မောင်လွင်က အစီအစဉ်မရှိဘူးလို့ ပြန်လည်ဖြေကြားခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။

မေးခွန်းမေးမြန်းတဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးမျိုးအောင်က ယင်းစာသင်ကျောင်းတွေဟာ တာတွေရဲ့အောက်မှာရှိနေပြီးတော့ မကြာခဏ တာပြိုကျတက်တာကြောင့် အခုလို အသက်ကယ်အကျီတွေထားရှိပေးဖို့ မေးမြန်းရခြင်းဖြစ်တယ်လို့ ပေါ်ပြူလာနယူးစ်ကိုပြော
ပါတယ်။
” အဲဒီဘက်တစ်လျောက်မှာက တာကြီးခံနေတာ။ ကျွန်တော်တို့ ကွင်းဆင်းတော့ ပြည်သူတွေက တင်ပြကြတယ် ။စာသင်ကျောင်းတွေမှာ အသက်ကယ်အကျီတွေထားရှိပေးဖို့ ပေါ့။ မိုင် ၄၀ လောက်ရှိတဲ့တာတွေရဲ့တစ်လျောက်မှာနေရတယ် ။ရေလမ်းခရီးမှာ ကျောင်းသားတွေအသက်အန္တရာယ်ကြုံတာမျိုးတွေက သူတို့ ဘက်မှာ မထူးဆန်းတော့ဘူးဖြစ်နေပြီ ” လို့ ဦးမျိုးအောင်ကပြောပါတယ်။

တိုင်းအစိုးရအနေနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးနဲ့ ဆိုင်တယ်လို့ ယူဆပြီး ထားပေးဖို့ အစီအစဉ်မရှိဘူးဖြေသွားတယ်လို့ သူကဆက်ပြောပါတယ်။

”ကျွန်တော်က ပညာရေးအနေနဲ့ ဖြေစေချင်တာ။သူတို့က ကယ်ဆယ်ရေးနဲ့ ဆိုင်တယ်ဆိုပြီး အခုလို ဖြေသွားတယ်။ကျွန်တော်မေးတာတခြား ဖြေတာတခြားဖြစ်နေတာ”လို့ သူက ဆက်ပြောပါတယ်။

ဆက်စပ်မေးခွန်းအနေနဲ့  တကယ်လို့ တာကျိုးပေါက်သွားခဲ့ရင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ ဘယ်လိုစီမံမလဲလို့ မေးမြန်းခဲ့ပေမယ့် တိုင်းအစိုးရဘက်က မဖြေခဲ့ဘူးလို့ ဦးမျိုးအောင်ကဆိုပါတယ်။ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန ၀န်ကြီး ဦးမောင်မောင်လွင်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရခဲ့ပါဘူး။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*